Monday, June 25, 2012

အဖြူရောင်ကြင်နာခြင်းများ




တစ်ခါတစ်လေတော့လည်း
နင့်ရဲ့အလွမ်းတွေက
ငါ့ရင်ကို လာလာရိုက်တယ်..

လှိုင်းအရိုက်ခံ သောင်ပြင်ဆိုပေမယ့်
အရိုက်ခံများလာတော့
လဲပြိုရစမြဲပေါ့...

သံယောဇဉ်နွယ်မျှင်ဆိုတာကလည်း
တစ်ပတ်ပြီးတစ်ပတ်
ရစ်သထက်ရစ်နေမိပြန်တော့လည်း ခက်သားလား..

တစ်ကယ်တော့
နှလုံးသားကောက်ကြောင်းဆိုတာ
ငါတို့ရဲ့နောက်ကြောင်းတွေကပြောတဲ့
“ကြင်နာခြင်းအဖြူရောင်”တွေပဲမဟုတ်လားကွယ်...

9 comments:

မဒမ်ကိုး said...

သံယောဇဉ်နွယ်မတင်းအောင် ငယ်စာရင်းကိုဖြတ်း)

ချစ်တဲ့ ဂျာရစ်

လွင်ပြင်လှိုင်းငယ် said...

တစ်ကယ်တော့
နှလုံးသားကောက်ကြောင်းဆိုတာ
ငါတို့ရဲ့နောက်ကြောင်းတွေကပြောတဲ့
“ကြင်နာခြင်းအဖြူရောင်”တွေပဲမဟုတ်လားကွယ်...
မိုက်တယ်ဗျာ

မိုးငွေ့........ said...

ဟယ်ငဂျာရစ်ကလဲ ... ငယ်စာရင်းဟုတ်ဖူး ခုက ကြီးစာရင်း...နွယ်လား အမျှင်လား တခုခုပေါ့....

mstint said...

ကြိုးထုံးသာဖြည်ရလွယ်မယ် သံယောဇဉ်ထုံးက ဖြည်ရလွယ်မယ်မထင်း)
ဖြတ်ဘို့ဆိုတာတော့ ဝေးပြီပေါ့နော်။
ကဗျာလေးအားပေးသွားတယ် နတ်သမီးလေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Angelhlaing(May everybody be happy and healthy! said...

လှိုင်းအရိုက်ခံ သောင်ပြင်ဆိုပေမယ့်
အရိုက်ခံများလာတော့
လဲပြိုရစမြဲပေါ့.....


မဝေးတော့ ကာလတစ်ခုအတွက်
အားတင်းထားပါမမရေ....

ကြည်ဖြူခင်ခင် said...

သံယောဇဉ်နွယ်မျှင်ဆိုတာကလည်း
တစ်ပတ်ပြီးတစ်ပတ်
ရစ်သထက်ရစ်နေမိပြန်တော့လည်း ခက်သားလား..

blackroze said...

ဖြတ်ရအခက်ဆုံးသောကြိုးသည်
သံယောဇဉ်ကြိုး ဖြစ်သည်..

သိင်္ဂါကျော် said...

နှလုံးသားကောက်ကြောင်းကို အရောင် မဆိုးဘးပေါ့.. အဖြူရောင်ပဲ ကောင်းပါတယ်လေ..

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ဖြတ်ခက်ရင် မောင်ဘကြိုင်ကိုအကူညီတောင်း
နွယ်ဖြစ်ဖြစ် အမျှင်ဖြစ်ဖြစ် အကုန်ငှက်ကြီးတောင်နဲ့ ခုတ်ဖြတ်ပေးမယ်း)း)း)
အမြဲလာဖတ်ဖြစ်ပေမယ့် အစ်မမောင်က အကောင့်ဖွင့် မန့်ရမှာပျင်းထှာာာား)း) ကိုယ်စက်နဲ့ကိုယ်အားမှပဲ အကောင့်ဖွင့်မန့်ဖြစ်တယ် အစ်မရေး)း)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger