ထင်မထားခဲ့ဘူး...
သူ့ရဲ့ချစ်ခြင်းသက်သေတွေ ဝေါကနဲရွာချလိမ့်မယ်လို့...
အခုတော့ ကျမတစ်ကိုယ်လုံးကို ရွှဲရွှဲစိုလို့..
သူ့ရဲ့ဂရုစိုက်ခြင်း..
ကြင်နာခြင်းတွေက တစ်ခါတစ်လေ ကျမကိုလဲပြိုစေခဲ့တယ်
ကျမက ဘဝကို လက်တွေ့ကျကျလျှောက်လှမ်းတတ်သူ..
သူကတော့ အချစ်တစ်ခုထဲနဲ့ အရာရာပြီးပြည့်စုံတတ်သူ...
ဒီလိုနဲ့...
သူ+ကျမ=(ညီမျှခြင်း ချကြည့်တဲ့အခါ)
“ဘဝ”ဖြစ်မလား?????
“အချစ်”ဖြစ်မလား????
အဖြေကတော့...
အပွဲပွဲနွှဲလာခဲ့သမျှ
ဒီပွဲမှာကျမရှုံးခဲ့တယ်..။
18 comments:
ကဗျာလေးလာခံစားသွားတယ်..း)
အရှုံးမပေးနဲ့မမ တောင့်ထားတောင့်ထား
ချစ်တဲ့
ဒိုးကန်
အချစ်စစ်ပွဲမှာ မမရှုံးတာလား..နူးညံ့တယ် ကဗျာလေးက
ဘာလို့ ကျရှုံးခဲ့တာလဲဟင်..... (အချစ်မှာ အရှုံးအနိုင်ရယ်လို့ မှ မရှိတာ.. )
ခင်မင်လျက်
နေ၀သန်
တကယ့်အချစ်စစ်စစ်မှာ ရှုံးတယ်နိုင်တယ်မရှိပါဘူး အဲလိုမတွက်နဲ့...(ဟိ ဟိ ဆရာလုပ်သွားတာ ကိုယ်တိုင်က အဲဒီထက်ပိုတွက်တယ်)
အပွဲပွဲ နွှဲ လာခဲ့တယ် ဆိုပဲ...
:P
နတ်နတ်ရေး ကဗျာလေးက အရမ်းကောင်းတယ်ဗျာ
သူ+ကျမ=(ညီမျှခြင်း ချကြည့်တဲ့အခါ)
အချစ် ပဲဖြစ်ပါစေနော်
အရှုံးဆိုတာမပြောပါနဲ့လား
ချစ်တဲ့ jasmine
နမ်း
အမြဲတမ်းရွှဲရွှဲစိုနေပါစေလို့ မျှော်လင့်တယ်။ (သဘောကျရဲ့လား))။ ဘဝတခုကို အချစ်တခုနဲ့အတူ လက်တွေ့ကျကျလျှောက်လှမ်းနိုင်ပါစေနမ်း။
ချစ်တဲ့
သဒ္ဓါ
ဘဝ + အချစ် ပေါ့..
ကဗျာလေး ကြိုက်တယ်.. template အသစ်လေးလည်း လှတယ်..
“သူ+ကျမ=(ညီမျှခြင်း ချကြည့်တဲ့အခါ)
“ဘဝ”ဖြစ်မလား?????
“အချစ်”ဖြစ်မလား????
အဖြေကတော့...
အပွဲပွဲနွှဲလာခဲ့သမျှ
ဒီပွဲမှာကျမရှုံးခဲ့တယ်..”
နတ်သမီးဆိုလိုချင်တဲ့အဓိပ္ပါယ်က..
သူက အချစ်တစ်ခုထဲနဲ့ ပြီးပြည့်စုံတတ်တဲ့သူ၊ နတ်သမီးက ငွေကြေးပြည့်စုံမှုဆိုတဲ့ဘဝအကြောင်းကို အမြဲပြောနေတတ်တဲ့သူ..
