“သန်မိုးကုန်စဲ၊
နှင်းသေးဖွဲသည်၊
ခဝဲပွင့်တုန်း၊
တန်ဆောင်မုန်း”
ဟုဆိုထားသော တန်ဆောင်မုန်းလတွင် ဗုဒ္ဓဘာသာဝင်တို့သည်၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ ကထိန်ပွဲတော်၊ ကျီးမနိုးပွဲများကို ရိုးရာအစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသည်။
တန်ဆောင်တိုင်ပွဲတော်ကို ဘုရားမပွင့်မီအခါက ဂြိုဟ်နက္ခတာရာများကို အဆိုးရသော
နတ်ဘုရားများအား ဂုဏ်ပြုသောအားဖြင့် ကြတ္တိကာပွဲဟုခေါ်တွင်ခဲ့သည်။
“တန်ဆောင်”ဆိုသည်မှာ မီးရှူးမီးတိုင်ဟု အဓိပ္ပါယ်ရ၍ “ပုန်း”မှာ မီးပန်းများထွန်းလင်းတောက်ပစြေ ခင်း
ဖြစ်၍ “မီးရှူးမီးတိုင်တို့ကို တောက်ပစေသောလ”ဟု အနက်အဓိပ္ပါယ်ရပါသည်။
လောကနီတိဆရာက “သရဒံ ဥတုကာလနံ ပဓာနံ”(လ တကာတို့တွင် တန်ဆောင်မုန်းလသည် အမြတ်ဆုံးလဖြစ်သည်)ဟု ရေးစပ်ခဲ့ဖူးသည်။
တန်ဆောင်မုန်းလသည် ဆီးနှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိုးဟူသော ညစ်မျိုး(၅)ပါး ကင်းစင်၍ရာသီဥတုသည် အလွန်အေးမြကြည်လင်သော လပင်ဖြစ်သည်။ တန်ဆောင်တိုင်ညသည် ဆေးပေါင်းခသောညဖြစ်သည်ဟု ယူဆပြီး မယ်ဇလီဖူးများကို သုတ်၍စားသည့်ဓလေ့မှာ ယ္ခုအချိန်ထိရှိနေဆဲဖြစ်သည်။
ခဝဲပန်းများပွင့်လန်းသော တန်ဆောင်မုန်းလတွင် ဗုဒ္ဓခွင့်ပြုတော်မူခဲ့သည့် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ စ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ (၁)လအတွင်း မိမိကထိန်ခင်းလိုသော ရက်ကိုရွေးချယ်၍ မိမိတို့နှင့်ပတ်သက်ရာ ဘုန်းကြီးကျောင်းများတွင် အလှူပေး၍ ကထိန်ပွဲများကိုကျင်းပလေ့ရှိသည် ။
“အလှူမှာ ကထိန်၊ ဆွမ်းမှာ ပိဏ်၊ ရတနာမှာ စိန်၊ကျောင်းမှာ သိမ်” ဟူသော စကားကို ဗုဒ္ဓဘာသာဝင်တိုင်းသိထားကြမည်ဟု ယုံကြည်ပါသည်။ ထိုသို့ကထိန်သင်္ကန်းကိုကပ်လှူသော သူတို့သည် “အနှောင်အဖွဲ့မှကင်းလွတ်ခြင်း” ဟူသောအကျိုးတရားများကို ရရှိနိုင်ပါသည်။
အကြောင်းတိုက်ဆိုင်၍ အနည်းငယ်ဖြည့်စွက်လိုသည်မှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း သီတင်းကျွတ်လပြည့်ကျော်(၁)ရက်ေ န့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ တလအတွင်းမိမိကထိန်ခင်းလိုသော ရက်ကိုရွေးချယ်၍ မိမိတို့ကိုးကွယ်ရာ ဘုန်းကြီးကျောင်းများတွင် ဆွမ်း၊ ထမင်း၊ ဟင်းများကိုချက်ပြုတ်၍ ရဟန်းသံဃာတော်များအား အာရုံဆွမ်း ကပ်လှူလေ့ရှိသည်။
အဲဒီအလှူဒါယိကာများထဲတွင် ကျမ၏မေမေလည်းတယောက်အပါအဝင်ဖြစ် သည်။
မေမေပြောပြချက်အရ ကျမတို့ကိုးကွယ်သော ဘုန်းကြီးကျောင်းတွင် အလှူလုပ်ရန် ညဘက် ဆွမ်း၊ ထမင်း၊ ဟင်းများချက်နေစဉ် ကျမကိုယ်ဝန်ကိုလွယ်ထားရသည့် မေမေမှာ ဗိုက်နာလာသဖြင့် ဆေးရုံသို့ပြေးခဲ့ရပြီး နောက်တနေ့(တနင်္ဂနွေ)နေ့နံနက် အာရုံတက်အချိန်တွင် ကျမကိုချောမောစွာ မွေးဖွားခဲ့သည်ဟုဆိုပါသည်။
တန်ဆောင်တိုင်ပွဲတော်ကို ဘုရားမပွင့်မီအခါက ဂြိုဟ်နက္ခတာရာများကို အဆိုးရသော
နတ်ဘုရားများအား ဂုဏ်ပြုသောအားဖြင့် ကြတ္တိကာပွဲဟုခေါ်တွင်ခဲ့သည်။
“တန်ဆောင်”ဆိုသည်မှာ မီးရှူးမီးတိုင်ဟု အဓိပ္ပါယ်ရ၍ “ပုန်း”မှာ မီးပန်းများထွန်းလင်းတောက်ပစြေ
ဖြစ်၍ “မီးရှူးမီးတိုင်တို့ကို တောက်ပစေသောလ”ဟု အနက်အဓိပ္ပါယ်ရပါသည်။
လောကနီတိဆရာက “သရဒံ ဥတုကာလနံ ပဓာနံ”(လ တကာတို့တွင် တန်ဆောင်မုန်းလသည် အမြတ်ဆုံးလဖြစ်သည်)ဟု ရေးစပ်ခဲ့ဖူးသည်။
တန်ဆောင်မုန်းလသည် ဆီးနှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိ
ခဝဲပန်းများပွင့်လန်းသော တန်ဆောင်မုန်းလတွင် ဗုဒ္ဓခွင့်ပြုတော်မူခဲ့သည့် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ စ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ (၁)လအတွင်း မိမိကထိန်ခင်းလိုသော ရက်ကိုရွေးချယ်၍ မိမိတို့နှင့်ပတ်သက်ရာ ဘုန်းကြီးကျောင်းများတွင် အလှူပေး၍ ကထိန်ပွဲများကိုကျင်းပလေ့ရှိသည်
“အလှူမှာ ကထိန်၊ ဆွမ်းမှာ ပိဏ်၊ ရတနာမှာ စိန်၊ကျောင်းမှာ သိမ်” ဟူသော စကားကို ဗုဒ္ဓဘာသာဝင်တိုင်းသိထားကြမည်ဟု
အကြောင်းတိုက်ဆိုင်၍ အနည်းငယ်ဖြည့်စွက်လိုသည်မှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း သီတင်းကျွတ်လပြည့်ကျော်(၁)ရက်ေ
အဲဒီအလှူဒါယိကာများထဲတွင် ကျမ၏မေမေလည်းတယောက်အပါအဝင်ဖြစ်
မေမေပြောပြချက်အရ ကျမတို့ကိုးကွယ်သော ဘုန်းကြီးကျောင်းတွင် အလှူလုပ်ရန် ညဘက် ဆွမ်း၊ ထမင်း၊ ဟင်းများချက်နေစဉ် ကျမကိုယ်ဝန်ကိုလွယ်ထားရသည့် မေမေမှာ ဗိုက်နာလာသဖြင့် ဆေးရုံသို့ပြေးခဲ့ရပြီး နောက်တနေ့(တနင်္ဂနွေ)နေ့နံနက် အာရုံတက်အချိန်တွင် ကျမကိုချောမောစွာ မွေးဖွားခဲ့သည်ဟုဆိုပါသည်။
လောကကြီးထဲကို ရောက်ရှိလာပြီဖြစ်တဲ့ ဖေဖေဦးစိန်မောင်၊ မေမေ ဒေါ်အုန်းကြည်တို့၏ တဦးတည်းသော သမီး ဖြစ်သည့်ကျမအတွက် ဖေဖေကိုယ်တိုင် နာမည်ရွေးပေးခဲ့ပုံမှာ တနင်္ဂနွေနေ့ဖွား ဖြစ်သည့်အတွက် “အ” “ဥ”အက္ခရာများကို ဦးစားပေး၍ စဉ်းစားခဲ့ရာဝယ် ရာဇဝင်ဇာတ်တော်များထဲမှ တနင်္ဂနွေအမည်ဖြင့်စသော မင်းသမီးတပါး၏ အမည်ဖြစ်သည့် “ဥမ္မာဒန္တီ” အမည်၏ ရှေ့နာမည်“ဥမ္မာ” နှင့် ဖေဖေ့အမည် “စိန်မောင်” ကိုပေါင်းစပ်ကာ “ဥမ္မာစိန်မောင်” ဟု အမည် ကင်ပွန်းတပ်ပေးခဲ့သည့်နေ့က “ယနေ့က စလို့သမီးလေး“ဥမ္မာစိန်မောင်”ဟာ “ဥမ္မာဒန္တီ” မင်းသမီးကဲ့သို့အဆင်းလှခြင်း၊ အချင်းလှခြင်း၊ ဥာဏ်ပညာထက်မျက်ထူးချွန်ခြင်း၊ “လူမြင်လျှင် ချစ်ခင်ပါစေ...အသံကြား သနားပါစေ” ဟူသော ဆုနဲ့ပြည့်စုံပြီး လိမ္မာယဉ်ကျေးသော၊ ဘာသာတရားကိုမမေ့သော သမီးလေးဖြစ်ပါစေ...လို့ ဖေဖေနဲ့ မေမေတို့က ဆုတောင်းပေးလိုက်တယ်နော်”..ဆို
မြင့်မြတ်လှသည့်တန်ဆောင်မုန်း လတွင် ကျမကိုဖွားမြင်ပေးခဲ့သော မေမေ၊
ကျမကိုဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်အောင် နည်းလမ်းပြပေးခဲ့သောမေမေ၊
ဝမ်းမှကျွတ်ကတည်းက ကျမကိုအလှူဒါနနှင့်မိတ်ဆက်ပေးခဲ့သောမေမေနှင့်
အတိတ်နမိတ်ကောက်၍ နေ့သင့်နံသင့် လှပသော အမည်လေးနှင့်တကွ ကံကောင်းခြင်းလက်ဆောင်များကို ဘဝတသက်စာပေးခဲ့သာ ဖေဖေတို့အား
ကျမ၏မွေးနေ့သို့ေ ရာက်တိုင်း ရဟန်းသံဃာတော်များအား ကထိန်သင်္ကန်းကပ်လှူပြီး ကျမပြုခဲ့သော ကုသိုလ်ကောင်းမှုအားလုံးကို မိဘ(၂)ပါးအား အမျှပေးဝေပါသည်။ ရောက်ရာအရပ်မှ သာဓုခေါ်နိုင်ပါစေ။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုပါလျှင်
“နောင်ဖြစ်လေရာ လူ့ဘဝများ ရှိခဲ့ပါလျှင် ဖေဖေ မေမေတို့ရဲ့ သမီးသာ ဖြစ်ပါရစေ..”.။
ကျမကိုဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်အောင် နည်းလမ်းပြပေးခဲ့သောမေမေ၊
ဝမ်းမှကျွတ်ကတည်းက ကျမကိုအလှူဒါနနှင့်မိတ်ဆက်ပေးခဲ့သောမေမေနှင့်
အတိတ်နမိတ်ကောက်၍ နေ့သင့်နံသင့် လှပသော အမည်လေးနှင့်တကွ ကံကောင်းခြင်းလက်ဆောင်များကို ဘဝတသက်စာပေးခဲ့သာ ဖေဖေတို့အား
ကျမ၏မွေးနေ့သို့ေ
“နောင်ဖြစ်လေရာ လူ့ဘဝများ ရှိခဲ့ပါလျှင် ဖေဖေ မေမေတို့ရဲ့ သမီးသာ ဖြစ်ပါရစေ..”.။
4 comments:
ဟက်ပီးဘတ်ဒေး နတ်သမီးလေး...အားလုံးပြည့်စုံသူမို့ ဘာမှ သိပ်ဆုတောင်းပေးစရာ မလိုလောက်တော့ဘူးထင်ပါတယ်... ရုပ်လှစိတ်ကောင်းတဲ့ နတ်သမီးလေးပဲလေ...
ဟက်ပီးဘတ်ဒေး တန်ဆောင်မုန်းသူး)
ချစ်တဲ့ ညီမငယ်
ဂျာရစ်
ဥမ္မာစိန်မောင်ရေ Happy Birthday ပါ။ ဒါနဲ့ ကျီးမနိုးပွဲဆိုတာ ခုမှပဲ ကြားဖူးတော့တယ်။ ကျေးဇူးစကြ၀ဠာပါ နတ်သမီးရေ။
Happy birthday သူငယ်ချင်းလေးရေ... အခုလိုလေး အမြဲတမ်းလှပနေပါစေ... လိုရာဆန္ဒမှန်သမျှ ပြည့်ဝရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်....
Post a Comment