Saturday, October 6, 2012

ကျမရဲ့ FACEBOOK ACCOUNT ဟပ်ခံရပြန်ပြီ

မအားတဲ့ကြားထဲကနေ ရေးစရာအကြောင်းလေးက ပေါ်လာခဲ့ပြန်ပြီ..း(

ကျမရဲ့FACEBOOK ACCOUNT ဟပ်ခံရပြန်ပြီ..။

 ကျမ FBကိုဝင်တိုင်း Chat Message ကို အမြဲ Off ထားနေကြပါ၊
ဒါပေမယ့် လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက ကျမရဲ့ FB Account ဟာ မီးစိမ်းနေခဲ့တယ်။
ကျမက ပိတ်လိုက်ရင်လည်း ခဏပဲ၊ ပြန်ပြီးစိမ်းသွားတတ်တယ်။
တစ်ခါတစ်လေတော့လည်း အင်တာနက်လိုင်းကြောင်တတ်တာမို့ အမှုမဲ့အမှတ်မဲ့ ပဲပေါ့။

အဲဒီလိုနဲ့ မနေ့က ကျမ FB ကိုဝင်တော့ Chat Message ရဲ့ Notification မှာ new message ရောက်နေတယ်လို့ ပြပါတယ်၊
ကျမက ဖွင့်ကြည့်လိုက်ရင် ဘာmessage အသစ်မှမရှိပါဘူး။
မနေ့က တစ်နေ့လုံး အဲဒီလို chat message တွေ တစ်နေ့လုံးဝင်နေပြီး ဖွင့်ကြည့်တိုင်း ဘာမှမတွေ့တာကြောင့် မသင်္ကာလို့ password ပြောင်းတဲ့အချိန်မှာ ကျမရဲ့အကောင့်ကို တစ်စုံတစ်ယောက်သုံးစွဲနေတယ်ဆိုတဲ့အကြောင်း စာတန်းပေါ်လာခဲ့ပါတယ်..။

အခုလောလောဆယ်တော့ Email Account နဲ့ Password ကို ပြောင်းပြီး ခဏပိတ်ထားလိုက်ပါတယ်။

ကျမရဲ့မိတ်ဆွေတွေပြောပြချက်အရ ဟပ်သူဟာ ကျမရဲ့ Chat message ကို အသုံးပြုနေတာ ဖြစ်နိုင်ကြောင်း၊
ကျမဖက်က ဘယ်လိုပဲ Email Account နဲ့ Password တွေကို ပြောင်းပေမယ့်လည်း ဟပ်သူဟာ သိနေနိုင်ကြောင်း၊
ကျမရဲ့Account ဟာ လုံခြုံမှုမရှိနိုင်ကြောင်း သိရပါတယ်။
ကျမရဲ့FB Account ဟပ်ခံရခြင်းဟာလည်း အခုတစ်ခါပါဆိုရင် ၃ကြိမ်ခန့်ရှိနေပါပြီ။

လောလောဆယ်တော့ ကျမရဲ့ FB Account ကို ပိတ်ထားပါတယ်။
ကျမရဲ့Account ကနေ သူငယ်ချင်းတို့ကို Chat Message ပို့လာခဲ့ရင်လည်း ကျမ မဟုတ်ဘူး ဆိုတဲ့အကြောင်း အသိပေးပါရစေ။

ဟပ်သူဟာ မနေ့က တစ်နေ့လုံးလည်း ကျမရဲ့ FB Account  ကို ဟပ်ထားပြီး ကျမဟန်ဆောင်ပြီး သူငယ်ချင်းတစ်ချို့နဲ့ Chat Message ပို့နေတယ်လို့ယူဆရပါတယ်။

ယခု ဒီပို့စ်ကို တင်ပြီးချိန်မှစပြီး “ကလိုရီ” FB Account ကနေ သူငယ်ချင်းတို့ဆီကို Message ပို့လာခဲ့ပါလျှင် ကျမ မဟုတ်ကြောင်း အသိပေးထားပါရစေ...။

သူငယ်ချင်းများအားလုံး...သတိရှိကြပါစေ....

3 comments:

မဒမ်ကိုး said...

စိတ်ညစ်ပါတယ်နော် ဘယ်လိုများလာပြီးဟပ်ချင်နေကြတာပါလိမ့် မမရယ်

ဂျာရစ်

YTN AungM said...

ဖြစ်ရလေ..ဟက်သူကလည်း သူများအကောင့်ဟက်ပြီး
ဘာလုပ်လဲမသိ။အကျိုးလည်းမရှိ။ နည်းပညာတွေတိုးတက်လာတာကောင်းပေမဲ့
အကောင်းဘက်က ယူရင်တော့ အတိုင်းထက်လွန်ပေါ့.
ခုလိုဆိုတော့လည်း ပိုင်ရှင်လည်းစိတ်ညစ်ရတယ်။

mstint said...

ဖဘလေးအတွက် စိတ်မကောင်းဖြစ်နေတဲ့ နတ်သမီးလေးရေ မမျှော်မှန်းနိုင်တဲ့ အနှောင့်အယှက်တွေဟာ မထင်မှတ်တဲ့အချိန်တွေမှာ ရောက်လာတတ်စမြဲမို့ စိတ်ဆင်းရဲနေလည်း ပြောင်းလဲသွားမှာ မဟုတ်မဲ့အတူတူ မရ ရတဲ့နည်းနဲ့ စိတ်ဖြေလိုက်စေချင်တယ်။ ဘဝအတွက် ဒီထက်ခက်ခဲတဲ့ အခက်အခဲတွေ လူတိုင်းတွေ့ကြုံနေကြရမှာပဲလေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger