၁၅၀၀အသဲ ချစ်သူ့လက်ထဲ
သူမ မရဲတရဲပေးခဲ့တုန်းက
ချစ်သူကြည်နူး
သူမ အရူးမူးဖြစ်ခဲ့ဖူးတယ်..
ချစ်သူရှေ့ထား
တီတီတာတာ စကားတွေပြောခဲ့တုန်းက
ချစ်သူအထွေး သူမခပ်ရေးရေးလေး နွေးခဲ့ဖူးတယ်..
ချစ်သူအကြည့်အောက်
သူမရောက်ခဲ့တုန်းက
နှလုံးသည်းအုံ ရင်ခုန်သံနှုန်း
တဂျုန်းဂျုန်းမြည်ခဲ့ဖူးတယ်..
ချစ်သူကိုတွဲ
ရွက်ကြွေပင်အောက် သူမလျှောက်ခဲ့တုန်းက
ချစ်သူအနမ်းခြွေ
သစ်ရွက်ကြွေတွေနဲ့ ပြိုင်ခဲ့ဖူးတယ်..
အမှတ်တရကျောက်တိုင်အောက်
နှစ်ယောက်အတူရောက်ခဲ့တုန်းက
ယှဉ်တွဲသစ္စာ မေတ္တာတံဆိပ်လည်း ခတ်နှိပ်ခဲ့ဖူးတယ်..
ချစ်သူရေ...
အမှတ်တရ ရက်လေးတွေအတွက်
အလွမ်းခက်ပွေ နွမ်းလျှက်နေလည်း
ဘဝအရေး ခနလေးဝေးမယ်...
ရှင်.. လွမ်းတတ်မယ်ဆိုရင်
ရွက်ကြွေအလွမ်း မျက်ရည်ခမ်းလည်း
သက်သေအနမ်းလေးနဲ့အတူ
ရွက်ကြွေတွေကိုကောက် ရှင့် နာမည်ကိုဖောက်ပြီး
ကျမထံ အရောက်ပို့ပေးလှည့်ပါ...။
15 comments:
နတ်သမီးလေးရဲ့ ကဗျာလေးက ရင်ထဲအထိရောက်သွားပါလားကွယ်။ (မွေးနေ့အတွက် အက်ဆေးရေးနေတယ် ခရီးမသွားခင်တင်ခဲ့မယ်နော်))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကဗျာလေးကောင်းတယ်အစ်မ
နောက်ဆုံးပိုဒ်လေး.ပိုကြိုက်တယ်း)
အလွမ်းနေ့ရက်တွေ
(ခပ်မြန်မြန်)အဆုံးသတ်နိုင်ပါစေရှင်
လေးစားလျှက်
မကြီးရေ..အက်ဆေးပဲဖြစ်ဖြစ်..ကဗျာပဲဖြစ်ဖြစ်ဘယ်ကို့ ပို့ ပေးရမလဲပြောအုံးနော်..မေးလိပ်စာပေးမလား..ဒါမှမဟုတ်သားတို့ ဆိုဒ်မှာပဲတင်လိုက်ရမလား..မမနတ်သမီးမွေးပီးးးးအဲ့မှားလို့ ..ေိေိ.. မမနတ်သမီးမွေးနေ့  ဆိုပီးတော့လေ...ဘီလိုလုပ်ရမလဲ...ပြောအုံး
အာလူး ဘူးသီး..အာလူဘူးသီး..ရထားဖြစ်လား..ရထားဖြစ်ရင်အကြောင်းပြန်နော်..ရက်နီးလာပီ.. ခင်မင်လေးစားလျှက်..မောင်(စွယ်စုံကျမ်း)
ဒီကဗျာလေးတော်တော်ကြိုက်တယ်။ တိုက်ဆိုင်လို့ကော ၊ အသံထွက်ပြီးဖတ်လို့ကော ကောင်းလို့...။း)
ဘာပဲဖြစ်ဖြစ်ကြိုက်တယ်လေ နောက်ဆုံးအပိုဒ်လေးပိုထိ
တယ်သိလားနတ်သမီးရေ
အဲဒီ သစ်ရွက်ကိုလဲ ကြိုက်တယ်
ချစ်ချစ်ခင်ခင် jasmine
ကဗျာလေးအရမ်းကောင်းတယ်
အားပေးလျက်
ရေးတတ်လှချည်လားအမရယ်..
ရင်ထဲကို တခါတည်းထိသွားတာဘဲ..
Happy birthday နော်အမ
ကြိုပြောသွားတာ
19ရက်နေ့ကျရင်တခေါက်လာပြောဦးမှာ
ဘယ်သူမှမပြောသေးခင်
ပစ်ပစ်အရင်ဆုံးဦးအောင်လာပြောတာ
အလွမ်းများ ငြိမ်းစေသတည်း....
နတ်သမီးရေ..နေကောင်းပါစ..ကဗျာလေးတွေအရမ်းကောင်းလွန်းလိုခံစားသွားပါတယ်...
မေတ္တာဖြင့်....
ရွှေဝန်းရတနာ..
အမတော်ရေ..မေးပို့ တာလည်း မှားကုန်ပီ..
အင်ဗိုက်ပြန်လုပ်ပေးနော်....အာလူး ဘူးသီး ရထားဖြစ်လားးးးပြန်တာနောက်ကျနေတယ်..လမ်းကြောင်း၇ှင်လားးးးးပြန်ရေးအုံး.....zwmnna@gmail.com
ကဗျာကောင်းတစ်ပုဒ်ဖတ်ရတဲ့အတွက် ကျေးဇူး....
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
မမနတ်သမီးရေ ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေရှင်။
ကဗျာ ရေးတတ်ဘူး နတ်နတ်ကယ်။ ခုတောင် ညစ်ညစ်နဲ့  လျောက်ရေးထားတာသာ ကြည့်တော့။ ဆုပဲတောင်းပေးလိုက်တော့မယ်။
ပျော်ရွင်ဖွယ် မွေးနေ့  ကလေး ဖြစ်ပါစေ။ ကျနော်တို့ ရဲ့ ဘလော့ဂါ အလှနတ်သမီးလေး ဓါတ်ပုံလေးတွေ ရိုက်ပြီး ပျော်ပျော်ရွင်ရွင် နဲ့  အလုပ်တွေ လုပ်ပြီး ဘ၀ ကို ဖြတ်သန်းနိုင်ပါစေ။ လူ့  လောက အကျိုးကို တစ်ဖက် တစ်လမ်းက သယ်ပိုးနိုင်တဲ့ နတ်သမီး တစ်ပါး ဖြစ်ပါစေလို့  ဆုတောင်းပေးလိုက်ရပါတယ် ခင်ဗျာ။
ခင်မင်တဲ့
ကြောင်ဖြူများရှင်/ ကိုကိုလတ် / ဒေဝေါ။
အရမ်းကောင်းတဲ့ကဗျာလေးပါပဲ...သိပ်ကောင်းတယ်....
အရမ်းကောင်းတဲ့ကဗျာလေးပါပဲ....
Post a Comment