ဒါပေမယ့် သူနဲ့နတ်သမီး အချစ်နဲ့ဘဝ (အချစ်နဲ့ငွေ) ဘယ်အရာက အရေးကြီးသလဲလို့ အားပြိုင်ကြတဲ့အခါ “အချစ်”ကနိုင်သွားတယ်။ “အချစ်”ရှိရင် အရာရာပြီးပြည့်စုံတယ်..
“အချစ်”ဟာ အင်အားကိုဖြစ်စေတယ်..
အနာဂတ်ကိုခိုင်မြဲစေတယ်..
ချစ်သူနှစ်ယောက် တစ်ဦးအပေါ်တစ်ဦး နားလည်ခွင့်လွှတ် အားပေးနေရင် ပြီးပြည့်စုံတဲ့ဘဝဆိုတာဟာလည်း အလိုလိုဖြစ်လာမှာလေ...
ငွေရှိလို့ အချစ်ဖြစ်မလာဘူး..
အချစ်ရှိရင် အချစ်မှန်ရင် ငွေဆိုတာ ရှာလို့ရတယ်..
သူနဲ့နတ်သမီး ညီမျှခြင်း ချကြည့်တဲ့အခါ “အချစ်”ကို ကိုးကွယ်တဲ့ သူက နိုင်သွားတယ်..
“အပွဲပွဲနွှဲလာခဲ့သမျှ
ဒီပွဲမှာ ကျမရှုံးခဲ့တယ်” ဆိုတာကတော့
အမြဲတန်းကိုယ်မှန်တယ်လို့ ထင်ထားခဲ့သမျှ၊ ဒီပွဲမှာ ကိုယ်ထင်တာ မှားခဲ့တယ်၊ ကိုယ့်ရဲ့အယူအဆမှားခဲ့တယ် လို့ဆိုလိုတာပါ..။
ကဗျာတစ်ပုဒ်လုံးရဲ့ ဆိုလိုရင်းကတော့ “အချစ်”သည်သာ ကိုးကွယ်ရာ...
ချစ်သူများ.. အချစ်စစ်ရင် ဘယ်လိုအခက်အခဲမျိုးကိုပဲတွေ့တွေ့ လက်တွဲမဖြုတ်ပဲ ကြံ့ကြံ့ခံပြီး ရင်ဆိုင်ပါ..၊ အနိုင်ရပါလိမ့်မယ်ဆို့ဆိုလိုတာပါ။
သဘောပေါက်ပါပြီဗျားး)း)
ကဗျာရော ခက်ဆစ်ရောဖတ်သွားကြောင်းပါး)း)
ကဗျာလေးဖတ်ပြီး မိုက်လှချည်လားလို့ စဉ်းစားနေတုန်း
နတ်သမီးရဲ့ ထပ်ဆင့်ရှင်းလင်းချက်ကို ဖတ်လိုက်ရတော့ ပိုသဘောကျသွားတယ်
အော် အတော်အင်အားကြီးတဲ့ အချစ်ဘဲနော်...
နတ်သမီးကို ရှုံးစေခဲ့တဲ့ ဒီအချစ်ကို ဖန်ဆင်းရှင်က ဘယ်သူများလဲကွယ်...း)
အချစ်ကြောင့် ရှုံးတဲ့ ပွဲ ဘာပဲဖြစ်ဖြစ် ကျေနပ်စရာပါပဲ မမ....:):)
ညီမ ရေ
ပိုချစ်တတ်တဲ့ သူတိုင်း ပိုရှုံးကြတာဘဲ
ချစ်တဲ့
အမရွှေစင်
ချစ်ခြင်းက အရှုံးအတွက်မဟုတ်လည်း
ချစ်ရင်းနဲ့ပဲလူတွေ ရှုံးခဲ့ရတယ်...
ချစ်ခြင်းက အရှုံးအတွက်မဟုတ်လည်း
ချစ်ရင်းနဲ့ပဲလူတွေ ရှုံးခဲ့ရတယ်....
ချစ်ခြင်းက အရှုံးအတွက်မဟုတ်လည်း
ချစ်ရင်းနဲ့လူတွေ ကျရှုံးတယ်....
Post a Comment