Christmas ပြီးတော့ New Year..
တရုတ်နှစ်သစ်ကူး..
ပြီးတော့ Valentine's Day..
ကျမမှာ ရှုပ်လိုက်တဲ့အလုပ်၊ များလိုက်တဲ့အလုပ်..
အဲဒီလို ပွဲတော်တွေအတွက် ဆိုင်မှာ ဒီဇိုင်းဆင်တဲ့အလုပ်ကို ကျမက တာဝန်ယူရတာလေ၊
အခုလည်း ချစ်သူများနေ့အတွက် အသဲပုံညှပ်ထားတဲ့ အနီရောင်ကင်းဘတ်စလေးတွေကို နံရံမှာ ဒီအတိုင်းကပ်မဲ့အစား အသဲစက္ကူလေးတွေရဲ့ပေါ်မှာ စာသားလေးတွေပါရင် ပိုကောင်းမှာပဲလို့စဉ်းစားမိတယ်၊ အဲဒီအသဲနီနီလေးတွေကို လှေခါးဘေးက နံရံပေါ်မှာ ကပ်ပေးထားတယ်။
မနေ့ညက စပြီး ဆိုင်ကို လာသမျှ စုံတွဲဧည့်သည်တွေကို အသဲတစ်ခုစီပေးပြီး ချစ်သူများနေ့အတွက် အမှတ်တရတစ်ခုခုရေးပေးပါဆိုပြီး ရေးခိုင်းတော့ သူတို့ကလည်းရေးပေးကြတယ်၊ အမှတ်တရပေါ့..၊
ကျမလည်းရေးထားတယ်..
သူငယ်ချင်းတို့လည်း ရေးချင်ရင် ရေးပေးကြပါ..
ကျမ ကူးယူပြီး နံရံမှာ ကပ်ထားပေးပါမယ်..
အင်္ဂလိပ်လိုတော့ရေးပေးပေါ့..
ဒါမှ ဆိုင်ကိုလာတဲ့ဧည့်သည်တွေက ဖတ်လို့ရမှာ....
မနေ့ညက စပြီး ဆိုင်ကို လာသမျှ စုံတွဲဧည့်သည်တွေကို အသဲတစ်ခုစီပေးပြီး ချစ်သူများနေ့အတွက် အမှတ်တရတစ်ခုခုရေးပေးပါဆိုပြီး ရေးခိုင်းတော့ သူတို့ကလည်းရေးပေးကြတယ်၊ အမှတ်တရပေါ့..၊
ကျမလည်းရေးထားတယ်..
သူငယ်ချင်းတို့လည်း ရေးချင်ရင် ရေးပေးကြပါ..
ကျမ ကူးယူပြီး နံရံမှာ ကပ်ထားပေးပါမယ်..
အင်္ဂလိပ်လိုတော့ရေးပေးပေါ့..
ဒါမှ ဆိုင်ကိုလာတဲ့ဧည့်သည်တွေက ဖတ်လို့ရမှာ....

7 comments:
ချစ်သူများနေ့မှာ ချစ်သူစုံတွဲများရော တစ်ကိုယ်တည်း အပျိုကြီး လူပျိုကြီး အပျိုလေး လူပျိုလေးများရော
ပျော်ရွှင်ကြပါစေလို့။
(အင်္ဂလိပ်လိုဘာသာပြန်လိုက်နော် နတ်သမီး :P)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
နတ်တမီးရေ... ဘယ်လင်တိုင်း အတွက် နောက်မှပေါ့ .. လောလောဆယ် အခန်းတွေတိုင်းမှာလွတ်လပ်ရေးကျောက်တိုင်တွေ လိုက်ထောင်ထားပေးလိုက်... ဟိဟိ
အင်းဂါလိပ်လိုတော့ ရေးမတတ်ဘူး...
ရေးတတ်သလို ရေးမယ်.. ချစ်သူများနေ့မှာ ကုန်ဈေးနှုန်းမတက်ပါစေနဲ့... ချစ်သူများနေ့မှာ ချစ်သူတွေ မူလအတိုင်း အသုံးမပြုရသေးသော အသစ်စက်စက်လေးများ ဖြစ်ကြပါစေလို့...
honey,
u make my heart always warm..
ရိုးတော့ ရိုးနေလောက်ပါပြီ ..ဒါပေမယ့် ချစ်မေတ္တာရှိတဲ့ နှလုံးသားက အမြဲ နွေးထွေး နေပါတယ်...နတ်သမီးတစ်ယောက် ချစ်သူများနေ့မှာ ပျော်ရွှင်ပါစေရှင်..
ခင်တဲ့
အိမ်မက်
ချစ်သူများနေ့ ချစ်ရသူနဲ့ အတူပျော်ရွှင်ပါစေ
ချစ်တဲ့ jasmine
ချစ်ခြင်း မေတ္တာဆိုတာ အမြဲနွေးထွေးမှုတွေပေးတယ်
ချစ်သူများနေ့မှာချစ်ရသူနဲ့ပျော်ရွှင်ပါစေလို့ဗျာ
ချစ်သူများနေ့မှာ
ချစ်သူအချင်းချင်း မုန့်လင်မယားဝယ်ကျွေးနိုင်ကြပါစေ (ဘဝတခုအတူထူထောင်ပါရစေဆိုတဲ့ ရည်ရွယ်ချက်)
ချစ်သူအချင်းအချင်း အီကြာကွေးဝယ်ကျွေးနိုင်ကြပါစေ (တသက်လုံးမခွဲအတူနေရအောင်ဆိုတဲ့ ရည်ရွယ်ချက်)
း)
မောင်ဘကြိုင်
Post a Comment