လူရယ်လို့ဖြစ်လာရင် “မွေးနေ့”နဲ့“သေနေ့”ဆိုပြီး နေ့(၂)နေ့ရှိကြပါတယ်..။
အဲဒီထဲကမှ လူတွေဟာ သူတို့ရဲ့မွေးနေ့ကို နှစ်စဉ်နှစ်တိုင်း အထိမ်းအမှတ်တစ်ခုအနေနဲ့ ကျင်းပလေ့ရှိကြပြီး သေနေ့ကိုတော့ မေ့နေတတ်ကြပါတယ်။
ဟုတ်တော့လည်း ဟုတ်ပါတယ်လေ..

လူတစ်ယောက်(သို့)သက်ရှိသတ္တဝါတစ်ကောင် မွေးဖွားလာတဲ့အခါ
ပျော်ရွှင်ခြင်းတွေနဲ့ ကြိုဆိုတတ်ကြပြီး သေဆုံးခြင်းနေ့ကိုရောက်တဲ့အခါ ပူဆွေး ဝမ်းနည်း ငိုကြွေးခြင်းတွေနဲ့ နှုတ်ဆက်လေ့ရှိတယ်..။
ကျမတို့တွေဟာ..
“မွေးဖွားခြင်းနှင့် သေဆုံးခြင်း”
“ပျော်ရွှင်ခြင်းနှင့်ဝမ်းနည်းခြင်း”
“ကြိုဆိုခြင်းနှင့်နှုတ်ဆက်ခြင်း”ဆိုတဲ့ ဆန့်ကျင်ဖက် ခံစားမှုတွေနဲ့ တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်တစ်ခု..(သို့)စိတ်ဝိဥာဉ်တစ်ခုကို ပိုင်ဆိုင်ထားကြသူတွေပဲဖြစ်ပါတယ်။
ရှင်သန်နေတဲ့အသက်ဝိဥာဉ်တစ်ခုဟာ “ကြိုးလေးတစ်ချောင်း”လို့ ဆိုကြပါစို့..
အဲဒီကြိုးလေးရဲ့အစတစ်ဖက်မှ အစပြုလို့ ကျမတို့ဟာ “ဘဝ”ရဲ့ခရီးလမ်းကို အခက်အခဲမျိုးစုံတွေ့ကြုံဖြတ်သန်းပြီးလျှောက်လာခဲ့ကြရင်း
နောက်ဆုံးမှာ ကျန်ရှိနေတဲ့ ကြိုးလေးရဲ့အဆုံးတစ်ဖက်ကို ရောက်ရှိခဲ့ကြတယ်။
အဲဒီနောက်မှာတော့ “သေဆုံးခြင်း”နဲ့ နိဂုံးနဲ့အဆုံးသတ်ကြရပါတယ်။
တစ်ကယ်တော့ ကျမတို့တွေဟာ..
“မွေးဖွားခြင်း”နဲ့“သေဆုံးခြင်း”ဆိုတဲ့ ကြိုးအစနဲ့အဆုံးနှစ်ခုကြားမှာ လမ်းလျှောက်နေကြသူများပဲဖြစ်ပါတယ်..။

4:15 PM
လင်းထက်

Posted in: 

Nicosia Time
3 comments:
အင်းလေ.. လူတွေပင်ပန်းပြီး အသက်ရှုခြင်းတွေ ရပ်နားတဲ့နေ့က သေနေ့ပေါ့.... :)
မွေးနေ့ တစ်ခု ရောက်လာတယ် ဆိုတာ.. တကယ်တော့ သေဖို့ တစ်ရက်နီးလာတယ်လို့လည်း ပြောလို့ရပါတယ်..
ဘာပဲဖြစ်ဖြစ်..
မွေးနေ့မှာ ကောင်းကျိုးလိုအင်ဆန္ဒတွေ အားလုံး ပြည့်ဝပါစေနော်..

Post a Comment