Saturday, July 14, 2012

ခဏခဏဖျားနေတယ်


ဝမ်းနည်းမှုတွေက နှလုံးသားမှာရွှဲရွှဲစိုလို့...
အချစ်ရဲ့အလွန်
ဥပက္ခာကမ်းတစ်ဖက်မှာ နေသားကျနေခဲ့တာကြာပြီ..

နေ့ရက်တွေကလည်း တစ်ရက်ပြီးတစ်ရက်
ပြက္ခဒိန်စာမျက်နှာတွေကလည်း တစ်ရွက်ပြီးတစ်ရွက်

အဲဒီလိုနဲ့
မြစ်တို့ရဲ့မာယာနှုတ်ဖျား
အရာရာတိုင်းဟာ တိမ်တွေလိုရွေ့လျား
အခိုးငွေ့များလား...

“ချစ်ရတစ်ရက် လွမ်းရက်တစ်ရာ”
ဆိုတဲ့စကားကိုကြားရင်
ငါ ကြေကွဲတယ်..

အချစ်ကမ္ဘာမှာ
သစ်ရွက်တွေမြေခတော့ ငါကြွေရတယ်..
ထစ်ချုန်းမိုးတွေရွာချတော့ ငါငိုရတယ်..

အဲဒီလိုနဲ့
ငါ့ရင်ခွင်ပြိုပျက်
အငိုရက်တွေကြားမှာ
နင့်ကိုတမ်းတစိတ်နဲ့
ငါလေ..
ခဏခဏဖျားနေတယ်...။


7 comments:

mstint said...

မကြာခနဖျားတတ်တာလေး အမြန်ပြီးဆုံးပါစေ နတ်သမီးလေးရေ။ စိတ်ဆင်းရဲမှုတွေ အဝေးတစ်နေရာကို လွှင့်ပစ်လိုက်ဘို့ အချိန်တန်ပြီနော်။ ကဗျာလေးအားပေးရင်း
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သက်တန့်ချို said...

ဂျီးတော် ကိုယ်ခံအားနည်းနေတာဖြစ်မယ်ကျန်းမာရေးဂရုစိုက်ပါ မြန်မာပြည်မှာလုပ်စရာတွေအများကြီးကျန်သေးတယ် တစ်ခုခုဆို Family doctor ကိုမေးပါ :P

အမြန်ဆုံးနေကောင်းပါတယ် အစ်မတော် ။

thaingarra said...

နာဖျားစေသော ... အလွမ်း ... :)

အလင်းသစ် said...

ပါရာစီတမောနဲ့ ဘာမီတွန် လာတိုက်တာပါဗျို့...:P

မိုးငွေ့........ said...

ဘလော့ဂါတွေများမိုက်တယ် ဖျားတာတောင် ကဗျာတစ်ပုဒ်ရတယ်...း)
နေကောင်းအောင်နေ ဂုစိုက်ညီမငေး...။

ကိုကိုမောင်(ပန်းရနံ့) said...

အနာတစ်ခြား ဆေးတစ်ခြား ဖြစ်ကုန်တော့မှာဘဲ။
နတ်သမီး အဖျားက တစ်မျိုး။ ပါရာစီတမော့နဲ့ မရလောက်ဘူး။း))))

ဝန်ထုပ်တွေရှိရင် ဖြေချလိုက်ပါတော့ နတ်သမီးရေ။ စိတ်ထဲ သိမ်းဆည်းထားနေသရွေ့ လေးလံနေဦးမှာ သေချာတယ်။

Anonymous said...

ခန ခနဖျားတတ်တာတော့ တူတွားပီ :)

နတ်သမီးလေးဆီ လည်လည်လာရင်း စာလေးတွေ ဖတ်ခဲ့ပါတယ်

~ Kk ~

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger