ချစ်သူရေ..
တို့နှစ်ယောက်ရဲ့ကြားက “မြတ်နိုးခြင်း”အဓိပ္ပါယ်မှာ
“ပြီးဆုံးခြင်း”ဆိုတဲ့ ဝေါဟာရတွေမပါခဲ့ဘူးကွယ်..
နင်သိပါတယ်..
ငါက“ ရိုမန့်တစ်”သိပ်ဆန်တယ်
သစ်ရွက်တစ်ရွက်လေးကြွေတာတောင်
ခံစားချက်နဲ့တိုက်ဆိုင်ခဲ့ရင်
မျက်ရည်ကျတတ်တဲ့မိန်းမမျိုး....
နင့်အပြုံးက ငါ့အတွက်ကမ္ဘာဖြစ်တယ်
နင့်စကားလုံးတိုင်းက ငါ့အတွက်ကဗျာဖြစ်တယ်
နင်ပြုံးနေရင် ငါပျော်တယ်
ငါပြုံးနေရင် နင်လည်းပျော်တယ်
ဟုတ်တယ်...
ငါတို့အချစ်က “နှစ်ယောက်တစ်အိပ်မက်”လိုပဲကွယ်...
နင်သိပ်ချစ်တတ်တယ်..
ငါ့အတွက်ဆိုရင် နင့်မျက်ရည်တွေကိုတောင်
အမောပြေသောက်သုံးစေတတ်ခဲ့သူ
ပန်းကလေးနဲ့ပမာနှိုင်း မရိုင်းဘူးဆိုရင်
ချစ်သူသိအောင် ပြောပြချင်ပါတယ်....
တို့နှစ်ယောက်ပျိုးခဲ့တဲ့ သံယောဇဉ်အချစ်ပန်း
ကိုယ်တိုင်ယုယ ပန်းကလေးလှချိန်
သူ.. ဖူးပွင့်ခဲ့စဉ်က မခူးခြွေရက် ပွင့်ဖူးစေခဲ့
ပန်းကလေးအလှပျက်မှာစိုး
တိတ်တခိုးနဲ့တောင် မနမ်းခဲ့ဘူးကွယ်..
ဒီလိုနဲ့ပဲ..
ချိန်နာရီတို့တိုက်စား
နေ့ရက်တွေခမ်းတော့
ပန်းကလေးလည်း နွမ်းခဲ့ရတယ်...
အဲဒီအချိန်ကျမှ ပန်းကလေးကို တစ်ယုတစ်ယ ခူး
မြတ်နိုးခြင်းအသင်္ချေတို့လွှမ်းခြုံ
ထာဝရအတွက်ရည်ရွယ်
အချစ်ဗူးကလေးထဲမှာ သိမ်းဆည်းခဲ့ဖူးတယ်...
တို့နှစ်ယောက်ရဲ့အချစ်ကို ပန်းခြောက်ကလေးနဲ့တင်စား
မဟောင်းသော[မပြောင်းသော]ချစ်ခြင်းတို့နဲ့
ထာဝရတည်တံ့စေကွယ်..
ယနေ့မှာ ငါသစ္စာဆိုမယ်
တို့နှစ်ယောက်ရဲ့မှန်ကန်တဲ့ချစ်ခြင်းတရားကြောင့်
ပန်းခြောက်ကလေးရဲ့ရနံ့
တို့နှစ်ယောက်ရဲ့ကြားမှာ ထာဝရသင်းပျံ့ပါစေသား...။
တို့နှစ်ယောက်ရဲ့ကြားက “မြတ်နိုးခြင်း”အဓိပ္ပါယ်မှာ
“ပြီးဆုံးခြင်း”ဆိုတဲ့ ဝေါဟာရတွေမပါခဲ့ဘူးကွယ်..
နင်သိပါတယ်..
ငါက“ ရိုမန့်တစ်”သိပ်ဆန်တယ်
သစ်ရွက်တစ်ရွက်လေးကြွေတာတောင်
ခံစားချက်နဲ့တိုက်ဆိုင်ခဲ့ရင်
မျက်ရည်ကျတတ်တဲ့မိန်းမမျိုး....
နင့်အပြုံးက ငါ့အတွက်ကမ္ဘာဖြစ်တယ်
နင့်စကားလုံးတိုင်းက ငါ့အတွက်ကဗျာဖြစ်တယ်
နင်ပြုံးနေရင် ငါပျော်တယ်
ငါပြုံးနေရင် နင်လည်းပျော်တယ်
ဟုတ်တယ်...
ငါတို့အချစ်က “နှစ်ယောက်တစ်အိပ်မက်”လိုပဲကွယ်...
နင်သိပ်ချစ်တတ်တယ်..
ငါ့အတွက်ဆိုရင် နင့်မျက်ရည်တွေကိုတောင်
အမောပြေသောက်သုံးစေတတ်ခဲ့သူ
ပန်းကလေးနဲ့ပမာနှိုင်း မရိုင်းဘူးဆိုရင်
ချစ်သူသိအောင် ပြောပြချင်ပါတယ်....
