ထုံးစံအတိုင်းပေါ့.. မွေးနေ့ပွဲလေးတစ်ခု လုပ်ဖြစ်ခဲ့ပြန်ပါပြီ..
ဒီနေ့အလှည့်ကျတဲ့မွေးနေ့ရှင်ကတော့ ဂဏန်းဟင်းလျှာများကို ကြိုက်နှစ်သက်တဲ့“ကိုလင်းဦး”(စိတ်ပညာ)ပဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့(၃)နှစ်လောက်ကတည်းက တစ်ယောက်နဲ့တစ်ယောက် Mailအက်ထားကြပေမယ့် ၁လနေလို့တောင် စကားတစ်ခွန်းမပြောဖြစ်ခဲ့ကြပါဘူး။
သူနဲ့ကျမ (၁)နှစ်အတွင်းမှာ သိပ်ပြီးရင်းနှီးခဲ့ကြတယ်။ ကျမရဲ့အခက်အခဲမှန်သမျှကို သူက ဒိုင်ခံကူညီပေးခဲ့တယ်။
ပြောရမယ်ဆိုရင် ဘလော့ဂ်ကာတွေထဲမှာ ကိုလင်းဦးနဲ့သက်တန့်ချိုတို့က ကျမရဲ့အခင်ဆုံး အရင်းနှီးဆုံးစာရင်းဝင်တွေလို့ပြောလို့ရပါတယ်။
ကျမဒုက္ခရောက်တဲ့အချိန်ဆိုရင် သူတို့က ကျမရှေ့မှာရပ်ပေးနေကျ။ မိတ်ဆွေစစ်ဆိုတာ “သာ”နေတဲ့အချိန်မှာ မတွေ့နိုင်ပါဘူး၊ ကိုယ်ဒုက္ခရောက်နေတဲ့အချိန်၊ အခက်အခဲတွေနဲ့ကြုံတွေ့နေတဲ့အချိန်မှာ ကိုယ့်အနားမှာ ဆိုးတူ ကောင်းဖက် ၊ အားပေးဖော် အားပေးဖက်အဖြစ် အတူရှိနေတဲ့သူကိုခေါ်တာပါ။
အဲဒီလိုနဲ့ပဲ ကိုလင်းဦးနဲ့ကျမ အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်လာခဲ့ကြတယ်။
သူနဲ့စကားတွေပြောဖြစ်ရင်း သူနဲ့ကျမ အကြိုက်တူတာကတော့ “ပုဇွန်”နဲ့ “ ဂဏန်းဟင်း”ပါပဲ။
အမှတ်တမဲ့မှ အမှတ်တရအဖြစ် သူကြိုက်တတ်တာလေးကို မှတ်ထားရင်း ဒီနေ့မှာကျရောက်တဲ့ သူ့ရဲ့မွေးနေ့ပွဲလေးမှာ ဂဏန်းဟင်းနဲ့ဧည့်ခံဖို့ ကျမ စီစဉ်ခဲ့ပါတယ်။
ကဲ..
ကိုလင်းဦးရဲ့မွေးနေ့ပွဲလေးကို ရောက်ရှိလာကြတဲ့သူငယ်ချင်းများအားလုံး ကိုလင်းဦးနဲ့အတူ “ဂဏန်းမွေးနေ့ပွဲ”လေးကို ပျော်ရွှင်စွာ ဆင်နွှဲလိုက်ကြရအောင်လားရှင်...




















စကားပြောရင်“ဟုတ်ကဲ့”လို့ပြောလေ့ရှိတဲ့ ကိုလင်းဦး ၊ ကျမ ဘာပြောပြော စကားအဆုံးရောက်တိုင်း “ဟုတ်ကဲ့”လို့ပြန်ဖြေလေ့ရှိတဲ့ ကိုလင်းဦးအတွက်
ယနေ့ ဇန်နဝါရီ ၂၅ ရက်မှာ ကျရောက်တဲ့ သူ့ရဲ့မွေးနေ့မှအစပြု၍
“ကိုလင်းဦး(စိတ်ပညာ)”မှ “ကိုလင်းဦး(ဟုတ်ကဲ့)”
ဟူ၍ ပြောင်းလဲကင်ပွန်းတပ်လိုက်ပါကြောင်း....း)
ပျော်ရွှင်သောမွေးနေ့လေးမှ နောင်နှစ်ပေါင်းများစွာတိုင် ရည်မှန်းချက်ပန်းတိုင်ကို အခက်အခဲမဲ့စွာ အမြန်ဆုံးရောက်ရှိပါစေ...။
မိသားစုအပေါ်မှာတာဝန်ကျေသော သားကြီးတစ်ယောက်အဖြစ်သော်လည်းကောင်း..
အကိုကြီးတစ်ယောက်အဖြစ်သော်လည်းကောင်း..ထာဝရရပ်တည်သွားနိုင်ပါစေ...။
အမျိုးဘာသာ သာသနာကို ထိမ်းသိမ်းနိုင်သည့် မြင့်မြတ်သောသူတစ်ယောက်ဖြစ်ပါစေ...။
စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများအားလုံး အမြန်ဆုံးပြည့်ဝပါစေလို့ ဆုတောင်းပေးရင်း..
HAPPY BIRTHDAY... KO LIN OO
12:20 AM
လင်းထက်

Posted in: 

Nicosia Time
10 comments:
ဟက်ပီးဘက်ဒေးပါ ကိုလင်းဦးရေ . . မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ကိုလင်းဦး ချစ်ခင်သော မိသားစု ညီအကို မောင်နှမ သူငယ်ချင်းများနဲ့ အတူပျော်ရွင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် အကို . .
ခင်မင်စွာဖြင့်
ဗညားရှိန်
မွေးနေ့ နှင့် ကင်ပွန်းတပ်မင်္ဂလာမှာ အကြိုက်ဆုံးဟင်းတွေတွေ့လို့ တ၀ကြီးစားသောက်သွားပါတယ်
မွေးနေ့ရှင်ကိုလင်းဦး (ဟုတ်ကဲ့ )ရော မွေးနေ့ကျင်းပပေးတဲ့ မမကလိုရီရော ပျော်ရွှင်မှု့နှင်ဆန္ဒတို့စိတ်နဲ့တစ်ထပ်တည်း ကျရောက်ပြီးလိုရာဆန္ဒပြည့်ဝကြပါစေ
Happy Birthday ပါ ကိုလင်းဦး ရေ ဂဏန်း ကို ရွှေစင်ဦး လည်း အရမ်းကြိုက်ပါတယ် နတ်သမီး ရေ ကျေးဇူး
ခင်မင်တဲ့
ရွှေစင်ဦး
ဟေ... ကိုလင်းဦး (ဟုတ်ကဲ့)တဲ့... လုပ်ပြီ...
ဘာပဲပြောပြော ကလိုရီခေါ် နမ်းမ၀ခေါ် နတ်သီး ရဲ့ မွေးနေ့ကျင်းပမှုအတွက် ပျော်ရွှင်ကြည်နူးရပါတယ်...။
ဟုတ်ကဲ့ပါ မနမ်းမဝ
မွေးနေ့မှာ ပျော်ရွှင်ပါစေ ကိုလင်းဦး
ကိုလင်းဦးအတွက် ၀မ်းမြောက်စွာဖြင့် ဂုဏ်ယူသွားပါတယ်။ အာဆင်နယ်ကို ဆက်လက်အားပေးနိုင်ပါစေ။
ဟက်ပီးဘက်ဒေး ကိုလင်းဦးရေ
ဂဏန်းလေးတွေက စားချင်စရာတွေကြီးပဲ
Happy Birthday ပါအကိုလင်းဦးရေ
ပျော်စရာ မွေးနေ့လေး ဖြစ်ပါစေ ကိုလင်းဦး(ဟုတ်ကဲ့) ခင်ဗျာ။။
အကို(လင်းဦး)က အာစင်နယ် ပရိသတ်ကိုး... ပျော်ရွင်ဖွယ် မွေးနေ့မင်္ဂလာ ရက်မြတ်လေး ဖြစ်ပါစေ အကို../အာစင်နယ် အတူတူ အားပေးကြမယ် ..:):)
Post a Comment