
စဉ်းစားကြည့်ကြစမ်းပါ
“ခေတ်ရှေ့ပြေး”တဲ့
“ခေတ်”ဆိုတဲ့အရာကြီးက ရှေ့ကပြေးလို့
လူတွေက ဝရုန်းသုံးပါးနဲ့နောက်ကလိုက်လို့
လဲတဲ့သူတွေလဲ ကွဲတဲ့သူတွေကွဲ
စဉ်းစားကြည့်ကြစမ်းပါ
“ခေတ်”ပြေးတိုင်း ကျမတို့လိုက်ပြေးသင့်သလား?
ဦးတည်ချက်တစ်ခုတော့ရှိဖို့လိုတယ်
စီးပွားရေး၊ကျန်းမာရေး၊ပညာရေး..
ဘာအရေး.. ညာအရေး..
ဒီကြားထဲ ဖက်ရှင်ရေးကလည်းတမှောက်..း(
“ခေတ်”နဲ့အညီ ခေတ်မှီဖို့အတွက်
ခေတ်နောက်ကိုအပြေးလိုက်
အကျော်အမော်တို့ အဖော်အချွတ်ပြိုင်
ခေတ်လူငယ်တို့ အတုယူမမှားကြဖို့
အနုပညာသမားများ..
ရှင်တို့... ရပ်တန်းက“ရပ်”ကြ
စဉ်းစားကြည့်ကြစမ်းပါ
“ခေတ်”မှီဖို့အတွက် မိန်းမတို့အရက်သောက်
ယောက်ျားတို့နဲ့ပြိုင် မနိုင်ဝန်ကိုထမ်း
ရာဇဝင်ရိုင်းထဲက မိန်းမရိုင်းတွေကြား
ဒီ တစ်လှေလုံးတော့ မပုတ်ပါရစေနဲ့
စဉ်းစားကြည့်ကြစမ်းပါ
နိုင်ငံရေး၊ ဘာသာရေး၊လူမှုရေး
သတင်းတွေ..အတင်းတွေ..
တဖြည်းဖြည်းနဲ့ ဖျင်းသထက်ဖျင်း
မစဉ်းစားပဲ ငြင်းခုန်နေလိုက်ကြတာများ
နားကြားပျင်းတောင်ကပ်ရဲ့..း(
ကိုယ့်ပါးစပ်နဲ့ကိုယ်ပြောတယ်ဆိုပေမယ့်
အမှားအမှန်ကိုခွဲခြား
ကွဲပြားဖို့တော့လိုပါတယ်..
စဉ်းစားကြည့်ကြစမ်းပါ
ဧရာဝတီကိစ္စ
မြန်မာပိုင် တရုတ်ပိုင် ဘယ်သူပိုင်သလဲ?
မေးတဲ့သူကမေး တွေးတဲ့သူကတွေး
ဒါ့ထက်အရေးကြီးတာက
မြန်မာပြည်ကို ဘယ်သူပိုင်သလဲ၊၊၊
စဉ်းစားကြည့်ကြစမ်းပါ
“ဒီမယ် သူငယ်ချင်း
ငါက ကြယ်မှုန်ကလေးပေမယ့်
ကိုယ့်နိုင်ငံအတွက် မှုန်ပြပြလေးအဖြစ် လင်းချင်သေးတယ်
ဘယ်သူတွေ ဘာပဲပြောပြောပေါ့
အဝေးရောက်သူများအဖို့
ခံစားချက်အချို့ဟာ
မှေးမှိန်ခြောက်သွေ့နေခဲ့ရ”..ဆိုတဲ့
သက်တန့်ချိုရေးတဲ့ ကဗျာလေးတစ်ပုဒ်
ကျမရဲ့ရင်ထဲကစကား
တစ်ခုခုတော့ပြောပါရစေ...
ပျော်ရာမှာမနေရ
တော်ရာမှာနေရသူမို့
ပျော်နေတယ်လို့တော့မထင်လိုက်ပါနဲ့
အဝေးရောက်နေသူရဲ့ရင်မှာ
ခပ်အအစကားတွေသာ ဆို့နစ်နခဲ့ရ
အခြေအနေပေးရင်ဖြင့်
တစ်ချိန်ချိန်တော့ အရောက်ပြန်လာခဲ့မယ်
ကိုယ့်ပြည်အတွက်
လူဖြစ်ရကျိုး နပ်ချင်သေးတယ်...။
9 comments:
နိုင်ငံရေး၊ ဘာသာရေး၊လူမှုရေး
သတင်းတွေ..အတင်းတွေ..
တဖြည်းဖြည်းနဲ့ ဖျင်းသထက်ဖျင်း
မစဉ်းစားပဲ ငြင်းခုန်နေလိုက်ကြတာများ
း))))
ကောင်းလိုက်တဲ့ကဗျာ
အစ်မရေ
ကျွန်တော်စိတ်ကူးတခုရှိတယ်သိလား ခေတ်လွန်ပြီး မြန်မာ့ယဉ်ကျေးမှုထုထည်ကို ပါးသထက်ပါးအောင် ပြုမှုနေကြတဲ့ ပရိတ်သတ်ကိုချစ်ပါတယ် ချစ်ပါတယ်ဆိုပြီး အပြောနဲ့အလုပ်လွဲနေတဲ့ အနုပညာရှင်ဆိုသူတချို့ကို တညီတညွတ်ကန့်ကွက်ချင်တယ် ယုတ်စွအဆုံးကျွန်တော်တွေးတာက စိတ်တူသူတချို့စုစည်းပြီး ဆန္ဒထုတ်ဖော်ပွဲလုပ်ချင်တယ် ပိုစတာတွေနဲ့
ဟာသတွေ ဇတ်တွေမှာလည်း အောက်ပိုင်းပျက်လုံးတွေမပျက်ဖို့ ကန့်ကွက်ချင်တယ် ............
ရင်တွင်းဖြစ်ကဗျာလေးက ခံစားချက်တွေ ပေါက်ကွဲနေလိုက်တာ..တကယ်ကောင်းတဲ့ ကဗျာလေး မမအိန်ဂျယ်..
မှုန်ပြပြကြယ်လေးတစ်ပွင့်ပေမယ့် ကိုယ့်တိုင်းပြည်အတွက်တော့ လင်းချင်သေးတယ် မှန်တယ် နတ်သမီး..။
ကောင်းလိုက်တဲ့ကဗျာလေးသူငယ်ချင်းရေ... အရမ်းကြိုက်တယ်...
ဟုတ်တယ်မမ
ခံစားချက်ခြင်းထပ်တူကျနေတယ်
ပြောချင်တာတွေအများကြီးဘဲ
ချစ်တဲ့
ဂျာရစ်
ဟုတ်တယ်နော်ခေတ်ရှေ့ပြေးတိုင်း
သာလိုက်ပြေးနေရရင်တော့
မာရသွန်မှာချန်ပီယံဖြစ်နေလောက်တယ် မလှဲ မကွဲရင်ပြောတာပါ
ခေတ်မှီပါ ခေတ်မလွန်ပါနဲ့ ဟုတ်ဘူးလား
ခင်မင်တဲ့ jasmine
I agree with Mg Ba Kyaing's idea
Esther
ရှယ်ပါရစေရှင်.. ကျေးဇူးတင်ပါတယ်
Post a Comment