အစ်မရေ..... စောတော့စောသေးပေမယ့် ၁၉ ရက်နေ့ကျွန်တော်က စက်ပစ်ကွင်းရောက်နေမှာဆိုတော့ ခုကတည်းကပဲ ကြိုပို့ထားလိုက်တယ်။ အဆင်ပြေရင်တော့ အစ်မမွေးနေ့အမီလာခဲ့ပါ့မယ်။ အခုပို့လိုက်တဲ့ ကဗျာလေးကို အစ်မသဘောကျမယ်လို့ မျှော်လင့်ပါတယ်။ မွေးနေ့မှာပျော်ရွှင်ပါစေ.......
အိပ်ရာဝင်ပုံပြင်တွေနဲ့မရင်းနီး
ပုံပြင်ထဲက နတ်သမီးနဲ့တော့ ရင်းနီးခွင့်ရခဲ့တယ်
နီးခြင်းဝေခြင်းကြား
မေတ္တာမှာ အလျားအနံလည်းရှိခဲ့တယ်။
သူ့ပုံပြင်ထဲမှာ ရွှေမင်းသားပါသလို၊ လူရမ်းကားလည်းပါတယ်
လေပြေညှင်းသလို၊ မုန်တိုင်းနံ့လည်းသင်းတယ်
နတ်သမီးပုံပြင်မဆုံးခင်အိပ်ပျော
ဘယ်တော့မှမစိုးရိမ်ခဲ့ဘူး
(ယုံကြည်တယ်)
ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့
နောက်ဆုံးမှာတော့ နတ်သမီးပုံပြင်ဟာ
`ပျော်ရွှင်စွာ နေထိုင်သွားကြလေသတည်း´ နဲ့ဆုံးတယ်။
............................
သူ မအားပေမယ့်လည်း ကျမရဲ့မွေးနေ့ရောက်တိုင်း ကျမဆီကို ကဗျာတစ်ပုဒ်အမြဲပို့ပေးတတ်တဲ့ ကျမရဲ့မောင်လေး“ဝေလင်း”..
“ဒီကောင် ပျောက်ပျောက်နေတယ်”ဆိုတဲ့ Status လေးတစ်ခုကိုလက်ကိုင်ထားပြီး တချက် တချက်မှ ပေါ်ပေါ်လာတတ်တဲ့ မောင်လေး“ဝေလင်း”..ရဲ့ယနေ့မှာကျရောက်တဲ့ မွေးနေ့လေးမှာ လူမျိုး၊ဘာသာ၊သာသနာနှင့် တိုင်းပြည်အတွက် အားထားရသော အမျိုးသားကောင်းတစ်ယောက်အဖြစ် နိုင်ငံအကျိုးပြုလုပ်ငန်းများကို ဆထက်ထမ်းပိုး ထမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း.. မောင်လေးရေးခဲ့တဲ့ ပုံပြင်ထဲက နတ်သမီးက ကျင်းပပေးလိုက်တဲ့ မွေးနေ့ပွဲလေးနဲ့အတူ...
HAPPY BIRTHDAY..ပါ..မောင်လေး ဝေလင်းရေ...


















Wish you many more Happy returns of the Day..
Happy Birthday....
17 comments:
မွေးနေ့ရှင်ပျော်ရွှင်မှာအသေအချာပါပဲ
အရင်ဆုံးစားခဲ့ပါတယ်ဗျာ
မွေးနေ့ရှင်လဲပျော်ရွှင်ချမ်းမြေ့တဲ့ မွေးနေ့လေးဖြစ်ပါစေလို့
♪နတ်သမီးလေးထွက်ပြေးသွား
အချစ်စိတ်ဟာ တကယ်မွန်းကျပ်နေ
နီးခွင့်ရဖို့အတွက် ငါ့ကြည်စင်ရယ်
လမ်းညွှန်လှည့်ပါကွာ♪
Happy Birthday {မမ}
Happy Birthday ပါ ကိုဝေလင်း...
ကဲ ဘယ်သူ့မွေးနေ့ပဲဖြစ်ဖြစ်ပါ
မဖိတ်လဲကြွ
ဖိတ်လဲကြွတဲ့ jasmine မမပါနော်
မွေးနေ့ရှင်ရေ (ကိုဝေလင်းတဲ့)
မွေးနေ့မှနောင်နှစ်ပေါင်းများစွာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
လိုအင်အားလုံးပြည့်ဝပါစေလို့
မုန့်တွေလဲစားခဲ့ပြီနော်
Happy Birthday ပါခင်ဗျာ။ နတ်နတ်ကတော့ ပိုက်ပိုက် မကုန်တိုင်း မွေးနေ့ တွေ သိပ်လုပ်ပေးတာပဲ။ ဟွန်း
http://www.ehlar.com/2012/01/blog-post_09.html
မအဖြူရောင်နတ်သမီး ပုံယူထားတယ်။
ခွင့်ပြုပါခင်ဗျား။
မွေးနေ့ရှင် ပျော်ရွှင်ပါစေဗျာ။။။။
မွေးနေ့ရှင် ကိုဝေလင်း
မွေးနေ့မှသည်..
စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်း
နှစ်ဖြာသုခနဲ့ပြည့်စုံပါစေလို့
ဆုတောင်းပါတယ်ရှင်..
အမနတ်သမီးပြင်ဆင်ပေးထားတဲ့
မုန့်တွေစားစရာတွေကိုသာ
တကယ်စားလိုက်ရရင်တော့လေ
ရှလွတ်
မွေးနေ့ ရှင် ကိုဝေလင်း ကျန်းမာပျော်ရွှင်ပါစေ
မဖိတ်ပေမဲ့ ရောက်လာပြီး စားသောက် သွားပါတယ်
မွေးနေ့ရှင် ပျော်ရွှင်ပါစေနော်
facebook ကမွေးနေ့လေးအတွက်ရော၊ ဒီက မွေးနေ့ပွဲလေးအတွက်ပါ သိပ်ကျေးဇူးတင်တာပဲ အစ်မကို။ ကိုယ့်ဟာကိုယ်တောင် ဘုမသိဘမသိနဲ့ အမြဲ ဖြတ်ကျော်မိနေတာ မွေးနေ့တိုင်းကို။ အစ်မက အခုလို တမှတ်တရ လုပ်ပေးတော့ တကယ်ဝမ်းသာမိတယ်။ ၀မ်းသာလွန်းလို့ ဘာပြောရမှန်းတောင်မသိဘူး။ နောက်နှစ်ကျလို့ လုပ်ပေးဦးမယ်ဆို အပြင်မှာ တကယ်ဝယ်ပြီး ဓါတ်ပုံရိုက်တင်ပါလား)))) (အဟီး စူရှီ ဖိုးနဲ့တောင်နည်းဘူး) ဆုတောင်းစကားပြောသွားကြတဲ့ တခြား အစ်ကိုအစ်မတွေကိုလည်း ကျေးဇူးပါပဲခင်ဗျာ...
ကဲဘယ်သူ့မွေးနေ့ဖြစ်ဖြစ် ၀င်ကစ်သွားပါတယ်
မွေးနေ့ရှင်ကိုဝေလင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာ ဖြင့်အသက်ရာကျော်နေရပါစေကြောင်း
မမရေ အကျီ အကျီး)
Happy Belated Birthday ပါ မောင်ဝေလင်းရေ။
မွေးနေ့ရှင်ရော မွေးနေ့လေးကို စေတနာအပြည့်အဝနဲ့
ကျင်းပပေးတဲ့ နတ်သမီးလေးပါ
ကိုယ်စိတ်နှစ်ပါး အေးချမ်းပြီး ကောင်းကျိုး
လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
မွေးနေ့ရှင်ကို မသိပေမယ့်
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ဖို့ ဆုတောင်းခဲ့ပါတယ်။
စားစရာတွေကလဲ သွားရည်ယိုစရာကြီး...။
မွေးနေ့ရှင် ကိုဝေလင်းရော ကျင်းပပေးတဲ့ နတ်သမီးပါ လိုအင်တွေ တစ်လုံးတစ်ဝတည်းပြည့်စုံပြီး ပျော်ရွှင်ကျန်းမာကြပါစေ...
ထုံးစံအတိုင်းမွေးနေ့ပွဲဆို ပွဲပြီးမီးသေမှလာဖြစ်တယ် အားလည်းနာတယ်း)
မွေးနေ့ရှင်တော့မသိဘူး။ ပုံတွေကြည့်ရတာနဲ့တင် တော်တော်ကျေနပ်စရာ။ ကောင်းလိုက်တာ။
Post a Comment