
ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့မမေ့အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား
မြန်မာပြည်ရဲ့လွတ်လပ်ရေးဖခင် အဘဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့အမှတ်တရ...
၂၀၂၅ နီပေါသွားတောလား - ၁
1 day ago
12:59 AM
လင်းထက်
Posted in: 

Nicosia Time
10 comments:
မမေ့သင့်တဲ့နေ့ထူးနေ့မြတ်တစ်ခုပေါ့မမရယ်
အစဉ်ထာဝရ အလေးပြုအပ်ပါသော.........
အောက်ဆုံးနှစ်ကြောင်း တော့ မသိဖူး
ငါတို့ ဗိုလ်ချုပ်ကွ....... နတ်မောက်သား အောင်ဆန်းကွ....တစ်ဦး တစ်ယောက်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုအတွက်နဲ့ တစ်တိုင်းပြည်လုံးက ဗိုလ်ချုပ်ကို ဆုံးရှုံးခဲ့ရတယ်။
ဗိုလ်ချုပ်လို ခေါင်းဆောင်မျိုး ရှာမှရှားပါ။
သူလိုလူမျိုး များများရှိဖို့တောင် မလိုဘူး တစ်ယောက်တည်းရှိယုံနဲ့ လုံလောက်တယ်နော်
ဗိုလ်ချုပ်မွေးနေ့ အမှတ်တရကဗျာလေးဖတ်ခဲ့ပါတယ်
ချစ်တဲ့ jasmine
ချစ်ဖို့ကောင်းတဲ့ မမ ...:):)
ခံစားအားပေးလျှက်ပါမမရေ..
မမေ့အပ်၊မမေ့သင့်၊မမေ့ကောင်းတဲ့
နေ့ပေါင်းများစွာထဲက.တစ်နေ့ပေါ့အစ်မရယ်။
ှဗိုလ်ချုပ်....
"ကောင်းရာသုဂတိလားပါစေ"
ချစ်ခင်လျှက်
နတ်သမီးလေးရေ မမေ့မလျော့နှစ်စဉ်သတိတရရက်ထူး
ရက်မြတ်လေးပါ။ စားစရာလေးလည်းအားပေးသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ပဲပြုတ်နဲ့  နံပြားရရင် စားချင်တယ် ကြည်ဆိုတဲ့ ဗိုလ်ချုပ်ရဲ့ စာလေးကိုပါ သရုပ်ဖော်ထားတာ သဘောကျမိတယ် မမအိန်ဂျယ်ရေ
Post a Comment