ကမ္ဘာဟာ ခဏခဏဖျားတယ်
လူတွေကလည်း တစ်စတစ်စ မာယာများလာကြတယ်
ဒေါသ..မောဟ..လောဘတွေကြား
လူစိတ်ပျောက် အပူသပိတ်တွေလည်း မှောက်ကြ
အမှားအမှန် ပဠိပက္ခတွေကြား
ကျမတို့ သတိထားမိကြတဲ့ ၂၁.၁၂.၂၀၁၂ ဆိုတဲ့နေ့မှာ
ကမ္ဘာကိုဖျက် အသစ်တည်မတဲ့
ဟောတဲ့သူတွေဟော..
ပြောတဲ့သူတွေလည်း ပြောလို့..
ကမ္ဘာမပျက်ခင်ကလေး
၁၂.၁၂.၂၀၁၂ မှာ အမှတ်တရ ရေး
ရတနာ(၃)ပါးဦးထိပ်ထား
ဘေးရန်ကင်းကွာစေကြောင်း ဆုတောင်းမေတ္တာ ပို့သဝေသည်
သတ္တဝါအပေါင်း အန္တရာယ်ကင်းရှင်းကြပါစေ....
လူတွေကလည်း တစ်စတစ်စ မာယာများလာကြတယ်
ဒေါသ..မောဟ..လောဘတွေကြား
လူစိတ်ပျောက် အပူသပိတ်တွေလည်း မှောက်ကြ
အမှားအမှန် ပဠိပက္ခတွေကြား
ကျမတို့ သတိထားမိကြတဲ့ ၂၁.၁၂.၂၀၁၂ ဆိုတဲ့နေ့မှာ
ကမ္ဘာကိုဖျက် အသစ်တည်မတဲ့
ဟောတဲ့သူတွေဟော..
ပြောတဲ့သူတွေလည်း ပြောလို့..
ကမ္ဘာမပျက်ခင်ကလေး
၁၂.၁၂.၂၀၁၂ မှာ အမှတ်တရ ရေး
ရတနာ(၃)ပါးဦးထိပ်ထား
ဘေးရန်ကင်းကွာစေကြောင်း ဆုတောင်းမေတ္တာ ပို့သဝေသည်
သတ္တဝါအပေါင်း အန္တရာယ်ကင်းရှင်းကြပါစေ....
3 comments:
မာယာများတဲ့လူတွေရဲ့ ရပ်တည်မှုအတွက် ကျားကန်ပြီးနေပေးရတဲ့ ကမ္ဘာကြီးလည်း သနားစရား)
နတ်သမီးလေးရဲ့ တောင်းဆုလေးပြည့်ပါစေလို့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကမ္ဘာကိုဖျက် အသစ်တည်မတဲ့
ဟောတဲ့သူတွေဟော..
ပြောတဲ့သူတွေလည်း ပြောလို့ ...
သတ္တဝါအပေါင်း အန္တရာယ်ကင်းရှင်းကြပါစေ ...
လို့ဝေမျှသော စေတနာကို ဆောင်ယူခဲ့ပါတယ် ...
ကမ္ဘာဖျားတာကြာပြီပဲညီမရယ်။လူစိတ်ပျောက်တဲ့သူတွေကြောင့်အပူသပိတ်မှောက်တာဆိုရင်ပိုကောင်းမလားပဲ။သပိတ်မှောက်တာကလူစိတ်ပျောက်နေတဲ့သူတွေမဟုတ်ဘူးမဟုတ်လားညီမ။ကမ္ဘာကတော့ပျက်နေတာခဏခဏပဲ။စာမျက်နှာတွေပေါ်မှာ။စောင့်ကြည့်ရဦးမှာပါပဲ။ကဗျာလေးကောင်းတယ်။အစ်ကိုလည်းမြန်မာပြည်ပြန်ရောက်နေလို့ပြန်မယ့်ကိစ္စနဲ့မအားတာဘယ်ဘလော့မှမလည်နိုင်ဘူး။
Post a Comment