ညဥ့်မနက်ခင်မှာ ငါ့ဒါဏ်ရာက နက်သထက် နက်လာတယ်
တစ်စက်မှမထွက်တဲ့သွေးအစား ရင်ကွဲနာကဗျာတွေက တစ်ပုဒ်ပြီးတစ်ပုဒ်
လစ်လျှူရှုထားတာကိုမှ အဟုတ်ကြီးလို့(နင်)ထင်ရင်
နင်နဲ့ငါ ဝေးသထက်ဝေးရတော့မှာ..
အချိန်မှီ(နင်)ပြန်မလာရင်တော့..
လပြည့်ညမှာကြားရတဲ့ ဆောင်းအိုလုလင်ရဲ့ပုံပြင်ဟာ
ဒီခေတ်သစ်မှာ ဒဏ္ဍာရီအသစ်ဖြစ်တော့မယ်...
ဗျတ္တလို ပန်းမဆက်တော့ရင်လည်း နေ..
ဂစ်တာရှင်ရဲ့သီချင်းတစ်ပုဒ်ကိုတော့ နားထောင်ချင်ပါသေးတယ်
မဆုံနိုင်တဲ့မျဉ်းပြိုင်နှစ်ကြောင်းမှာ
ကဗျာတွေအမှတ်တရရှိနေမယ်..
အဖြေမတူတဲ့ စာတစ်ပုဒ်အတွက်
ဆန့်ကျင်ဖက် ပုံသေနည်းနှစ်ခုကိုပဲ အပြစ်ဖွဲ့ကြရအောင်
ချစ်သူရေ..
တို့တွေရဲ့ရင်ဟာ ကန္တာရတွေမဟုတ်ကြဘူးကွဲ့
နေနဲ့လလို.. အဝင်အထွက်
မျက်နှာချင်းဆိုင်လည်း ဖြစ်ကောင်းဖြစ်ရဲ့
ကျောခြင်းကပ်လည်း ဖြစ်ကောင်းဖြစ်ရဲ့
လင်းပုံခြင်းမတူပေမယ့် တို့တွေထာဝရ လင်းလက်ကြရအုံးမယ်...
2:29 PM
လင်းထက်

Posted in: 

Nicosia Time
1 comments:
ညဥ့်မနက်ခင်မှာ ငါ့ဒါဏ်ရာက နက်သထက် နက်လာတယ်
တစ်စကလေးရယ်မှမထွက်တဲ့သွေးအစား ရင်ကွဲနာကဗျာစာသားတွေက တစ်ပိုဒ်ပြီးတစ်ပုဒ်
လစ်လျှူရှုထားတာကိုမှ အဟုတ်ကြီးလို့(နင်)ထင်ရင်
ငါနဲ့နင် ဝေးသထက်ဝေးရတော့မှာ..
အချိန်မှီ(နင်)ပြန်မလာရင်တော့..
လပြည့်ညမှာကြားရတဲ့ စိတ်ပျော့ဆောင်းအိုလုလင်ရဲ့ပုံပြင်ဟာ
ဒီခေတ်သစ်မှာ ဒဏ္ဍာရီအသစ်ဖြစ်ရော့မယ်...
ဗျတ္တလို ပန်းမဆက်တော့ရင်လည်း နေ..
ဂစ်တာရှင်ရဲ့သီချင်းတစ်ပုဒ် တလေကိုတော့ မမေ့မလျော့နားထောင်ချင်ပါသေးတယ်
မဆုံနိုင်တဲ့မျဉ်းပြိုင်ငယ်နှစ်ကြောင်းမှာ
ကဗျာတွေဟာအမှတ်တရရှိနေမယ်..
အဖြေမတူတဲ့ အတွက်
ဆန့်ကျင်ဖက် ပုံသေနည်းနှစ်ခုကိုပဲ အပြစ်ဖွဲရစ့်ကြရအောင်လေ
ချစ်သူရေ..
တို့တွေရဲ့ရင်ဟာ ကန္တာရတွေမဟုတ်ကြဘူးကွဲ့
နေနဲ့လလို.. အဝင်အထွက်
မျက်နှာဖက်ချင်းဆိုင်လည်း ဖြစ်ကောင်းဖြစ်ရဲ့
ကျောခြင်းကပ်ခဲ့မလို့ လည်း ဖြစ်တန်ကောင်းဖြစ်ရဲ့
လင်းပုံခြင်းမတူပေမယ့် တို့တွေထာဝရ လင်းလက်ကြရအုံးမယ်...
Post a Comment