၈.၁၂.၂၀၁၁(ကြာသပတေး)နေ့ဖြစ်တဲ့ ယနေ့ဟာ
“အသဲမကွဲဖူးဘဲနဲ့တော့ နှလုံးသားက လက်တွေ့ကျတဲ့ နှလုံးသားဖြစ်မှာမဟုတ်”..
လို့ ကြွေးကြော်ထားတဲ့ အသဲကွဲ ကဗျာဆရာမအနှိုင်းမဲ့ရဲ့မွေးနေ့လေးဖြစ်ပါတယ်။
သူမရေးခဲ့တဲ့ ခံစားချက်ကဗျာတွေထဲက “မှော်ဝင်သံစဉ်”ကဗျာထဲက စာသားများကတော့ ..
ညတစ်ည...
ဂစ်တာတစ်လက်
ဇော်ဝင်းထွဋ် သီချင်းတစ်ပုဒ်
ကြိုးတွေပေါ်တို့ထိလိုက်တယ်...
သံစဉ်တွေက နှလုံးသားအက်ကြောင်းတစ်လျှောက်
စီးမျောသွားတယ်..
ခဏ...........
သံစဉ်တွေရပ်သွားတယ်....
နားထောင်ကြည့်ပါအုံး...
ချိုမြတဲ့သံစဉ်တွေ
ငြိမ်ငြိမ့်လေးနဲ့တိတ်တိတ်လေး
ဘယ်ကများပါလိမ့်...။
တွေ့ရှိသွားတယ်...
ရင်ခုန်သံစည်းချက်နောက်
ရပ်တန့်ထားတဲ့
အနုပညာသည်ရဲ့.....လက်တွေ..။လို့ဖွင့်ဆိုခဲ့တဲ့အနှိုင်းမဲ့ဟာ ယ္ခုအချိန်မှာ အနုပညာလောကထဲကို တိုးဝင်စ အဆိုတော်တယောက်ဖြစ်လို့နေပါပြီ။

ခုတလော အလုပ်တွေရှုပ်နေတဲ့သူမနဲ့ ကျမဟာ မတွေ့ဖြစ်ကြပေမဲ့ သူမရဲ့မွေးနေ့ကို သတိတရ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်...

HAPPY BIRTHDAY... အနှိုင်းမဲ့
7 comments:
နာ့အမကြီး မွေးနေ့တုန်းက ဘာလက်ဆောင်မှ မပေးနိုင်တာကိုစိတ်မကောင်းဖြစ်မိပါတယ်..
အခုနှိုင်းရဲ့မွေးနေ့မှ သတိတရ အမှတ်တရအနေနဲ့ ပို့စ်လေးတင်ပေးတာ တွေ့တော့ အရမ်းဝမ်းသာပီတိဖြစ်ရတယ်...
ကျေးဇူးလဲအများကြီးတင်သလို
ပိုပြီးတော့ချစ်သွားရဒယ်...
အာဘွားးးးးးးး))))))
ပြန်လာမှ အ၀တွေ့ကြမယ်..း)
happy birthday ပါရှင်
ပျော်ရွှင်ဖွယ်.မွေးနေ့လေးဖြစ်ပါစေ။
နတ်သမီးရေ.ကျန်းမာပါစ..အသဲကွဲကဗျာဆရာမ(သို့)အနှုင်းမဲ့..အရင်ဆုံးလာရောက်ခံစားသွားပါတယ်...
မေတ္တာဖြင့်..
ရွှေဝန်းရတနာ...
HAPPY BIRTHDAY... ပါရှင်
happy birthday ပါရှင်
ထာဝရပျော်ရွှင်မှုတွေရပါစေလို့
ံHappy Birthday ..ပျော်ရွှင်စရာ မွေးနေ့ မင်္ဂလာ ဖြစ်ပါစေ...
ပျော်ရွင်ဖွယ်မွေးနေ့ မင်္ဂလာ ရက်မြတ်လေး ဖြစ်ပါစေရှင်...နောက်ကျသွားတဲ့ အတွက် စောရီးပါလို့..
Post a Comment