Wednesday, January 1, 2014

“ကျမဘဝကို ပြောင်းလဲစေသောနှစ်”


2013 ဆိုတဲ့ ဒီနှစ်...
ကျမရဲ့ single lifeမှ married lifeသို့ ပြောင်းလဲခဲ့ရတဲ့နှစ်...ပေါ့

အမှတ်တရ များစွာနဲ့ ပြည့်နှက်နေခဲ့တဲ့ ဒီနှစ်...
အတွေ့အကြုံပေါင်းများစွာ အခက်ခဲပေါင်းများစွာကို ဖြတ်သန်းခဲ့ရတဲ့နှစ်...
အတိုက်အခိုက်ပေါင်းများစွာကို ကျော်လွှားခဲ့ရတဲ့နှစ်...
အရင်းနှီးဆုံးမိတ်ဆွေတစ်ချို့ ကျမအနားက ထွက်ခွာသွားခဲ့ကြတဲ့နှစ်...
မရင်းနှီးသော မိတ်ဆွေတချို့ ကျမအနားကို ရောက်ရှိလာခဲ့ကြတဲ့နှစ်...
အပြောင်းအလဲပေါင်းများစွာနဲ့ ကျမကို အံ့သြသင့်စေခဲ့တဲ့နှစ် 2013ရဲ့ နောက်ဆုံးနေ့မှာ အမှတ်တရ ဖြစ်စေဖို့ ဒီစာလေးကို ရေးဖြစ်ခဲ့ပါတယ်။

ရေးချင်တာကတော့ ကျမရဲ့စိတ်အကြောင်းနဲ့ ဖတ်ခဲ့တဲ့ စာတွေအကြောင်းပါ။

TeanAger ဆိုတဲ့ လေတိုက်လို့ သစ်ရွက်လှုပ်ရင်တောင် စိတ်ကစားလို့ ရီတတ်တဲ့ ပထမအရွယ်မှာ အချစ်နဲ့ပတ်သက်တဲ့ မိုက်ရူးရဲဆန်ဆန် အချစ်စွန့်စားခန်း စာမျိုးတွေ၊ ယောက်ျားတစ်ယောက်ကို ကြိတ်ပြီး ကြွေနေတဲ့ (သို့) ကိုယ်က ဇွတ်လိုက်ကြိုက်ရတဲ့ မိန်းမနောက်ပိုး စာမျိုးတွေကို ကျမဖတ်လေ့ရှိတယ်။ စိတ်ကစားတဲ့အရွယ်ကိုးး....း)

ဒုတိယအရွယ်ရောက်ပြန်တော့ ကျမ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နေပြီ၊ အနည်းငယ် ရင့်ကျက်လာတဲ့စိတ်နဲ့ တည်တည်ငြိမ်ငြိမ်စာမျိုးတွေဖတ်တတ်လာတယ်။
ပထမ အရွယ်တုန်းကလို စိတ်လည်း မကစားတော့ဘူး၊ ကျမအနားမှာ ရစ်ဝဲလာကြတဲ့ ပျားပိတုန်းတွေကိုလည်း အိနြေ္ဒရှိစွာနဲ့ အကဲခတ် ဆက်ဆံတတ်လာတယ်။ ချစ်ခွင့်ပန်လာကြတဲ့ ပုရိသတွေကြားက ဒေါင်းမလေးလို ကိုယ့်ကိုယ်ကို ဝင့်ကြွားဂုဏ်ယူ ကျေနပ်နေတတ်ပြီ။
အမှားအမှန်ကို ခွဲခြားတတ်လာခဲ့ပြီ။

အဲဒီလိုနဲ့ မိန်းမတစ်ယောက်ရဲ့ အရင့်ကျက်ဆုံးအချိန်ဖြစ်တဲ့ တတိယအရွယ်ကို ရောက်ရှိလာခဲ့တယ်။
အခုအချိန်မှာ ကျမဖတ်တဲ့စာတွေကတော့ ဘဝနဲ့ဆိုင်တဲ့ စာမျိုးတွေဖြစ်လာခဲ့တယ်။ အတွေ့အကြုံ နှီးနှောဖလှယ်တဲ့ စာမျိုးတွေဖြစ်လာခဲ့တယ်။
ဘယ်အလုပ်မျိုးမဆို ဦးနှောက်နဲ့ ဆုံးဖြတ်တတ်လာတယ်၊
 အချစ်ဆိုလည်း ထိုနည်းလည်းကောင်းပဲ။
ကျမဖြတ်သန်းလာခဲ့ရတဲ့ ဘဝလမ်းပေါ်မှာ သင်္ခန်းစာတွေ အများကြီး သင်ယူလာခဲ့ရတယ်။

ပထမအရွယ်မှာ ပညာရှာ..
ဒုတိယအရွယ်မှာ ဥစ္စာရှာ..
တတိယအရွယ်မှာ ကြင်ရာရှာ... ဆိုသလိုပါပဲ

ကျမအတွက် ဘဝလက်တွဲဖော်နဲ့ ဒီနှစ် 2013မှာ အိမ်ထောင်ပြုခဲ့ပါတယ်။
2013 ကတော့ ကျမအတွက် အမှတ်တရ နှစ်ဖြစ်ခဲ့ပြီပေါ့ရှင်။
2013 ကုန်ဆုံးပြီး 2014 အဝင် ကျမတို့ရဲ့ အိမ်ထောင်သက်တမ်း (၁)နှစ်ပြည့်မြောက်တဲ့အချိန်မှာ ကျမရဲ့ခင်ပွန်းအတွက် ကျမ အခုလွယ်ထားရတဲ့ ရင်သွေးလေးကို မင်္ဂလာနှစ်ပတ်လည်လက်ဆောင်အဖြစ် ပေးနိုင်တော့မှာမို့ တွေးပြီး ကြည်နူးမိနေမိပါတယ်။

ကိုယ်ဝန်လွယ်ထားရတဲ့ကျမရဲ့စိတ်ဟာ အပျိုဘဝတုန်းက စိတ်နဲ့ လုံးဝကွာခြားခဲ့ရပြီ။
အပျိုဘဝတုန်းက Do or Dieဆိုတဲ့ စိတ်မျိုး ကျမမှာ မရှိတော့ဘူး။ ဘာပဲလုပ်လုပ် ဘာပဲဆုံးဖြတ် ဆုံးဖြတ် ဗိုက်ထဲက ရင်သွေးလေးအတွက် ခင်ပွန်းအတွက် ရှေ့တန်းတင်တတ်လာတယ်။

“နမ်းမဝ” ဆိုတဲ့ ဘဝက 2013မှာ ကျန်ခဲ့ပြီလေ။
2014မှ စပြီး ကျမ သေဆုံးတဲ့အထိ အချိန်ကာလတွေအားလုံးဟာ ကျမရဲ့ဗိုက်ထဲကရင်သွေးလေးနဲ့ ခင်ပွန်းအတွက်ဖြစ်သွားပြီ။
အပျိုဘဝကလိုမျိုး “တုန်းဆိုတိုက် ကျားဆိုကိုက်”ဆိုတဲ့ မာန်တွေ ကျမမှာ မရှိတော့ဘူး၊
ရန်ကို ရန်ခြင်း မတုန့်ပြန်တော့ဘူး။ ကျမရဲ့စိတ်ကိုက ငြိမ်သွားခဲ့တာ။ ကျမရဲ့စိတ်ကို ကျမရဲ့ဗိုက်ထဲက ရင်သွေးလေးက ပြောင်းလဲပေးခဲ့တာ။ အခုဆိုရင် ကျမဘဝလေး အေးချမ်းနေပြီ။
မိခင်တစ်ယောက်ရဲ့ စိတ်မျိုးကျမမှာရှိနေတတ်ပြီ၊ ကျမရဲ့ရင်သွေးလေးအတွက် ရှေ့ရေးကို တွေးနေတတ်ပြီ။ ကျမ လှဖို့ထက် ကျမရဲ့ရင်သွေးလေး ဝဖို့ကို ပိုတွေးနေတတ်ပြီ။


ဒီနေ့ 31.12.2013
2013နှစ်ရဲ့ နောက်ဆုံးနေ့ကို ဖြတ်ကျော်ဖို့ မိနစ်အနည်းငယ်သာ လိုတော့တယ်..
အပြင်မှာ လူငယ်တွေစုစုရုံးရုံး..
ဟိုတစ်စု ဒီတစ်စု..
ပန်းခြံတွေ..
စတိတ်ရှိုးတွေ..
ကလပ်တွေ..
ခြံကျယ်ကြီးတွေ..ထဲမှာ အစုလိုက် အဖွဲ့လိုက် စားကြ သောက်ကြ တေးသီချင်းဆို ပျော်ပါးမြူးခုန်ကြရင်း 2013နှစ်ကို နှုတ်ဆက်ပြီး 2014နှစ်ကို ကြိုဆိုဖို့ အသင့်ဖြစ်နေကြပြီ..။

ကျမရဲ့ single lifeမှ married lifeသို့ ပြောင်းလဲခဲ့ရတဲ့ 2013...
အမှတ်တရ များစွာနဲ့ ပြည့်နှက်နေခဲ့တဲ့ 2013...
အတွေ့အကြုံပေါင်းများစွာ အခက်ခဲပေါင်းများစွာကို ဖြတ်သန်းခဲ့ရတဲ့2013...
အတိုက်အခိုက်ပေါင်းများစွာကို ကျော်လွှားခဲ့ရတဲ့2013...
အရင်းနှီးဆုံးမိတ်ဆွေတစ်ချို့ ကျမအနားက ထွက်ခွာသွားခဲ့ကြတဲ့2013...
မရင်းနှီးသော မိတ်ဆွေတချို့ ကျမအနားကို ရောက်ရှိလာခဲ့ကြတဲ့2013...
အပြောင်းအလဲပေါင်းများစွာနဲ့ ကျမကို အံ့သြသင့်စေခဲ့တဲ့နှစ် 2013ရဲ့ နောက်ဆုံးနေ့ကို ဖြတ်သန်းရင်း ...
ကိုယ်ဝန်၎လခွဲရင်သွေးလေးကို လွယ်ထားရတဲ့ကျမကတော့  မိသားစုနဲ့အတူ မကြာခင်ရောက်ရှိတော့မယ့် 2014ကို ကြိုဆိုလိုက်ပါတယ်..


မကြာခင်ရောက်ရှိလာတော့မယ့် မင်္ဂလာရှိသော 2014နှစ်သစ်မှာ စာဖတ်သူအပေါင်း ကျန်းမာ ချမ်းသာပါစေကြောင်းနှင့် စီးပွားလာဘ်လာဘများ ဒီရေအလားတိုးတက်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်နော်..

Happy New Year..for All  2014










7 comments:

နေသွေး said...

အချိန်တွေတောင် ကုန်သွားပြီး ဘာလိုလိုနဲ့ ၂၀၁၄ ရောက်တော့မယ်...Cyprus ကျွန်းပေါ်က စာရေးကောင်းတဲ့ မမ တစ်ယောက်ကို ခုလို ကိုယ်ဝန်လေးနဲ့တွေ့ရတော့ ချစ်စရာလေး ဟီးဟီး

ရင်လှိုင်းခတ်သံ said...

မိခင်လောင်း ဖြစ်ရုံနဲ့  သားသမီး အတွက် ရှေ့ တန်းတင်လာ တယ်ဆိုတဲ့  စကားလေး ကြားတော့ မေကြီး ကို လွမ်းလာ တယ်။ ပျော်ရွှင်ပြီး ငြိမ်းချမ်းပြည့်စုံတဲ့ နှစ်သစ်တစ်ခု ပိုင်ဆိုင်နိုင်ပါစေ။

မိုးငွေ့........ said...

2013ကောင်းသောပြောင်းလဲခြင်းများစွာနဲ့ ဖြတ်သန်းခဲ့ရသလို 2014မှာလဲ ကျန်းမာပျော်ရွှ့င်စွာ မိသားစုစုံညီနဲ့ ဖြတ်ကျော်နိုင်ပါစေ...း)

ငဝန်နဒီ said...

၂၀၁၄ နှစ်သစ် မှာ မျိုးဆက်သစ် ကို ပိုက်ထွေးလို့  ပျော်ရွှင်ချမ်းမြှေ့ စွာ ပြည့်စုံချမ်းသာ နှစ်သစ် ဖြစ်ပါစေ

ငဝန်နဒီ said...

၂၀၁၄ နှစ်သစ် မှာ မျိုးဆက်သစ် ကို ပိုက်ထွေးလို့  ပျော်ရွှင်ချမ်းမြှေ့ စွာ ပြည့်စုံချမ်းသာ နှစ်သစ် ဖြစ်ပါစေ

ငဝန်နဒီ said...

၂၀၁၄ နှစ်သစ် မှာ မျိုးဆက်သစ် ကို ပိုက်ထွေးလို့  ပျော်ရွှင်ချမ်းမြှေ့ စွာ ပြည့်စုံချမ်းသာ နှစ်သစ် ဖြစ်ပါစေ

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ဟိုက်ရှားပါး)
ဘာလေးလဲဟေ့
ဘာလေးလဲ
ကျွန်တော်ကတော့ ကနေ့သေချာသိမယ်ထင်တယ်း)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger