တခါက အိုလံပီယာတောင်ကြီးမှာ.. Zeus ကျောက် နတ်မင်းကြီးနဲ့ စိုးမြတ် Hera မိဖုယားကြီးတို့ရှိသတဲ့.. ။
တနေ့တော့ စိုးမြတ်ဟီရာ ကပြောသတဲ့... "ကိုကျောက်ရယ်..တော့ တောင်ပေါ်ကြီးမနေချင်ပါဘူး.. ကျုပ်မှာ မီးသတ်မျှော်စင်ပေါ်နေရသလိုပဲ၊ လေကလဲ တဝှီးဝှီးနဲ့ ပြူတင်းပေါက်ဖက်တောင်ကျောပေးမအိပ်ရဲဖူး.. ဝေသာလီဗျိုင်းဖြစ်မစိုးလို့ .. ကျုပ်..Cyprus ကျွန်းသွားမယ်တော်" နတ်မင်းကြီးကျောက်နဲနဲ စိတ်လေသွားတယ်.." မိန်းမရာ ငါ့ခရက်ဒစ်ကက်တွေကလဲ မင်းသုံးလွန်းလို့ လစ်မစ်တောင်ကျော်နေပြီ..အိမ်မှာငြိမ်ငြိမ်နေပါကွာ " လို့ပြောသတဲ့..၊ စိုးမြတ်ဟီရာကလဲ မီးပျက်ညရဲ့ ဘလော့ ကို ဖတ်ထားသူပဲ ဘယ်ရမလဲ.." ဟင့်..ဟင့်.." လို့ မျက်ရည်လဲကျပြလိုက်ရော..နတ်ကျောက်မင်းလဲ မနေနိုင်တော့ဘူး.. အင်း..မဖြစ်ဖူးမဖြစ်ဖူး..ဒီမိန်းမတောင် မကြီးပေါနိုင်ငံက ကဇော် မြှောက်ပေးလို့ လက်ကတီးကြား..ဟိုကတီးကြားက ချွေးတွေစုပြီး အလစ်မှာ ပက်ပြီး ရအောင်ယူထားတာ ချော့ထားမှ လို့ တွေးပြီး "ကဲ..ပါ မိန်းမရာ အခုပဲ အွန်လိုင်းကနေ လိန်ပျံလက်မှတ်ဝယ်လိုက်ပြီ " လို့ ပြောရသတဲ့..၊ ဟော..ဆိုက်ပရပ်လဲ ရောက်ရော တခါ စိုးမြတ်ဟီရာက တရုတ် ဆိုင်မှာ စားချင်ပြန်ရော..နတ်ကျောက်က ခရက်ဒစ်ကဒ်အကြွေးရင်လေးနေတာမို့.." မင်း ကနမော်နမဲ့နဲ့..၊ အဲဒီဆိုင်က လှေခါးက ခလုပ်တိုက်ပြီးမှောက်လဲအောင် လုပ်ထားတာကွ၊ လာစားတဲ့သူတွေကိုလဲ မှန်ကွဲအောင်လုပ်ခိုင်းပြီးအရော်တောင်းနေကြ.မင်းကိုယ်လုံးကြီးနဲ့ မှန် ၁၀ ချပ်လောက် ကွဲသွားနိုင်တယ်" လို့ ပြောပေမဲ့ '" ဟင့်အင်း..ဟင့်အင်း..အဲဒီမှာ အိုက်စကလင် ဆာတေး စားမလို့ ကြံနေတာကြာပေါ့" လို့ စိုးမြတ်ဟီရာက အမူပိုပို ပြန်ပြောသတဲ့..၊ သူလဲပြောရော နတ်ကျောက်တောင် အဲဒီဆိုင်က တရုတ်မရဲ့ အာတာပူစီ မီးကင်ရွရွကြီး ကြီးကို မျက်စေ့ထဲ ပြေးမြင်သတဲ့..ရှလွတ်... စားသောက်ဆိုင်မသွားခင် beach မှာရေကူးချင်တယ်ဆိုပြီး စိုးမြတ်ဟီရာက ရေကူးဝတ်စုံနဲ့ ရေထဲလဲဆင်းရော..နတ်ကျောက်ကြီးခမြာ အလန့်တကြားဖြစ်သွားသတဲ့..၊ " ဟာ.....မင်း...ဗိုက်ပူ တင်ကားကြီးနဲ့ စင်ကာပူက ဟို ဘလော့ကာ မမ ဝဝကြီးတွေ လို ဖြစ်နေပါ့လား" အဲ လို အားပေးစကားသံလဲကြားရော...စိုးမြတ်ဟီရာအရမ်းဒေါသဖြစ်သွားသတဲ့.."တော် ..ဘာစကားပြောတာလဲ ကျုပ်ဗိုက်ပူနေတာ ရှင့် ကြောင့်..ရှင့်ကြောင့်.." လို့ ပြောပြီး မေ့လဲ သွားလို့ 911 ခေါ်ပြီးဆေးရုံပို့လိုက်တော့ သမီးတော်လေးတပါး ဖွားမြင်သတဲ့..၊ သူ့နာမည်ကို အက်ဖရိုဒိုက်လို့မှည့်ပေမဲ့ လူတွေကတော့ white angle အဖြူရောင်နတ်သမီးလေးလို့ ခေါ်ကြသတဲ့..နတ်သမီးလေးမွေးတဲ့နေ့က....နိုဝင်ဘာလ ၁၉ ရက်နေ့တဲ့....
ကိုင်း...ဘကျောက်ပြောတဲ့ပုံပြင်ကတော့ ဒါပါပဲကွယ်..
5 comments:
ပြောရင်ယုံမလားနတ်သမီးလေးရေ မှန်တာပြော သစ္စာတဲ့နော်။ အခုအဒေါ်ငယ်ရဲ့ အနှစ်၄၀ မင်္ဂလာနဲ့ နတ်သမီးလေးရဲ့ မနက်ဖြန်ကျရောက်မဲ့ မွေးနေ့မင်္ဂလာရက်မြတ် မနေ့ညက မချစ်တို့နဲ့ဆုံဆည်းမှုလေး အဲဒါတွေကို စုပေါင်းပြီး ပို့စ်တစ်ပုဒ်အဖြစ်ရေးနေတာ။
မနက်ဖြန်မှ ဖဘမှာ သီးသန့်ဆုတောင်းပေးမယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အက်ဖရိုဒိုက် (a) အဖြူရောင်နတ်သမီးလေးရေ
ရောက်ခဲ့ဖတ်ခဲ့ပြီးသိလိုက်ရတယ်နော်
နတ်နတ်ရဲ့ ချစ်မ
ပုံပြင်လေးက မိုက်တယ်နော်...ဟိ
နတ်သမီးလေးရေ.. ပျော်ရွှင်တဲ့မွေးနေ့ပါ..
ကိုကြီးကျောက်ကိုသတိရသလို သူရေးထားတာလေးဖတ်ပီး ပြုံးမိတယ်...
ကိုကြီးကျောက် ကိုတော့ တကယ်လွမ်းပါတယ်ဗျာ..အဲ့လိုပြောရင်လဲ ကချစ်ဖေရာ ခုမှလာလွမ်းမနေပါနဲ့ဗျာ.လို့များ ပြောနေမလား မသိ..
Post a Comment