သူ.. သိပ်ချစ်တတ်တယ်
ခရမ်းရင့်ရောင်ချစ်ခြင်းနဲ့ ပန်းတပွင့်ကိုဖန်ဆင်း
သူမ “သက်ဆင်းဖို့” တဲ့
သူ့ကဗျာ ခပ်ချိုချို
သူမ“ထပ်မငိုဖို့” တဲ့
မာယာမပါတဲ့သူ့နှုတ်ဖျားက
အကြင်နာတွေပွားများ သူမကို “သနားလို့” တဲ့
သူ ကဗျာတွေရေး
သူမ “မဆွေးဖို့” တဲ့
တခါတလေ..
သစ်ရွက်ခြောက်ပုံပြင်တွေလည်း သူပြောတတ်ရဲ့
တခါတလေ..
သူမဆံနွယ်ကိုဖွ ခပ်သသလေး သူဆော့ကစားတတ်ရဲ့
တခါတလေ..
Tangoအနမ်း သူခပ်ကြမ်းကြမ်းလည်း လှမ်းတတ်သေးရဲ့
မျက်ဝန်းညိုညို သူ့အချစ်တို့ကွန်းခို
သူမရင်ကို ဖိုစေတယ်
သူ.. ဘယ်လိုလူလဲ
သူမရဲ့ နှလုံးသားကို စွဲကိုင်လှုပ်သွားတာ
သူ..ဘယ်လိုလူလဲ
သူမရဲ့အာရုံစိုက်မှုတွေကို သိမ်းပိုက်သွားတာ
သူ..ဘယ်လိုလူလဲသူမရဲ့အိပ်မက်တွေကို လွှမ်းမိုးသွားတာ
အဲဒီလို...လူ
သူမရင်ထဲက... “ခပ်မိုက်မိုက်နဲ့..လူ”

7 comments:
ဟုတ်ပ.. ဒီကောင်ဘယ်သူတုန်းဝေ့... :P :P
မိပြီဟေ့ အဲတာ ဘူးလေးလဲ
ပြောပြ
(စပ်စုစိန်)
ကဗျာလေးအရမ်းမိုက်တယ်
ချစ်ချစ်ခင်ခင် jasmine
ဘယ်သူများတုန်းအစ်မရ....? နေကောင်းကောင်းသွားပြီလား
ဝေလင်း
ဘယ်သူလဲဟင်
ဟ ဟ ကဗျာရေးသူတော်လို့ အားလုံးကသိချင်နေကြပီ...။ အိမ်သစ်လေးလုပ်ထားတာ လှတယ်...။ ခေါင်းစဉ်နဲ့လိုက်အောင် ကဗျာကလဲ ခပ်မိုက်မိုက်ပါပဲ...။
ခင်တဲ့
မိုးငွေ့
ဝုတ်တယ်ဝုတ်တယ် ၊ ဘူလဲ အစ်မ ရှင်းအောင်ပြောရှင်းအောင်ပြော :P
ဘယ်တူတုန်းဗျ..
Post a Comment