“နမ်းရေ.. တို့တွေFoam Party သွားမလို့.. လိုက်ခဲ့ပါလားဟင်.. ပျော်စရာကြီး”
“ဟင်.. ဘာလဲဟင်.. Foam Party ဆိုတာ..”
“Foam Party ဆိုတာ ရေမြှုတ်တွေထဲမှာ“ က” ရတဲ့ပွဲကိုပြောတာ”
“Foam Party ဆိုတာကိုတော့ တခါမှ မရောက်ဖူးဘူး.. စိတ်ဝင်စားတယ်.. နမ်းအတွက်လည်း Post တခုရတာပေါ့.. လိုက်ခဲ့မယ်လေ”
အဲဒီလိုနဲ့ ကျမအပါအဝင် (၁၁)ယောက် အဖွဲ့သည် Kiss Club အမည်ရှိသော Foam Party ပွဲသို့ ရောက်ရှိခဲ့သည်။
ဆိုင်ဖွင့်ချိန်မှာ ည၂နာရီမှ မနက် ၆နာရီထိဖြစ်ပြီး ဝင်ကြေးမှာ အမျိုးသားများအတွက် တယောက်လျှင် 5EU နှုန်းဖြစ်ပြီး အမျိုးသမီးများအတွက် ဝင်ကြေးပေးစရာမလိုပေ။
ကျမတို့ (၁၁)ယောက်အဖွဲ့ဆိုင်တွင်းသို့ရောက်ချိန်တွင်စိတ်ကို မြူးကြွစေသော တီးလုံးများက ကြိုဆိုလျှက်ရှိပြီး ဆိုင်အနေအထားမှာ ပေ(၁၀၀)ပတ်လည်ခန့်ရှိသော ၂ထပ်အဆောက်အဦးဖြစ်သည်။အပေါ်ထပ်တွင် Club လာသူများ အနားယူရန် ဆိုဖာထိုင်ခုံများ၊ DJ ခန်း၊ အိမ်သာနှင့် Bar တခု ရှိသည်။
အောက်ဖက်တွင်တော့ ပုံတွင်မြင်တွေ့ရသည့်အတိုင်း Dancing Floor နှင့် ရေမြှုတ်များနှင့် မထိတွေ့ချင်သူများအတွက် ၄ပေအမြင့်ခန့်ရှိသော မှန်အကြည်များဖြင့် ခြားပေးထားပြီး အနည်းငယ်မြင့်သော သီးသန့်နေရာရှိသည်။
ညဥ့်နက်လာသည်နှင့်အမျှ အပေါ်ထပ်တွင် တပ်ဆင်ထားသော ရေပိုက်မှ ရေမြှုပ်များမှာ Dancing Floor တွင်းမှ လူများ၏ ခါးလယ်လောက်အထိ ရောက်ရှိလာသည်။
ကပွဲခန်းမထဲမှ လူငယ်များသည်လည်း ရေမြှုတ်များကြားတွင် စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင် ကခုန်လျှက်ရှိကြောင်းကို မှတ်တမ်းတင်ရင်း ကျမကတော့ ရေမြှုတ်များနှင့် လွတ်ကင်းရာ မှန်၏ တဖက်တချက်မှ သူငယ်ချင်းများ၏ လှုပ်ရှားပုံများကို မှတ်တမ်းတင်ရင်း သူတို့၏ ကင်မရာ၊ ဟမ်းဖုန်း၊ ပိုက်ဆံအိတ်များကို စောင့်ကြပ်သူအဖြစ် တာဝန်ယူခဲ့ပါကြောင်း...။
Club ကို လာကြတဲ့သူတွေကတော့ နိုင်ငံခြားသား(အင်္ဂလန်သား)တွေပါပဲ။မှတ်ချက်။ ။ က တာကိုနှစ်သက်ပေမယ့် အဲဒီလိုရေမြှုတ်ထဲမှာ က ရတာမျိုးတော့ ဘယ်လိုမှခံစားလို့ကိုမရတာ၊ ကျမက အလှပျက်မှာ ကြောက်တဲ့သူ၊ အဝတ်တွေ ရေစိုပြီး ဖရိုဖရဲဖြစ်မယ့် ကိစ္စကြီး...း( ။ ပြီးတော့ ဖိနပ်ကလည်း ချွတ်ရသေးတယ်..၊ ဆပ်ပြာမြှုပ်တွေနဲ့ဆိုတော့ ချောနေတာလေ။
သူငယ်ချင်းတွေကတော့ ပျော်နေကြတယ်..။ သူတို့ကိုကြည့်ပြီး ကျမလည်း ပျော်ပါတယ်။ အနည်းဆုံးတော့ Foam Party ဆိုတာ ဘာလဲ ဆိုတဲ့ Post တခု ရခဲ့တာ အမြတ်ပေါ့။ နောက်တခါ သွားဖို့ စိတ်ကူး လုံးဝမရှိပါကြောင်း။
Dear Angel.....(23)
18 hours ago
14 comments:
ပစ်ပစ်လည်းမကြိုက်ဘူး အမ
ရေမြှုပ်တွေပွစိစိ နဲ့လေ..
