Wednesday, August 8, 2012

“ချစ်သူအမောပြေ တစ်ရှိုက်မက်မက်နမ်းစေ”




နင့်ကြောင့်ပေါကွယ်..
ငါ့မျက်ရည်တွေလည်းခမ်း
အထီးကျန်ခြင်းတွေလည်း လွင့်မျောသွားခဲ့

ငါ နင့်ကိုလွမ်းတယ်
စက္ကန့်နဲ့အမျှပေါ့
အိပ်မက်တွေကိုနှိုးဆွ
နိုးမထတော့တဲ့ ဒဏ္ဍာရီထဲ
နင်နဲ့ငါ့ ရာဇဝင်ဟာ
အာဒံနဲ့ဧဝဖြစ်ခဲ့

နင်ပြောခဲ့ဖူးတဲ့..
Mediterraneanပင်လယ်ပြင်အကြောင်း
ငါပြောခဲ့ဖူးတဲ့..
Greek Goddess of loveအကြောင်း
ငါတို့နှစ်ယောက် တစ်ယောက်တစ်လှည့်ပြောခဲ့ကြတဲ့ ..
Princess and Photographer အကြောင်း..

တစ်ကယ်ဆိုရင်
တို့နှစ်ယောက်မတွေ့ခဲ့ကြရင်ကောင်းသား
မျဉ်းပြိုင်နှစ်ကြောင်းရဲ့အချစ်ဇာတ်လမ်းလို
နီးလျှက်နဲ့ဝေးတာလား
ဝေးလျှက်နဲ့နီးတာလား
သေခြာတာတစ်ခုကတော့
ဒိုင်ယာရီတစ်အုပ်ဖြစ်ခဲ့...

“ချစ်ရေ...”လို့သာလှမ်းခေါ်လိုက်
နင့်အသံကို ဘဝ(၁၀၀)ခြားတောင် မှတ်မိတယ်
မယုံရင်လှမ်းခေါ်ကြည့်လိုက်
ရောက်ရာဘဝကနေ ပြေးလာမယ့်သူ

ငါက နင်အမောပြေ ရေကြည်တစ်ခွက်ဖြစ်တယ်
နင်က ငါနားခိုရာ အရိပ်သစ်ပင်ဖြစ်တယ်
ငါက နင်အပမ်းဖြေရာ ဥယျာဉ်တစ်ခုဖြစ်တယ်
နင်က ငါအားကိုးရာ လူစွမ်းကောင်းတစ်ယောက်ဖြစ်တယ်
ငါက နင်မြတ်နိုးရာ ချစ်သူတစ်ယောက်ဖြစ်တယ်
နင်က နှင်းဆီတစ်ခင်းကိုဖန်ဆင်း ငါ့ကိုနူးညံ့စွာသက်ဆင်းစေခဲ့တယ်...

ကျေးဇူးပါအချစ်ရယ်..
နင်အမောပြေစေဖို့ ထာဝရရည်စူး
အချစ်ဖူးအတွက်...
ငါ့ရင်ခွင်ဧည့်ခန်းမှာ စံပယ်ဖြူပင်တွေကိုစိုက်
ချစ်သူတစ်ရှိုက်မက်မက်နမ်းစေသတည်း.....။

7 comments:

မေမြို့မိုး said...

ကောင်းလိုက်တာဗျာ..။ ရင်ထဲထိ ရောက်တဲ့ကဗျာလေးတစ်ပုဒ်ပါ.။
အားပေးသွားပါတယ်အစ်မ.။

mstint said...

ခံစားချက်ကဗျာလေး အားပေးသွားတယ် နတ်သမီးလေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးနတ်ကြယ်စင် said...

မမရေ..ကဗျာလေးအားပေးသွားတယ်နော်

ကိုကိုမောင်(ပန်းရနံ့) said...

လွမ်းချင်စရာကြီး။း(

ကိုကိုမောင်(ပန်းရနံ့) said...

ကဗျာလေးက လွမ်းချင်စရာကြီး။
ဖတ်ရင်းနဲ့ ဘာကို လွမ်းလာသလိုလို။

တိမ်ပြာ(မနောမြေ) said...

မဖြစ်နိုင်တဲ့ အရာတစ်ခုကို လွမ်းနေမိသူမို့ ဒီကဗျာလေးကို သိမ်းထားလိုက်တယ်နော် :)

မိုးငွေ့........ said...

ကောင်းလိုက်တဲ့ ကဗျာ နတ်နတ်ရယ်...ခံစားချက်စစ်လို့ထင်တယ်..။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger