Saturday, August 8, 2009

ကဗျာလေးထဲကလို....


ဘာကြောင့်လဲ....
ရှင်...ဘာကြောင့်.ကျမကို လှည့်မကြည့်တာလဲ
ရှင့်ရဲ့မျက်လုံးတွေကသာ

ကျမကို မကြည့်ဟန် ဆောင်နေပေမဲ့
ရှင့်ရဲ့...နှလုံးသားက
ကျမကို ကြည့နေတယ်ဆိုတာ
ကျမရဲ့ မျက်လုံးတွေက မမြင်ရပေမဲ့
ကျမရဲ့ နှလုံးသားလေးက ကျမကို
တိုးတိုးလေး လာပြောသွားလေရဲ့
“သူ”မင်းကို ကြည့်နေတယ် တဲ့လေ

တစ်ကယ်လို့များ
ရှင့်ရဲ့နှလုံးသားလေးဟာ
စာရေးလို့ ရတဲ့စာရွက်ဖြူဖြူလေးတစ်ရွက်သာ
ဖြစ်ခဲ့မယ်ဆိုရင်
ကျမရင်ထဲက ခံစားချက်တွေကို
အဲဒီ စာရွက်ဖြူဖြူလေးပေါ်မှာ
တစ်လုံးမကျန် ချရေးချင်ခဲ့တာပါ

တစ်ကယ်လို့များ
ရှင့်ရဲ့ ရင်ခွင်ဟာ
အိစက်ပျော့ပြောင်းတဲ့
ဖဲမွေ့ယာသာ ဖြစ်ခဲ့မယ်ဆိုရင်
အဲဒီ မွေ့ယာပေါ်မှာ
ကျမရဲ့ နှလုံးသားလေးကို
ထာဝရ အိပ်စက်စေချင်ခဲ့တာပါ

ဒါပေမဲ့
ဟိုး.. အရင်က
ကျမရေးခဲ့တဲ့
ကဗျာလေးထဲကလို

“ခံစားချက်ဆိုတာ...လူတိုင်းမှာရှိတယ်
ဖွင့်ဟလို့မရတဲ့ ခံစားချုက်....
ဖွင့်ပြလို့ရတဲ့ ခံစားချက်...
ခံစားချက်တိုင်းမှာ အဓိပ္ပါယ်ရှိတယ်....
ဖွင့်ပြလို့ မရပေမဲ့....

ဆက်ပြီး
ခံစားခွင့်တော့ရှိချင်သေးတယ်”

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger