Breaking Virus Alert !!
ဂျီတော့မှာ ဗိုင်းရပ်တစ်မျိုး ယခု ရက်ပိုင်း ကြောက်မက်ဖွယ်ပျံ့နှံ့လို့နေပါ တယ် ။
ဗိုင်းရပ်ရဲ့စာသားကတော့ OMG is this your picture? http://j.mp/x69ySs?d=a9a3a3 ဆိုပြီးဖြစ်ပါတယ် ။ သတိလက် လွတ် နှိပ်လိုက် ရင်တော့ ကိုယ့် စက်ထဲကို ဖိုင်တစ်ခု install လုပ်ဖို့ပြောပါတယ် ။
ကိုယ်က yes ကိုနှိပ်မိရင်တော့ အဲဒီစက်ကို လည်းကူးစက်သွားပြီး အဲဒီအကောင့်ကိုပါ ဗိုင်းရပ်ကူးသွားပါပြီ ။
ဗိုင်းရပ်က ဘာတွေလုပ်သလဲ ?
ဘာတွေလုပ်သလဲဆိုတော့ ကိုယ်မပြောပဲနဲ့ ကိုယ့် Contact ထဲက သူငယ်ချင်းတွေဆီကို
အထက်ပါ OMG is this your picture? http://j.mp/x69ySs?d=a9a3a3 ဆိုတဲ့လင့်ကို ဆက်လက်ဖြန့်ပါတယ် ။ ပိုဆိုးတာက အရင်ဗိုင်းရပ်တွေနဲ့မတူတဲ့အချက်ကတော့ ဒီဗိုင်းရပ်က အဲဒီအကောင့်နဲ့လုပ်ထားတဲ့ အဲဒီအချိန်ဖေ့စ်ဘုတ်ဖွင့်ထားတဲ့ လူတွေသူငယ်ချင်းတွေဆီပါ
အကုန်လုံး Chat message သို့မဟုတ် Message အဖြစ်လိုက်ပို့တာပါပဲ ။ သူငယ်ချင်းတို့ဆီ ရောက်လာခဲ့ရင်လည်း မဖွင့်ကြည့်ကြပါနဲ့ ။ မနှိပ်ကြပါနဲ့ ။
အခြားသူတွေကိုလည်း ဆက်လက်ဖြန့်ဝေပေးကြပါ ။ အကယ်၍ နှိပ်မိတယ်ဆိုရင်တော့စက်ကို restart အမြန်ချပြီး Activated Antivirus တစ်ခုခုနဲ့ အစအဆုံး Full scan ပြန်ဆွဲပေးဖို့လိုပါလိမ့်မယ် ။
မှတ်ထားရမှာက သူငယ်ချင်းက ကိုယ့်ကို မက်ဆေ့ပို့တာမဟုတ်ပါဘူး ဗိုင်းရပ်သာဖြစ်ပါတယ် ။
မနှိပ်မိ ဖို့ နှိပ်မိခဲ့ရင်လည်း ဗိုင်းရပ်ကို အမြန်စစ်ပြီး သတ်ဖို့လိုပါတယ် ။
ကျနော့်ဆီလည်း အစ်မ နတ်သမီးဆီက အဲဒီမက်ဆေ့ဝင်လာလို့ မေးကြည့်တော့ သူပို့တာမဟုတ် မှန်းသိရပါတယ် ဗိုင်းရပ်က အလိုအလျောက်ပို့နေခြင်းဖြစ်ပါတယ် ။ ဒါကြောင့် အစ်မ နတ်သမီး (white angel ) အကောင့်မှာရှိသမျှလူတွေကို ဒီလင့်လေး တွေပေးပါလိမ့်မယ်ဖေ့ဘုတ်မှာရော မနှိပ်ကြပါနဲ့ ဗိုင်းရပ်ဖြစ်ပါတယ် သူ့စက်ထဲ ဗိုင်းရပ်ဝင်သွားလို့ဖြစ်ပါတယ် တခြားသူတွေ မကူးကြစေဖို့ မျှဝေပေးကြပါခင်ဗျာ ။
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
သက်တန့်ချိုရေးပြီးသားကိုပဲ ပြန်ပြီးတင်ပေးလိုက်ပါတယ်။
မနေ့က G Talk မှာ ကျမနဲ့ ကျမရဲ့သူငယ်ချင်းတစ်ယောက် Chat Box မှာ စာရေးစကားပြောနေရင်း အထက်ပါလင့်ကလေး တက်လာပါတယ်။ ကျမကလည်း သူငယ်ချင်းနဲ့စကားပြောနေတဲ့အချိန်ဆိုတော့ သူပို့တယ်ထင်ပြီး ဖွင့်လိုက်မိပါတယ်။ အဲဒီအချိန်မှာ တဖက်က သူငယ်ချင်းဆီမှာလဲ အဲဒီဗိုင်းရပ်စ်က ဝင်နေပါပြီ။ ကျမကို လှမ်းအကြောင်းကြားဖို့မပြောနဲ့ ၅စက္ကန့်လောက်အတွင်းမှာ ဗိုင်းရပ်စ်ဖြန့်ဝေမှုဟာမြန်ဆန်လွန်းတာကြောင့် ကျမအပါအဝင် သူငယ်ချင်းတချို့ အငိုက်မိသွားခဲ့ပါတယ်။
ပိုဆိုးတာက အဲဒီအချိန်မှာ FACEBOOK ACCOUNT ကိုဖွင့်ထားတဲ့အတွက် အဲဒီဗိုင်းရပ်စ်ဟာ FACEBOOK မှာရှိတဲ့ FRIEND LIST ထဲက သူငယ်ချင်းတွေဆီကိုပါ MESSAGE အနေနဲ့ ဆက်ဖြန့်ပါတယ်။
လက်လှမ်းမှီသလောက် ကျမ ဖက်က လိုက်လံပိတ်ဆို့ပေမယ့်လဲ မမှီမှာစိုးတာကြောင့် သက်တန့်ချိုကို ပို့စ်အနေနဲ့တင်ခိုင်းလိုက်ရပါတယ်။
ဒီအဖြစ်အပျက်ဟာ မနေ့က ဖြစ်တာပါ။ ဒီနေ့မှာလည်း (ဗိုင်းရပ်စ်ဝင်ခဲ့တဲ့ မနေ့က အချိန်မှာ ) အဲဒီဗိုင်းရပ်စ်လင့်ဟာ သူငယ်ချင်းတွေဆီကို ဆက်လက်ဖြန်နေတာတွေ့ရတဲ့အတွက် အရေးပေါ်ပို့စ်အဖြစ် ဖြန့်ဝေလိုက်ရပါတယ်။
ကျမရဲ့ကွန်ပျူတာထဲက ဗိုင်းရပ်စ်ကိုတော့ ကိုလင်းဦး(စိတ်ပညာ)က ရှင်းလင်းပြီးဖြစ်ပါတယ်။ ကိုလင်းဦးကိုအထူးကျေးဇူးတင်ပါတယ်။
Bagan Old City.....သို့အလည်တစ်ခေါက်
13 hours ago
11 comments:
အစ်မရေ အဲ.ဗိုင်းရပ်စ်မျိုး နောက်တစ်ခါဖြစ်ရင်ကာကွယ် နိုင်တဲ.နည်းလမ်းလေးကတော. avast antivirus ကိုရမ်းထားမယ်ဆိုရင် အဲ.လင်.ကို မိမိနှိပ်လို.တောင်ရမှာမဟုတ်ပါဘူး။ အော်တိုသတ်ပေးသွားပါလိမ်.မယ်။ အဆင်ပြေပါစေ
ခင်ခင်မင်မင် မောင်မောင်(မြစ်ဆုံ)
ဘာမှမပြောချင်တော့ပါဘူး
{မ} လို့တော့ ခေါ်မယ်နော်။
အဟမ်။
း( တော်သေးတာပေါ့ မမရယ်
ခုလိုကြိုသိရတော့
ကျေးဇူးနော် အလှဘုရင်မလေးရေ ..
ချစ်တဲ့
မဒိုးကန်
အိမ်း မှတ်သားသွားပါတယ် မမကြီး
ဟိုက် ကြောက်စရာ တိန်
သတိထားမှ
မှတ်သားစရာတွေ နောက်တစ်ကြိမ်ထပ်ဖတ်သွားတယ်။
ကွန်မရှိမဖြစ်တဲ့သူတွေအတွက်
တန်ဘိုးကြီးတဲ့ ပို့စ်လေးတစ်ခုပါ။
ဆက်ပြီးဖြန့်ဝေပေးလိုက်ပါ့မယ် ကျေးဇူးပါနတ်သမီးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကျနော့်ဆီတော့ အဲဒီဗိုင်းရပ်စ် ၀င်မလာဘူး နတ်သမီးရေ။
ညီမလေးရေ
ဖြစ်ရလေခြင်းဟယ်
ဘာပြောရမှန်းကိုမသိတော့ါဘူး
ချစ်တဲ့ အမဂျက်
နတ်နတ်က ဗိုင်းရပ်စ်တွေနဲ့  သိပ် အကျိုးပေးတာပဲ။ အန်တီဗိုင်းရပ်စ် ကုမ္ပဏီ ဖွင့် မြန်မာပြည်ပြန်ရင်။ ဒါဆို ကွက်တိပဲ။ :P
ညီမရေ...
တစ်နေ့က ဖေ့စ်ဘုတ်က ညီမတစ်ယောက်ဆီက မေးလ်ဝင်တယ်။ သူနဲ့အဆက်အသွယ်ာမရှိဘူး။ လင့်ခ်ပဲပေးထားတယ်။ စိတ်ထင်လို့ ဘာလင့်ခ်လည်းလို့ မေးပို့မေးတော့မှ Virus မှန်းသိတယ်။ တော်သေးတယ် မဖွင့်မိလိုက်လို့..။ ညီမကြုံတဲ့ Virus မျိုးပဲ ဖြစ်မယ်ထင်တယ်။ အခုလိုရေးလိုက်တော့ မသိသေးသူတွေ သိသွားတာပေါ့။ ကျေးဇူး...။
ကျေးဇူးတင်ပါတယ်ညီမငယ်။ အစ်ကိုတော့ ကံကောင်းသွားပါတယ်။ သတင်းပေးတာကျေးဇူးပါ။
Post a Comment