Wednesday, November 7, 2012

နန်းခင်ဇေယျာ..၊ယမုံမိုး..၊O Bama...၊ အခုအလှည့်ကျသူကတော့...သတ္တိ




မကြာသေးခင်က ကျမတို့တစ်တွေ Miss Myanmar နန်းခင်ဇေယျာ အတွက် Vote ပြီးကြပြီ..။
ပြီးတော့.. ယမုံမိုး..။
လောလောလတ်လတ် O Bama...။

အခုတစ်ခါ Vote ဖို့ အလှည့်ကျလာသူကတော့ မြဝတီ Documentry မှ စီစဉ်ကျင်းပသော People Choice Award ဆုအတွက် မြန်မာဇာတ်လမ်းတိုအများအပြား ဝင်ရောက်ယှဉ်ပြိုင်ထားကြပါတယ်။

အဲဒီဇာတ်လမ်းများထဲမှ 'ဒါရိုက်တာ၊သရုပ်ဆောင်“ သတ္တိ ”ပါဝင်သရုပ်ဆောင်ထားသော “ဝိဥာဉ်ရေးတဲ့ ဒိုင်ယာယီ”ဆိုတဲ့ ဇာတ်လမ်းလည်း ပါဝင်မှာဖြစ်ပါတယ်။
ဒါရိုက်တာ အမည်ကိုတော့“စွဲလန်းနေ”လို့ပေးထားပါတယ်။

အဲဒီဇာတ်လမ်းကို နိုဝင်ဘာ(၈)ရက်၊ ည(၇)နာရီတစ်ကြိမ်နှင့်(၁၀း၃၀)တစ်ကြိမ်။

(၉)ရက်နေ့ ည(၈း၄၅)တွင် တစ်ကြိမ် တို့တွင် ထုတ်လွှင့်ပြသသွားမှာဖြစ်တဲ့အတွက် မကြည့်လိုက်ရ မရှိရလေအောင် သတင်းကောင်း ပါးလိုက်ရပါတယ်။

အဲဒီဇာတ်လမ်းကိုကြည့်ပြီး မဲပေးချင်တယ်ဆိုရင်တော့ ကုတ်နံပါတ် SD14 ကို မိမိတို့၏ ဖုန်းMessage ထဲတွင်ရိုက်နှိပ်ပြီး (........)သို့ SMS ပေးပို့ရမှာ ဖြစ်ပါတယ်၊
ဇာတ်ကားပြသပြီးချိန်တွင် SMS ပေးပို့ရမည့် ဖုန်းနံပါတ်ကို ထပ်မံကြေငြာပေးပါ့မယ်။
ပေးပို့ရမယ့် ဖုန်းနံပါတ်ကို အခုကတည်းက ကြိုပြီး မပြောတာက ပြိုင်ပွဲစည်းကမ်းအရဖြစ်တာကတစ်ကြောင်း၊
ကြိုတင် ပြောလိုက်ရင် ဇာတ်ကား မကြည့်ရသေးပဲနဲ့ ဆန္ဒတွေစောပြီး ကြိုပို့ကြမှာစိုးလို့ပါတဲ့



ကဲ..
သတ္တိ ကိုယ်တိုင်သရုပ်ဆောင်ပြီး ကိုယ်တိုင် ဒါရိုက်တာလုပ်ထားတဲ့
“ဝိဥာဉ်ရေးတဲ့ ဒိုင်ယာယီ”ဇာတ်လမ်းလေးကို နိုဝင်ဘာ(၈)ရက်၊ ည(၇)နာရီတစ်ကြိမ်နှင့်(၁၀း၃၀)တစ်ကြိမ်။
(၉)ရက်နေ့ ည(၈း၄၅)တွင် တစ်ကြိမ် ပြသမှာဖြစ်တဲ့အတွက် လက်မလွတ်ကြဖို့ သတိပေးရင်း...

အကြိုက်ခြင်းတူရင် Vote လိုက်ကြစို့သူငယ်ချင်း...

1 comments:

တောက်ပကြယ်စင် said...

Z တ်ကားနာမည် ကြည့်ရုံနဲ့တင် စိတ်ဝင်စားလာပြီ နတ်သမီးရေ။ ကြည့်ချင်လိုက်တာ။ ချမ်းမြေ့ပါစေ
ခင်မင်တဲ့

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger