နှလုံးသားမှာ ငွေ့ရည်ဖွဲ့တဲ့အခါ
မျက်ဝန်းအိမ်မှာ မိုးဖွဲလေ့ရှိတယ်..
မတည်ငြိမ်တဲ့ စိတ်လွင်ပြင်ကြက်ခွတ်တွေကြောင့်
မိုးလင်းညတွေလည်း တစ်ညပြီးတစ်ညပေါ့..
ကြေမွသွားတဲ့တိမ်တိုက်တွေဟာ
ငါ့ရင်ခွင်စတွေဖြစ်ခဲ့မယ်ဆိုရင်
ကောင်းကင်ရဲ့ဈာပနမှာ ငါ့အမည်ကို
ကဗျည်းထိုးပေးကြပါ..
အချစ်ရဲ့ကျိန်စာ အဖန် ၅၅၅ကမ္ဘာမှာ
မနေ့က ငါသေခဲ့တယ်
ဒီနေ့လည်း ငါသေခဲ့ပြန်ပြီ
မနက်ဖြန်လည်း ငါသေရအုံးမယ်...
အချစ်ရေ..
နှုတ်ဆက်ခဲ့တယ်ကွယ်
ငါ့ရှိုက်သံတစ်ချို့ကြောင့်
နွေခေါင်ခေါင်မှာ ကောင်းကင်မြည်ဟီး
စည်တီးသလို ကျိန်စာသင့်တဲ့
ထစ်ချုန်းမိုးတွေ ရွာပါစေသား...။
မျက်ဝန်းအိမ်မှာ မိုးဖွဲလေ့ရှိတယ်..
မတည်ငြိမ်တဲ့ စိတ်လွင်ပြင်ကြက်ခွတ်တွေကြောင့်
မိုးလင်းညတွေလည်း တစ်ညပြီးတစ်ညပေါ့..
ကြေမွသွားတဲ့တိမ်တိုက်တွေဟာ
ငါ့ရင်ခွင်စတွေဖြစ်ခဲ့မယ်ဆိုရင်
ကောင်းကင်ရဲ့ဈာပနမှာ ငါ့အမည်ကို
ကဗျည်းထိုးပေးကြပါ..
အချစ်ရဲ့ကျိန်စာ အဖန် ၅၅၅ကမ္ဘာမှာ
မနေ့က ငါသေခဲ့တယ်
ဒီနေ့လည်း ငါသေခဲ့ပြန်ပြီ
မနက်ဖြန်လည်း ငါသေရအုံးမယ်...
အချစ်ရေ..
နှုတ်ဆက်ခဲ့တယ်ကွယ်
ငါ့ရှိုက်သံတစ်ချို့ကြောင့်
နွေခေါင်ခေါင်မှာ ကောင်းကင်မြည်ဟီး
စည်တီးသလို ကျိန်စာသင့်တဲ့
ထစ်ချုန်းမိုးတွေ ရွာပါစေသား...။
12 comments:
ခံစားချက်ကဗျာလေး ပြင်းထန်နေတယ်း)
ကဗျာလေးအားပေးသွားတယ် နတ်သမီးလေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကဗျာလာဖတ်ပါတယ် နတ်သမီး ခင်ဗျား ... :)
နှလုံးသားမှာ ငွေ့ရည်ဖွဲ့တဲ့အခါ
မျက်ဝန်းအိမ်မှာ မိုးဖွဲလေ့ရှိတယ်
အလွမ်းတွေကတော့ ခပ်နွဲ့နွဲ့ပေါ့နော်
ထစ်ချူန်းမိုးလေးရွာပါစေ
အချစ်ရေ..
နှုတ်ဆက်ခဲ့တယ်ကွယ်
ငါ့ရှိုက်သံတစ်ချို့ကြောင့်
နွေခေါင်ခေါင်မှာ ကောင်းကင်မြည်ဟီး
စည်တီးသလို ကြိမ်စာသင့်တဲ့
ထစ်ချုန်းမိုးတွေ ရွာပါစေသား...။
မမရေ..မိုက်တယ်ဗျို့..
ကဗျာလေးဖတ်ပြီး ကောင်းကင်ကြီးကို မော့ကြည့်မိတယ်.။ ရှိုက်သံ တစ်ချို့ မိုးနဲ့အတူ လွင့်သွားပါစေ..။
ချစ်တဲ့
သဒ္ဓါ
“နှလုံးသားမှာ ငွေ့ရည်ဖွဲ့တဲ့အခါ
မျက်ဝန်းအိမ်မှာ မိုးဖွဲလေ့ရှိတယ်..”
ချစ်စရာကောင်းလိုက်တဲ့ အသုံးအနှုန်းလေး။
ကဗျာတွေ ပိုပို ကောင်းလာတယ်..
ဖတ်ရတဲ့သူတောင် ခံစားမိတယ်.. ရေးရတဲ့သူတော့ မသက်သာနိုင်လောက်ဘူး..
ဖတ်ရသူတောင် ခံစားမိတယ်.. ရေးသူဆိုရင်..
ကဗျာဖတ်ရင်း တွေးမိတယ်အစ်မရေ
ကျွန်တော်တို့ဆီမှာတော့ ထစ်ချူန်းမိုးမရွာပါစေနဲ့လို့လေး)
တောင်သူတွေစိတ်ညစ်နေကြလို့ပါး)း)
မောင်ဘကြိုင်
ကြေမွသွားတဲ့တိမ်တိုက်တွေဟာ
ငါ့ရင်ခွင်စတွေဖြစ်ခဲ့မယ်ဆိုရင်
ကောင်းကင်ရဲ့ဈာပနမှာ ငါ့အမည်ကို
ကဗျည်းထိုးပေးကြပါ..
ရင်ထဲကို ... မုန်တိုင်းထန်သွားသလိုဘဲဗျာ
လုံးဝ ထိထိမိမိ ကဗျာလေးပါ ...
အားပေးသွားတယ်နော် .. မမ
ဆန္ဒနဲ့ ဘဝ ထက်တူကြပါစေနော် ..
မင်းသုရှင်
ကြေမွသွားတဲ့တိမ်တိုက်တွေဟာ
ငါ့ရင်ခွင်စတွေဖြစ်ခဲ့မယ်ဆိုရင်
ကောင်းကင်ရဲ့ဈာပနမှာ ငါ့အမည်ကို
ကဗျည်းထိုးပေးကြပါ..
ရင်ထဲကို ... မုန်တိုင်းထန်သွားသလိုဘဲဗျာ
လုံးဝ ထိထိမိမိ ကဗျာလေးပါ ...
အားပေးသွားတယ်နော် .. မမ
ဆန္ဒနဲ့ ဘဝ ထက်တူကြပါစေနော် ..
မင်းသုရှင်
Post a Comment