ပျော်စရာကြီးပဲ မနမ်း
ထူးထူးဆန်းဆန်း ကပွဲလေးအကြောင်း ဖတ်သွားတယ် နတ်သမီးလေးရေ။ ညဥ့်သန်းခေါင်မို့ထင်ပါရဲ့ ဗွီဒီယိုပါ ကြည့်လို့ရတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဗဟုသုတရသွားပြန်ပီ..သွာချင်စရာကြီးနော် ပျော်စရာလည်းကောင်းမယ့်ပုံပဲဗျို့ 
ကျွန်တော်ထင်တာတော့ သင်္ကြန်မရှိတဲ့သူတို့နိုင်ငံမှာ အဲဒီလိုပွဲတော်တွေနဲ့တမင်ငွေပေးပြီးပျော်ရတယ်ထင်တာပါပဲ။ ဘယ်နိုင်ငံမှာလဲမသိဘူး။ ခရမ်းချဉ်သီးပေါက်ပွဲတော်တို့ဘာတို့လည်းရှိတယ်နော်။ အဲဒီလိုမျိုးပဲ ထင်ပါရဲ့။ Club မှာလုပ်တာဆိုတော့ငွေရဖို့နည်းလမ်းတစ်ခုလို့ပဲထင်ပါတယ် ညီမငယ်။
ဒီလို ပွဲမျိုးလည်း ရှိသကိုး...
ဒါတော့ ဗဟုသုတပေါ့လေ
တစ်ခါမှတော့ မကြားဖူးတာ အမှန်ပါ။
လူတွေလည်း ရှာရှာပေါက်ပေါက် ထွင်တတ်တယ်နော်..
ပျော်တတ်သူအတွက်တော့ ပျော်စရာပေါ့လေ..
သူတို့ကြည့်ပြီးး ကိုယ်လည်း ပျော်ရသပေါ့လေ.
ဘာပဲဖြစ်ဖြစ်ထူးထူးဆန်းဆန်းနဲ့
ဗဟုသုတရခဲ့ပါတယ်
ခင်မင်တဲ့ jasmine မဂျက်
မှတ်ချက်ပေးထားတာလေး သဘောကျတယ်မမရေ...:):) ဗဟုသုတတွေအတွက် ကျေးဇူးပါမမ....
ဗဟုသုတရပါတယ်
ပို့စ်လေးအတွက် ကျေးဇူးပါ
သူကြီးမင်းဆို ချော်လဲ လောက်တယ်။း)
ထူးထူးဆန်းဆန်းကြီးတော့...
ချော်ကျိချော်ကျိ ဖြစ်နေမှာသေချာတယ်။
ထူးထူးဆန်းဆန်းကြီးတော့...
ချော်ကျိချော်ကျိ ဖြစ်နေမှာသေချာတယ်။
မဆိုးဘူး ဟ ဟိဟိ သွားကဦးမှပဲ သူလည်းမမြင်ရ ကိုယ်လည်းမမြင်ရ နဲ့ ပျော်စရာကြီးနေမှာပဲ ဒါပေမယ့် မိန်းကလေး ယောင်္ကျားလေးရောနေတော့ ရာဇ၀တ်မှုတွေကြောက်ရတယ် :P
မမြင်ဖူးသေးဘူး။ အခုမှကြားဖူးတယ်။ တစ်ချိန်လုံး ချော်လဲနေကြမယ်ထင်တယ်။ အဟီး
ခင်တဲ့
မေသိမ့်
Post a Comment