တို့နှစ်ယောက်ပျိုးခဲ့တဲ့ သံယောဇဉ်အချစ်ပန်း
ကိုယ်တိုင်ယုယ ပန်းကလေးလှချိန်
သူ.. ဖူးပွင့်ခဲ့စဉ်က မခူးခြွေရက် ပွင့်ဖူးစေခဲ့
ပန်းကလေးအလှပျက်မှာစိုး
တိတ်တခိုးနဲ့တောင် မနမ်းခဲ့ဘူးကွယ်..

ချိန်နာရီတို့တိုက်စား
နေ့ရက်တွေခမ်းတော့
ပန်းကလေးလည်း နွမ်းခဲ့ရတယ်...
အဲဒီအချိန်ကျမှ ပန်းကလေးကို တစ်ယုတစ်ယ ခူး
မြတ်နိုးခြင်းအသင်္ချေတို့လွှမ်းခြုံ
ထာဝရအတွက်ရည်ရွယ်
အချစ်ဗူးကလေးထဲမှာ သိမ်းဆည်းခဲ့ဖူးတယ်...

မဟောင်းသော[မပြောင်းသော]ချစ်ခြင်းတို့နဲ့
ထာဝရတည်တံ့စေကွယ်..
ယနေ့မှာ ငါသစ္စာဆိုမယ်
တို့နှစ်ယောက်ရဲ့မှန်ကန်တဲ့ချစ်ခြင်းတရားကြောင့်
ပန်းခြောက်ကလေးရဲ့ရနံ့
တို့နှစ်ယောက်ရဲ့ကြားမှာ ထာဝရသင်းပျံ့ပါစေသား...။
****ပန်းချစ်သူ..ဆိုတာ ပန်းကလေး လန်းဆန်းလှပနေတဲ့အချိန်မှာသာ ပန်းကလေးကို ချစ်တတ်၊တန်ဖိုးထားတတ်တာမျိုးမဟုတ်ပါ..၊
ပန်းကလေးနွမ်းခြောက်ပြီး အလှပျောက်တဲ့အချိန်ရောက်သွားခဲ့ရင်လည်း မြတ်နိုးခြင်းအသင်္ချေနဲ့ တစ်ယုတစ်ယသိမ်းဆည်းထားတတ်တာမျိုး မဟုတ်ပါလားရှင်...******
8 comments:
ကဗျာလေးကနုလိုက်တာမမရေ..
အားကျလိုက်တာ..
ကဗျာလေးဖတ်ပြီး
ပန်းချစ်သော ပန်းပျိုးသူခံစားသွားရတယ်
နွမ်းခြောက်လည်း အနံ့ပြယ်သွားလည်း ရင်ထဲ သိမ်းဆည်းထားတတ်မယ့် ပန်းချစ်သူ ကျွန်တော် မောင်ဘကြိုင်ပါခင်ဗျာ
နှစ်တိုင်းပွင့်တဲ့ ပိတောက်ပန်းခြောက်တွေတော့ ရှိတယ်း)း) တခြားပန်းတွေကတော့ နွမ်းရင် ဟိုထားဒီထားနဲ့ ဘယ်ပျောက်သွားမှန်းကိုမသိး)
မြတ်နိုးခြင်းအသင်္ချေတို့လွှမ်းခြုံ
ထာဝရအတွက်ရည်ရွယ်------
စာသားသုံးထားတာတွေနူးညံ့ပြီးလှလိုက်တာနော်
နတ်နတ်ကဒါမျိုးလေးလဲရတာပဲ
ဆက်ရေးနော်
ချစ်တဲ့
ကဗျာလေးဖတ်ပြီး ခင်မောင်တိုးနဲ့ မီမီဝင်းဖေ သီဆိုခဲ့တဲ့ ပန်းချစ်သူသီချင်းလေးကို နှုတ်ဖျားက ဖွဖွရွတ်ဆို မိလိုက်တယ်...။
တယုတယမြတ်နိုး တန်ဖိုးထားခြင်းရဲ့ သင်္ကေတတွေကို ချစ်သူရေ..
တို့နှစ်ယောက်ရဲ့ကြားက “မြတ်နိုးခြင်း”အဓိပ္ပါယ်မှာ
“ပြီးဆုံးခြင်း”ဆိုတဲ့ ဝေါဟာရတွေမပါခဲ့ဘူးကွယ်....အစပျိုးပုံလေးကအစ မိုက်တယ်မမရေ..
ကဗျာလေးက နူးညံ့လိုက်တာ..နှင်းဆီပန်းကလေးတွေလည်း လှတယ်..ပန်းခြောက်ကလေးကို တမြတ်တနိုး သိမ်းထားတဲ့သူရှိတာကိုလည်း အားကျတယ်...
ပန်းကဗျာ လန်းလှသဗျာ
ပန်းခြောက်ကလေးတွေကိုတောင် တန်ဘိုးထားတတ်သူမို့ သံယောဇဉ်ကြီးတတ်သူအဖြစ် ကောက်ချက်ချသွားတယ် နတ်သမီးလေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment