ဒီနေ့ဟာ “သက်တန့်ချို”လို့ခေါ်တဲ့ ကျမမောင်လေးရဲ့မွေးနေ့ဖြစ်ပါတယ်
ကဗျာဆရာ၊ စာရေးဆရာ၊ ဆရာဝန်တစ်ယောက်ဖြစ်တဲ့မောင်လေး သက်တန့်ချိုရဲ့မွေးနေ့မှာ သူ့ကိုပြောချင်တဲ့ စကားတချို့ကို စာတစ်စောင်အဖြစ် အသွင်ပြောင်းပြီး ရေးဖြစ်ခဲ့တယ်။
.............................. .......
အေးမြတဲ့ ဒီဇင်ဘာ ဆောင်းနှင်းပွင့်တို့နဲ့အတူ လူ့ဘဝထဲကို ရောက်လာခဲ့တဲ့မောင်လေးရေ..
ပြက္ခဒိန်ထဲက နှစ်တစ်နှစ်ရဲ့ နောက်ဆုံးစာမျက်နှာကိုရောက်တို င်း မမေ့မလျော့ ငါ အမှတ်တရရှိနေတတ်တာက “17,December” ဆိုတဲ့နင့်ရဲ့မွေးနေ့ပါပဲ..နင်ရေးခဲ့ဖူးတဲ့“နိုဝင်ဘာ ပြီးရင် ဒီဇင်ဘာ...” ဆိုတဲ့ စာသားလေးအတိုင်း
ကဗျာဆရာ၊ စာရေးဆရာ၊ ဆရာဝန်တစ်ယောက်ဖြစ်တဲ့မောင်လေး သက်တန့်ချိုရဲ့မွေးနေ့မှာ သူ့ကိုပြောချင်တဲ့ စကားတချို့ကို စာတစ်စောင်အဖြစ် အသွင်ပြောင်းပြီး ရေးဖြစ်ခဲ့တယ်။
..............................
အေးမြတဲ့ ဒီဇင်ဘာ ဆောင်းနှင်းပွင့်တို့နဲ့အတူ လူ့ဘဝထဲကို ရောက်လာခဲ့တဲ့မောင်လေးရေ..
ပြက္ခဒိန်ထဲက နှစ်တစ်နှစ်ရဲ့ နောက်ဆုံးစာမျက်နှာကိုရောက်တို
ငါ့ရဲ့မွေးနေ့ နိုဝင်ဘာလကိုကျော်လို့ နင့်ရဲ့မွေးနေ့ ဒီဇင်ဘာလကိုရောက်လာခဲ့ပြီနော်..
ဒီဇင်ဘာနဲ့နှင်း
အေးချမ်းခြင်းနဲ့ဖြူစင်ခြင်း
Christmas နဲ့ Snow Man
အဲဒီလိုပဲ..
နိုဝင်ဘာနဲ့ဒီဇင်ဘာ
ငါနဲ့နင်ဟာ
အရှေ့အနောက်၊ တောင်နဲ့မြောက်လိုခွဲမရတဲ့ မောင်နှမတွေဖြစ်တယ်..
တစ်နေ့က နင့်ရဲ့မွေးနေ့ ရောက်တော့မယ်ဆိုတဲ့အကြောင်း မသိမသာ သတိပေးထားတဲ့ Statusလေးကို Facebookမှာ ဖတ်လိုက်ရတယ်။
နင့်ရဲ့မွေးနေ့ကို ငါ မေ့နေလိမ့်မယ်လို့ ထင်နေလို့လား..
ငါ..ဆိုတဲ့ နင့်အစ်မက မွေးနေ့ပွဲလုပ်ရတာကို သိပ်ဝါသနာပါတဲ့သူ..
Google Image က အစားအသောက် ပုံလှလှလေးတွေကိုရှာပြီး သူငယ်ချင်းတွေရဲ့မွေးနေ့ပွဲတွေ ကို ကျင်းပပေးရင်း ကြည်နူးနေတတ်တာမျိုး..။
အဲဒီလိုပဲ ငါ့ရဲ့မွေးနေ့ကိုလည်း သူငယ်ချင်းတွေက အမှတ်တရကဗျာလေးတွေရေးပေးကြ၊ ပို့စ်ကဒ်ပုံလေးတွေပို့ပြီး မွေးနေ့ဆုတောင်းပေးကြတဲ့အခါ
ငါ သိပ်ကိုကြည်နူးမိတယ်။
မိဘမေတ္တာကို ငတ်ခဲ့တဲ့ငါ၊ မောင်နှမ မေတ္တာကို ငတ်ခဲ့တဲ့ ငါ့ဘဝက သိပ်ကို အထီးကျန်ပါတယ်။
သူငယ်ချင်းတွေရဲ့ဂရုစိုက်မှုကို ငါ ရရှိတဲ့အခါ သိပ်ပျော်တယ်။
အကြင်နာ မေတ္တာ နွေးထွေးမှုတွေကို မက်မောတဲ့ငါဟာ လူတစ်ယောက်ကို သံယောဇဉ်တွယ်မိပြီဆိုရင်လည်း အဲဒီလူ ငါ့အပေါ် ညိုငြင်သွားမှာ သိပ်ကြောက်တယ်။
ငါ့လိုမေတ္တာငတ်တဲ့သူ တစ်ယောက်အဖို့ “ဂရုစိုက်ခြင်း”က အဓိကမို့ ဂရုအစိုက်မခံရတော့တဲ့အခါ အလိုလိုသိမ်ငယ်သွားတတ်တယ်။
ဒီကြားထဲ အတိုက်အခိုက်တွေနဲ့ကြုံရတဲ့အခါ တစ်ယောက်ထဲသမားမို့ စိတ်အားငယ်ရပြန်ရော..
အဲဒီလို အချိန်မျိုးမှာ နင်က ငါ့ဘေးနားမှာ အမြဲတန်းရှိနေပေးတယ်နော်..
နင်ဟာ ငါ့ရဲ့မောင်လေးဖြစ်သလို ငါအားကိုးရာလည်းဖြစ်တယ်
ငါ့ဘေးမှာ နင်ရှိပေးတဲ့အတွက် သိပ်ကိုကျေနပ်မိပါတယ်
နင်ဘာလုပ်လုပ်၊ ဘယ်သွားသွား ငါ့ကိုအသိပေးတတ်သလို
ငါ့ဖက်ကလည်း အပ်ကျတာကအစ နင့်ကိုအသိပေးလေ့ရှိတယ်။
မောင်လေးရေ..
တစ်ခါတစ်လေ ငါကဆိုးတယ်..၊ အဲဒီအတွက် နားလည်ပေးပါကွယ်..၊
ငါ့မှာ နိုင်စရာဆိုလို့ နင်ပဲရှိတာမဟုတ်လား၊ ငါ ပွစိပွစိလုပ်တဲ့အခါ နင် စိတ်ပျက်နေမလား..၊ ငါ ပြောပြမယ်နော်..၊
ငါက တစ်ကောင်ကြွက်မို့ မေတ္တာငတ်နေတဲ့သူ၊ နင် အပါအဝင် သူငယ်ချင်းတွေဆီက
မေတ္တာလိုချင်တဲ့အခါ ဂရုစိုက်မှုတွေကို ရယူချင်တဲ့အခါငါက ကလေးဆန်ဆန် ဆိုးနွဲ့ပြုမူဆက်ဆံတတ်တယ်၊
ဘယ်သူ့အပေါ်မှာမဆို ငါက ဆိုးလို့ အနိုင်ယူလို့ရတဲ့ အငယ်ဖြစ်ချင်ခဲ့တာပါ။
နင့်အပေါ်မှာလည်း ထိုနည်းလည်းကောင်းပဲပေါ့..၊တစ်ကယ်တော့
ငါက ဆိုးချင်တိုင်း ဆိုးလို့ရတဲ့ အစ်ကိုတစ်ယောက်လိုချင်ခဲ့တာ..း)
ဒါပေမယ့် နင်က ငါ့ထက် အသက်ငယ်နေတော့ ငါ့ရဲ့အနိုင်ယူမှုတွေက နင့်ကိုနှိုပ်စက်သလိုဖြစ်နေပြန်တယ်။
အသက်အပိုင်းအခြားအရ နင်နဲ့ငါ အသက်အများကြီးကွာပေမယ့်
နင်နဲ့တွေ့တဲ့အချိန်တိုင်းမှာ ငါက နင့်ရဲ့ညီမလေးဖြစ်သွားတတ်တယ်။“ညီမလေးဖတ်ဖို့”ဆိုတဲ့ သက်တန့်ချိုရဲ့ဆောင်းပါးတွေက
ငါ .. ဆိုတဲ့ နင့်အစ်မ ဖတ်ဖို့များ ရေးထားသလားပဲ.....း)
တစ်ခါတစ်လေ ငါ စိတ်ဓာတ်ကျနေတဲ့အခါ နင်ရေးထားတဲ့ဆောင်းပါးတွေက ငါ့ကို အားတက်စေတယ်..
တစ်ခါတစ်လေ နင့်ကဗျာတွေကိုဖတ်ရင်း အဲဒီကဗျာထဲကို ငါရောက်သွားတတ်တယ်..
ငါကချူခြာတယ်၊ ငါ နေမကောင်းဖြစ်တဲ့အခါတိုင်း နင်က ဆေးကုပေးလေ့ရှိတဲ့အတွက်
နင်ဟာ ငါ့ရဲ့ဆရာဝန်တစ်ယောက်လည်းဖြစ်ြ ပန်တယ်..
ငါ့ရဲ့လူမှုရေး စီးပွားရေးနဲ့ပတ်သက်လို့ နင်က ငါ့ရဲ့တိုင်ပင်ဖော်လည်းဖြစ်တယ်. .
နှလုံးသားရေးနဲ့ပတ်သက်လို့ နင်က ငါ့ရဲ့ရင်ဖွင့်ရာလည်းဖြစ်တယ်..
ကဗျာတွေကို မြတ်နိုးတဲ့ငါ့အတွက် နင်ဟာငါ့ရဲ့ကဗျာဆရာလည်းဖြစ်တယ်. .
တစ်ခါတစ်လေ ငါ စိတ်ထွက်ပေါက်ရှာတဲ့အခါ နင်က ငါ့ရဲ့ရန်ဖြစ်ဖော်လည်းဖြစ်တယ်..
အဲဒီလိုနဲ့ငါတို့နှစ်ယောက်ရဲ့သံ ယောဇဉ်က တစ်နှစ်ပြီးတစ်နှစ်.. တစ်ရစ်ပြီးတစ်ရစ်ပေါ့..
ငါ့ရဲ့မွေးနေ့တွေတိုင်းမှာ နင့်ရဲ့မွေးနေ့ဆုတောင်းလေးတွေနဲ့  ငါ့ကိုကြည်နူးစေခဲ့သလို နင့်ရဲ့မွေးနေ့တိုင်းမှာလည်း ငါ့ရဲ့မွေးနေ့ဆုတောင်းလေးတွေက နင့်ကို
ပျော်ရွှင်စေနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်..
ငါ ဘယ်ဘဝရောက်ရောက် ဘယ်နေရာရောက်ရောက် 17, December ရောက်တိုင်း ငါ့ရဲ့ဆုတောင်းလေးတွေ နင့်ရှေ့ကိုရောက်လာစေရမယ်..
ငါ့ဘဝမှာ နင်ဟာ တစ်နေရာစာရှိတယ်ဆိုတာကို ယုံ...
မောင်လေးရေ..
ငါတို့ ဘယ်လိုအခြေနေမျိုးပဲရောက်နေပါေ စ..
ငါတို့ရဲ့သံယောဇဉ်က ဘယ်တော့မှ ပြတ်မသွားဘူးကွဲ့..
နင်.. ငါ့ကို အလိုရှိတဲ့အချိန် “အစ်မရေ...”လို့သာ တမ်းတလိုက်ပါ..
နင့်ရှေ့ကို ငါ ရောက်လာခဲ့မယ်ဆိုတာ ယနေ့မှာ ကျရောက်တဲ့ နင့်ရဲ့မွေးနေ့ပွဲလေးကို သက်သေတည်ပြီး ပြောလိုက်ပါရစေ..
ဒီနှစ် ငါ့ရဲ့လက်ဆောင်ကတော့ ဒီဇင်ဘာလမှာ မွေးဖွားခဲ့တဲ့နင့်အတွက်
“Snow Man Party”ပွဲလေးကိုစီစဉ်ထားတယ်
HAPPY BIRTHDAY... ပါ မောင်လေးရေ...
နင့်အတွက် ငါ့ရဲ့လက်ဆောင်ကတော့ ဖိနပ်တစ်ရံ key change လေးပါပဲ၊
အဲဒီလက်ဆောင်လေးကို ပေးတာ အကြောင်းရှိတယ်..
ဖိနပ်ဆိုတာ တစ်စုံစီးရတာလေ..၊ တစ်ဖက်ထဲ စီးလို့မရသလိုမျိုးပေါ့၊
နင်လျှောက်တဲ့ ဘဝလမ်းခရီးမှာ နင့်အစ်မဖြစ်တဲ့ငါက နင် ခလုတ်မထိ ဆူးမငြိရအောင် ကာကွယ်ပေးတဲ့ ဖိနပ်လေးအဖြစ်နဲ့သော်လည်းကောင်း၊ ငါတို့လျှောက်တဲ့ဘဝ ခရီးလမ်းမှာ နင်က ညာဖက်ဖိနပ်လေးဖြစ်ရင် ငါက ဘယ်ဖက်ဖိနပ်လေးအဖြစ်နဲ့ မခွဲမခွာ အတူရှိနေမယ်ဆိုတဲ့ရည်ရွယ်ချက်လေးနဲ့ ဒီလက်ဆောင်ကိုရွေးချယ်ပြီး ပေးလိုက်တယ်နော်...
ငါ့ရဲ့မောင်လေး ယနေ့မှာ ကျရောက်တဲ့ မွေးနေ့ရက်မြတ်လေးမှ အစပြုပြီး လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝပါစေ..
ပျော်ရွှင်သော မိသားစုလေးကို ခိုင်မြဲစွာ တည်ဆောက်နိုင်ပါစေ...
အကျိုးပြု စာပေများကိုလည်း ဆက်လက်ရေးသားနိုင်ပါစေ..လို့ ဆန္ဒပြုရင်း....
နင့်ရဲ့အစ်မ.. နမ်းမဝ(အဖြူရောင်နတ်သမီး)
၁၇.၁၂.၂၀၁၂(တနင်္လာနေ့)
နံက် ၁း၄၀(ဆိုက်ပရပ်စ် စံတော်ချိန်)
ဒီဇင်ဘာနဲ့နှင်း
အေးချမ်းခြင်းနဲ့ဖြူစင်ခြင်း
Christmas နဲ့ Snow Man
အဲဒီလိုပဲ..
နိုဝင်ဘာနဲ့ဒီဇင်ဘာ
ငါနဲ့နင်ဟာ
အရှေ့အနောက်၊ တောင်နဲ့မြောက်လို
တစ်နေ့က နင့်ရဲ့မွေးနေ့ ရောက်တော့မယ်ဆိုတဲ့အကြောင်း မသိမသာ သတိပေးထားတဲ့ Statusလေးကို Facebookမှာ ဖတ်လိုက်ရတယ်။
နင့်ရဲ့မွေးနေ့ကို ငါ မေ့နေလိမ့်မယ်လို့ ထင်နေလို့လား..
ငါ..ဆိုတဲ့ နင့်အစ်မက မွေးနေ့ပွဲလုပ်ရတာကို သိပ်ဝါသနာပါတဲ့သူ..
Google Image က အစားအသောက် ပုံလှလှလေးတွေကိုရှာပြီး သူငယ်ချင်းတွေရဲ့မွေးနေ့ပွဲတွေ
အဲဒီလိုပဲ ငါ့ရဲ့မွေးနေ့ကိုလည်း သူငယ်ချင်းတွေက အမှတ်တရကဗျာလေးတွေရေးပေးကြ၊ ပို့စ်ကဒ်ပုံလေးတွေပို့ပြီး မွေးနေ့ဆုတောင်းပေးကြတဲ့အခါ
ငါ သိပ်ကိုကြည်နူးမိတယ်။
မိဘမေတ္တာကို ငတ်ခဲ့တဲ့ငါ၊ မောင်နှမ မေတ္တာကို ငတ်ခဲ့တဲ့ ငါ့ဘဝက သိပ်ကို အထီးကျန်ပါတယ်။
သူငယ်ချင်းတွေရဲ့ဂရုစိုက်မှုကို ငါ ရရှိတဲ့အခါ သိပ်ပျော်တယ်။
အကြင်နာ မေတ္တာ နွေးထွေးမှုတွေကို မက်မောတဲ့ငါဟာ လူတစ်ယောက်ကို သံယောဇဉ်တွယ်မိပြီဆိုရင်လည်း အဲဒီလူ ငါ့အပေါ် ညိုငြင်သွားမှာ သိပ်ကြောက်တယ်။
ငါ့လိုမေတ္တာငတ်တဲ့သူ တစ်ယောက်အဖို့ “ဂရုစိုက်ခြင်း”က အဓိကမို့ ဂရုအစိုက်မခံရတော့တဲ့အခါ အလိုလိုသိမ်ငယ်သွားတတ်တယ်။
ဒီကြားထဲ အတိုက်အခိုက်တွေနဲ့ကြုံရတဲ့အခါ တစ်ယောက်ထဲသမားမို့ စိတ်အားငယ်ရပြန်ရော..
အဲဒီလို အချိန်မျိုးမှာ နင်က ငါ့ဘေးနားမှာ အမြဲတန်းရှိနေပေးတယ်နော်..
နင်ဟာ ငါ့ရဲ့မောင်လေးဖြစ်သလို ငါအားကိုးရာလည်းဖြစ်တယ်
ငါ့ဘေးမှာ နင်ရှိပေးတဲ့အတွက် သိပ်ကိုကျေနပ်မိပါတယ်
နင်ဘာလုပ်လုပ်၊ ဘယ်သွားသွား ငါ့ကိုအသိပေးတတ်သလို
ငါ့ဖက်ကလည်း အပ်ကျတာကအစ နင့်ကိုအသိပေးလေ့ရှိတယ်။
မောင်လေးရေ..
တစ်ခါတစ်လေ ငါကဆိုးတယ်..၊ အဲဒီအတွက် နားလည်ပေးပါကွယ်..၊
ငါ့မှာ နိုင်စရာဆိုလို့ နင်ပဲရှိတာမဟုတ်လား၊ ငါ ပွစိပွစိလုပ်တဲ့အခါ နင် စိတ်ပျက်နေမလား..၊ ငါ ပြောပြမယ်နော်..၊
ငါက တစ်ကောင်ကြွက်မို့ မေတ္တာငတ်နေတဲ့သူ၊ နင် အပါအဝင် သူငယ်ချင်းတွေဆီက
မေတ္တာလိုချင်တဲ့အခါ ဂရုစိုက်မှုတွေကို ရယူချင်တဲ့အခါ
ဘယ်သူ့အပေါ်မှာမဆို ငါက ဆိုးလို့ အနိုင်ယူလို့ရတဲ့ အငယ်ဖြစ်ချင်ခဲ့တာပါ။
နင့်အပေါ်မှာလည်း ထိုနည်းလည်းကောင်းပဲပေါ့..၊တစ်ကယ်တော့
ငါက ဆိုးချင်တိုင်း ဆိုးလို့ရတဲ့ အစ်ကိုတစ်ယောက်လိုချင်ခဲ့တာ..း)
ဒါပေမယ့် နင်က ငါ့ထက် အသက်ငယ်နေတော့ ငါ့ရဲ့အနိုင်ယူမှုတွေက နင့်ကိုနှိုပ်စက်သလိုဖြစ်နေပြန်တယ်။
အသက်အပိုင်းအခြားအရ နင်နဲ့ငါ အသက်အများကြီးကွာပေမယ့်
နင်နဲ့တွေ့တဲ့အချိန်တိုင်းမှာ ငါက နင့်ရဲ့ညီမလေးဖြစ်သွားတတ်တယ်။
ငါ .. ဆိုတဲ့ နင့်အစ်မ ဖတ်ဖို့များ ရေးထားသလားပဲ.....း)
တစ်ခါတစ်လေ ငါ စိတ်ဓာတ်ကျနေတဲ့အခါ နင်ရေးထားတဲ့ဆောင်းပါးတွေက ငါ့ကို အားတက်စေတယ်..
တစ်ခါတစ်လေ နင့်ကဗျာတွေကိုဖတ်ရင်း အဲဒီကဗျာထဲကို ငါရောက်သွားတတ်တယ်..
ငါကချူခြာတယ်၊ ငါ နေမကောင်းဖြစ်တဲ့အခါတိုင်း နင်က ဆေးကုပေးလေ့ရှိတဲ့အတွက်
နင်ဟာ ငါ့ရဲ့ဆရာဝန်တစ်ယောက်လည်းဖြစ်ြ
ငါ့ရဲ့လူမှုရေး စီးပွားရေးနဲ့ပတ်သက်လို့ နင်က ငါ့ရဲ့တိုင်ပင်ဖော်လည်းဖြစ်တယ်.
နှလုံးသားရေးနဲ့ပတ်သက်လို့ နင်က ငါ့ရဲ့ရင်ဖွင့်ရာလည်းဖြစ်တယ်..
ကဗျာတွေကို မြတ်နိုးတဲ့ငါ့အတွက် နင်ဟာငါ့ရဲ့ကဗျာဆရာလည်းဖြစ်တယ်.
တစ်ခါတစ်လေ ငါ စိတ်ထွက်ပေါက်ရှာတဲ့အခါ နင်က ငါ့ရဲ့ရန်ဖြစ်ဖော်လည်းဖြစ်တယ်..
အဲဒီလိုနဲ့ငါတို့နှစ်ယောက်ရဲ့သံ
ငါ့ရဲ့မွေးနေ့တွေတိုင်းမှာ နင့်ရဲ့မွေးနေ့ဆုတောင်းလေးတွေနဲ
ပျော်ရွှင်စေနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်..
ငါ ဘယ်ဘဝရောက်ရောက် ဘယ်နေရာရောက်ရောက် 17, December ရောက်တိုင်း ငါ့ရဲ့ဆုတောင်းလေးတွေ နင့်ရှေ့ကိုရောက်လာစေရမယ်..
ငါ့ဘဝမှာ နင်ဟာ တစ်နေရာစာရှိတယ်ဆိုတာကို ယုံ...
မောင်လေးရေ..
ငါတို့ ဘယ်လိုအခြေနေမျိုးပဲရောက်နေပါေ
ငါတို့ရဲ့သံယောဇဉ်က ဘယ်တော့မှ ပြတ်မသွားဘူးကွဲ့..
နင်.. ငါ့ကို အလိုရှိတဲ့အချိန် “အစ်မရေ...”လို့သာ တမ်းတလိုက်ပါ..
နင့်ရှေ့ကို ငါ ရောက်လာခဲ့မယ်ဆိုတာ ယနေ့မှာ ကျရောက်တဲ့ နင့်ရဲ့မွေးနေ့ပွဲလေးကို သက်သေတည်ပြီး ပြောလိုက်ပါရစေ..
ဒီနှစ် ငါ့ရဲ့လက်ဆောင်ကတော့ ဒီဇင်ဘာလမှာ မွေးဖွားခဲ့တဲ့နင့်အတွက်
“Snow Man Party”ပွဲလေးကိုစီစဉ်ထားတယ်
HAPPY BIRTHDAY... ပါ မောင်လေးရေ...
နင့်အတွက် ငါ့ရဲ့လက်ဆောင်ကတော့ ဖိနပ်တစ်ရံ key change လေးပါပဲ၊
အဲဒီလက်ဆောင်လေးကို ပေးတာ အကြောင်းရှိတယ်..
