Friday, July 27, 2012

“မပြောလည်းပဲ”


နှုတ်မဆက်နဲ့“ကို”
တစ်နေ့တော့ တို့တွေ ထပ်တွေ့ကြမယ်
ဝေးနေပေမယ့်လည်း
ခပ်ရေးရေးသတိရပေးရင် ကျေနပ်ပြီ....

“Good Bye..”တဲ့လား
တို့တွေလက်ဆွဲနှုတ်ဆက်
“ကို”ပြောခဲ့တဲ့စကား
“မပြန်ပါနဲ့အုံး.. အနားမှာ ခဏလောက်နေပေးလှည့်ပါ..”တဲ့

ရုတ်တရက် လှုပ်ခတ်သွားတဲ့နှလုံးသား
“ကို”မြင်ခဲ့မယ်ဆိုရင်
ခပ်ရိုးရိုးလေးပေမယ့်
ရင်ထဲက ဘာသာစကား
ဖွင့်မပြောလည်းပဲ
သိနားလည်လိမ့်မယ်....။

8 comments:

mstint said...

ဆုံဆည်းခြင်းရဲ့တစ်ဖက်မှာ
ခွဲခွာခြင်းပေါ့ နတ်သမီးရေ။
ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

sosegado said...

အရမ်းလွမ်းချင်တဲ့သူ ရေးထားတာကိုး

thaingarra said...

နှုတ်ဆက်ချိန် ၊ ခွဲခွာချိန် ဆိုတာကတော့ ရောက်လာတတ် စမြဲပဲပေါ့ ...

တောက်ပကြယ်စင် said...

ဖွင့်မပြောလည်းဘဲ သိနားလည်လောက်ပေတယ်။

ဝိ၀ိ said...

ရုတ်တရက် လှုပ်ခတ်သွားတဲ့နှလုံးသား
“ကို”မြင်ခဲ့မယ်ဆိုရင်
ခပ်ရိုးရိုးလေးပေမယ့်
ရင်ထဲက ဘာသာစကား
ဖွင့်မပြောလည်းပဲ
သိနားလည်လိမ့်မယ်....။

...အလင်းစက်များ said...

နတ်နတ်ရဲ့ အလွမ်းတွေ ဘလော့ပေါ်က လျှံကျတာ.. ကာဖီခွက်ဖိတ်ကျသွားတယ်။ (မဆီမဆိုင်) ဟီး

သိင်္ဂါကျော် said...

နှလုံးသားချင်း ထပ်တူညီရင် ဖွင့်မပြောလည်း နားလည်နိုင်ပါလိမ့်မယ်..

blackroze said...

မြင်အောင်ကြည့်တတ်တဲ့သူဆိုရင်တော့
သိမှာပါအမရယ်..

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger