ခေါင်းဆောင်စိတ်ရှိသူသည် ဘဝပေးအခြေနေအရ နောက်လိုက်ဘဝသို့ရောက်နေရသော်လည်း ခဏသာဖြစ်သည်။
အချိန်တန်လျှင် ခေါင်းဆောင်ဘဝသို့ပြန်ရောက်ရသည်သာဖြစ်၏။ စိန်တစ်လုံးအမျိုးအစားသရက်ပင်သည် မြက်တောထဲတွင်ပေါက်ရသော်လည်း ခဏသာဖြစ်၏။
တန်ဖိုးနားလည်သူတွေ့သွားသည်နှင့် သရက်ပျိုးဥယျာဉ်ထဲပြန်၍ အစိုက်ခံရသကဲ့သို့ပင်တည်း။
နောက်လိုက်စိတ်ရှိနေသောသူသည် ဘဝပေးအခြေနေအရ ခေါင်းဆောင်ဖြစ်နေလည်း ခဏသာဖြစ်၏။ အချိန်တန်လျှင် နောက်လိုက်နေရာသို့ ပြန်ရောက်ရ၏။
ပေါင်းမြက်သည် စပါးပင်ဘေး ပေါက်ခွင့်ရသော်လည်း ခဏသာဖြစ်၏။
အချိန်တန်လျှင်အနှုတ်ခံရသကဲ့သို့ပင်ဖြစ်၏။
ဝန်ခံချက်။ ။ မဂ္ဂဇင်းစာအုပ်တစ်အုပ်မှ ကြိုက်နှစ်သက်၍ ကူးယူဖော်ပြပါသည်။
Dear Angel.....(23)
18 hours ago
14 comments:
အရမ်းကောင်းတဲ.စာတွေပါဘဲ အစ်မရေ ။ကျေးကျေးပါဗျို.
မှန်လိုက်လေ တူမကြီးရယ်။း)
မင်္ဂလာပါ နတ်သမီး..
ရွှင်လန်းချမ်းမြေ့ပါစေကြောင်း နှုတ်ခွန်းဆက်သပါတယ် ကွယ်.... Comments လေးတွေ မရေးဖြစ်ပေမယ့်.. ပို့စ်အသစ်တင်တိုင်း ဖတ်ဖြစ်ပါတယ်....
ခင်မင်သတိရစွာဖြင့်
ကိုမျိုး (အညာမြေ)
နောက်လိုက်စိတ်ရှိနေသောသူသည် ဘဝပေးအခြေနေအရ ခေါင်းဆောင်ဖြစ်နေလည်း ခဏသာဖြစ်၏။ အချိန်တန်လျှင် နောက်လိုက်နေရာသို့ ပြန်ရောက်ရ၏။ သိပ်မှန်တဲ့စကားစုတွေမို့ကျေးဇူးပါ အစ်မတော်း))
ကောင်းလိုက်တဲ့ စာတွေပဲ နတ်သမီးလေးရေ
ဝေမျှလို့ ကျေးကျေးပါ
"လူမိုက် လူလိမ္မာ ပညာရှိ" ဆိုတဲ့ စာအုပ် လေး ရှာဖတ် ကြည့်ပါလား ညီမ..... ပိုပြည့်စုံ တယ်..
မှတ်သားစရာစာသားလေးတွေ
ကောင်းလိုက်တာနော်
မှန်လိုက်လေဗျာ...
ကျင့်ကျံသူကတော့ ခပ်ရှားရှားရယ်။
မှတ်စုလေး သိပ်ကောင်းပါတယ်..
ရောက်ဖြစ်တယ်နော်.. နှုတ်မဆက်ပဲ ပြန်ပြန်သွားလို့ .
ပတ္ထမြားမှန်ရင် နွံမနစ်ဘူးလေ။
ဒဿနလေးတွေဖတ်သွားတယ် နတ်သမီးလေးရေ။
နောက်လိုက်ကောင်းဖြစ်ပေမယ့်ခေါင်းဆောင်ကောင်း
တော့ဖြစ်မလာနိုင်ဘူးဆိုသလိုပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တစ်ကယ်ကောင်းတဲ့ စကားလေးပါပဲ မမရေ...
နောက်လိုက်စိတ်ရှိနေသောသူသည် ဘဝပေးအခြေနေအရ ခေါင်းဆောင်ဖြစ်နေလည်း ခဏသာဖြစ်၏။ အချိန်တန်လျှင် နောက်လိုက်နေရာသို့ ပြန်ရောက်ရ၏။
အဖြူရောင်နတ်သမီးရေ.. ခေါင်းဆောင်စိတ်ရှိသူနဲ့ ကျွန်စိတ်ရှိသူတို့ရဲ့ ကွာခြားမှု မှတ်သားစရာဗဟုသုတလေးတွေ မှတ်သားသွားပါတယ်..။
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
“ပေါင်းမြက်သည် စပါးပင်ဘေး ပေါက်ခွင့်ရသော်လည်း ခဏသာဖြစ်၏။ အချိန်တန်လျှင် အနှုတ်ခံရသကဲ့သို့ပင်ဖြစ်၏။ ”
သဘောကျတယ်ညီမရေ...
(ဆိုက်အသစ်လေးက မျက်လုံးအေးတယ်၊ လှတယ်..)
Post a Comment