ဖိနပ်ဆိုတာ တစ်စုံစီးရတာလေ..၊ တစ်ဖက်ထဲ စီးလို့မရသလိုမျိုးပေါ့၊
နင်လျှောက်တဲ့ ဘဝလမ်းခရီးမှာ နင့်အစ်မဖြစ်တဲ့ငါက နင် ခလုတ်မထိ ဆူးမငြိရအောင် ကာကွယ်ပေးတဲ့ ဖိနပ်လေးအဖြစ်နဲ့သော်လည်းကောင်း၊ ငါတို့လျှောက်တဲ့ဘဝ ခရီးလမ်းမှာ နင်က ညာဖက်ဖိနပ်လေးဖြစ်ရင် ငါက ဘယ်ဖက်ဖိနပ်လေးအဖြစ်နဲ့ မခွဲမခွာ အတူရှိနေမယ်ဆိုတဲ့ရည်ရွယ်ချက်လေးနဲ့ ဒီလက်ဆောင်ကိုရွေးချယ်ပြီး ပေးလိုက်တယ်နော်...
ငါ့ရဲ့မောင်လေး ယနေ့မှာ ကျရောက်တဲ့ မွေးနေ့ရက်မြတ်လေးမှ အစပြုပြီး လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝပါစေ..
ပျော်ရွှင်သော မိသားစုလေးကို ခိုင်မြဲစွာ တည်ဆောက်နိုင်ပါစေ...
အကျိုးပြု စာပေများကိုလည်း ဆက်လက်ရေးသားနိုင်ပါစေ..လို့ ဆန္ဒပြုရင်း....
နင့်ရဲ့အစ်မ.. နမ်းမဝ(အဖြူရောင်နတ်သမီး)
၁၇.၁၂.၂၀၁၂(တနင်္လာနေ့)
နံက် ၁း၄၀(ဆိုက်ပရပ်စ် စံတော်ချိန်)
4 comments:
မွေးနေ့ရှင်လေး သက်တန့်ချို (a)လွမ်းနေခွင့် နဲ့ မွေးနေ့ရှင်များစွာတို့ကို စေတနာသဒ္ဓါ ထက်သန်စွာ ဖြူစင်စိတ်ထား အရင်းခံပြီး မွေးနေ့မင်္ဂလာရက်လေးတွေ ကျင်းပပေးလေ့ရှိတဲ့ နတ်သမီးလေးတို့ ဆန္ဒနဲ့ဘဝ တူညီဘို့ခက်ခဲတဲ့ လူ့လောကကြီးအလယ်မှာ အနီးစပ်ဆုံးထပ်တူညီမျှ ကျနိုင်ပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဘာပြောရမှန်းတောင်မသိတော့ပါဘူး ညည်းစာတွေထဲကအတိုင်းပေါ့ အစ်မတော်ရေ . . . မွေးနေ့တိုင်းကို သတိတရ ရှိတတ်တာ တန်ဖိုးထားတတ်တဲ့ အစ်မတော်ရဲ့ထူးခြားချက်ပါပဲ တို့တွေ တစ်သက်လုံး ဘာတွေ ဘယ်လိုဖြစ်နေပါစေ ညည်းကကျုပ်အစ်မ ကျုပ်က ညည်းမောင်လေးပဲအေ့း))
သက်တန့်ချို
မောင်နှမနှစ်ယောက် တယ်လဲ ချစ်ခင်ကြသကိုး
ကျွေးထားတာတွေကလဲ ရှယ်ဘဲ..
မွေးနေ့ရှင်ကြီးကိုတော့ ရန်ကုန်ရောက်မှ တကယ်ကျွေးခိုင်းရမယ်း))
ခုတော့ ပုံထဲက ကျွေးတဲ့သူလည်း ပျော်ပါစေ..
ဒီဇင်ဘာ 17 မွေးနေ့ရှင်လည်း ပျော်ရွှင် စိတ်ချမ်းသာပါစေ..
အောင်မြင်ပြည့်စုံသော ဘဝခရီးလမ်းကို ပျော်ရွှင်ချမ်းမြေ့စွာ လျှောက်လှမ်းရင်း ဝါသနာပါရာအလုပ်ကို ထူးချွန်အောင် လုပ်ဆောင်နိုင်ပါစေလို့...
ဖတ်ပြီးကြည်နူးမိတယ်...
တကယ်ကို ချစ်ကြတဲ့မောင်နှမတွေပဲ...
မိုးနတ်လဲ အားကျလိုက်ထှာ....:)
ခင်တဲ့...မိုးနတ်
Post a Comment