Thursday, August 2, 2012

Everything Happens For a Reason(ညလင်းအိမ် အတွက်ပါ)


"ကျွန်တော့ရဲ့ August"


လေညှင်းတချို့ရဲ့ အဖျားခတ်သံက
ပြက္ခဒိန် တစ်အုပ်ကို ဆုတ်ဖြဲသွားတယ်
ဘ၀ရဲ့ အသံတွေ ပီသလာတယ် ဆိုမလား
အနာဂတ်ကို မျှော်လင့်ချက်တွေနဲ့ ကြိုးညှိ
ကျွန်တော်လည်း ရင့်ကျက်ချင်ပြီ။

မိုင်တိုင်တွေ ဖြတ်ကျော်သွားတိုင်း
ကိုယ့်ရဲ့ အတ္ထုပ္ပတိက ကြီးလာတယ်
ရယူလိုမှုနောက် ပေးဆပ်မှုတွေ လိုက်ရင်း
အစရှာမရတဲ့ အဖြစ်အပျက်နဲ့
အိပ်မက်တွေ ပေါင်းစပ်ချင်လာတယ်။

ကျွန်တော်လည်း လူသားပဲလေ ...
အနာဂတ်ကို နှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်းဒီဂရီ စောင်းပြီး
ကြည့်ချင်ပါသေးတယ်။

တနေ့နေ့ပေါ့ ...
ကျွန်တော့်ရဲ့ သစ်ပင်လေး အရိပ်မှာ ခိုနားရင်း
သာယာလှတဲ့ August လေး ဖြစ်လာစေဖို့
ဒီနေ့ကို "Happy Birthday to Me" လို့
ဆုတောင်းပေးလိုက်တယ်။

ညလင်းအိမ်
(၂.၈.၁၂)


.....................................
ဒီနေ့ဟာ ကျမရဲ့မောင်လေးအရင်းတစ်ယောက်လို ခင်မင်ရတဲ့ “ညလင်းအိမ်(ကိုတူး)”ရဲ့မွေးနေ့လေးပါ

ကျမ အလုပ်တွေနဲ့ရှုပ်ယှက်ခတ်နေတဲ့ကာလဖြစ်တာကြောင့် အရင်ကလို သူငယ်ချင်းတွေရဲ့မွေးနေ့ပွဲလေးတွေကို လုပ်ပေးချင်ပေမယ့် ဘယ်လိုမှအချိန်မရခဲ့ပါဘူး။

အခုလည်း G Talk မှာ မောင်လေး ကိုတူးနဲ့တွေ့ရင်း “စိမ်းကားလိုက်တာဗျာ”ဆိုတဲ့ သူ့စကားလေးရဲ့နောက်မှာ အစ်မတစ်ယောက်အနေနဲ့ တာဝန်မကျေမှုတွေအတွက် စိတ်မကောင်းကြီးစွာဖြစ်ခဲ့ရပါတယ်။

သူ့ကို ကျမ မအားတဲ့အကြောင်းပြောပြလို့ သူကလည်း နားလည်သွားပေမယ့် ကျမကိုယ် ကျမ လိပ်ပြာမလုံးခဲ့ဘူး..။

အဲဒါနဲ့ပဲ သူ့မွေးနေ့ပွဲလေးအတွက် သူကိုယ်တိုင်ရေးထားတဲ့ မွေးနေ့ကဗျာလေးကို ကူးယူပြီး ကိတ်မုန့်တစ်လုံးနဲ့မျက်နှာလုပ်လိုက်ရပါတယ်..။

အစ်မတစ်ယောက်အနေနဲ့ တာဝန်ကျေချင်တယ် ကိုတူးရေ..

HAPPY BIRTHDAY... ပါနော်..
မောင်လေးမျှော်မှန်းထားတဲ့ ဘဝပန်းတိုင်ကို အမြန်ဆုံးလျှောက်လှမ်းနိုင်ပါစေကွယ်..း)





7 comments:

ညလင်းအိမ် said...

ကျေးဇူး အကြီးကြီး တင်ပါတယ် ခင်ညာ ...

ညလင်းအိမ်

ညလင်းအိမ် said...

ကျေးဇူး အများကြီး တင်ပါတယ် ခင်ညာ့ ...

mstint said...

နတ်သမီးလေးရဲ့ ကြိုးပမ်းမှုလေးကို လေးစားပါတယ်။ ကိုတူးရဲ့ မွေးနေ့မင်္ဂလာရက်မြတ်လေးကို ဒုတိယအကြိမ် နှုတ်ခွန်းဆက်လိုက်ပါတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

တောက်ပကြယ်စင် said...

မွေးနေ့ရှင်ရော၊ မွေးနေ့ကျင်းပပေးသူပါ ကျန်းမာပျော်ရွှင်ပြီး လိုအင်ဆန္ဒတွေ တစ်လုံးတစ်ဝတည်း ပြည့်စုံကြပါစေဗျာ...

လွင်ပြင်လှိုင်းငယ် said...

ဟိုဘက်မှာလဲဆုတောင်းခဲ့တယ် အခုထပ်ဆုတောင်းပေးလိုက်ပါတယ် Happy Birthday ပါ

အလွမ်းမြို့ said...

မွေးနေ့ရှင်ရော ဘလော့ပိုင်ရှင်ရော ကျန်းမာချမ်းသာ
ကြပါစေ

ကြည်ဖြူခင်ခင် said...

ကိုယ်နဲ့မရင်းနှီးပေမယ့်.. အဖြူရောင် နတ်သမီး မမရဲ့ ဆိုဒ်လေးမှ တဆင့်.. မွေးနေ့လေးအတွက် ဆုတောင်းပေးပါတယ်ရှင်..

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger