ရင်ခုန်တတ်စ အရွယ်
ငယ်ငယ်က ချစ်ခဲ့ဖူးတယ်...
နူးညံ့တဲ့အသီး အပွင့်တွေလို
လတ်ဆတ်တဲ့အချစ်တွေနဲ့ပေါ့...
အချိန်ကာလတွေကျော်ဖြတ်
လူလတ်ပိုင်းအရွယ်
ရောက်ခဲ့ပြန်တော့
ချစ်မိပြန်တယ်...
ရင့်မှည့်တဲ့အသီးလို
မွှေးထုံ ချိုအီ
ပြည့်စုံ ရသာ
ရင့်ကျက်တဲ့ အချစ်တွေနဲ့မို့
ပိုလေးနက်တယ် ထင်မိ...
ကျမ ကတော့
ငယ်ငယ်က အချစ်ထက်
အခု အချစ်ကို ပိုမြတ်နိုးတယ်........။
1 comments:
လာလည်သွားပါတယ် ဒီထက် ပိုပြီးလဲေ၇းနိုင်ပါစေ
Post a Comment