အချစ်အကြောင်းလေး စဉ်းစားလိုက်တိုင်း...
ရင်ထဲမှာ မင်း ရောက်ရောက်လာတာ...
အချစ်သီချင်းလေးတွေ နားထောင်လိုက်တိုင်း...
မင်းအသံလေးတွေ ကြားကြားနေတာ..
အချစ်ကဗျာလေးတွေ ရေးမိလိုက်တိုင်း...
မင်းနာမည်လေးတွေ ရေးမိနေတာ...
အချစ်ကွန်ယက်ထဲက ရုန်းထွက်မရတာ...
တကယ်တော့...
မင်းနှလုံးသားမှာ ကပ်ငြိနေတဲ့
အချစ်လိပ်ပြာလေးတကောင်ပါ...။
Dear Angel.....(23)
18 hours ago
1 comments:
တစ်နှစ်ပြည့်မှာ မှတ်မှတ်ရရ
အချစ်အကြောင်းလေး ပြန်လာဖတ်သွားတယ်နော်။
ပျော်ရွှင်ပါစေ။
Post a Comment