Saturday, August 8, 2009

ရဲရဲသာ ရင်ဆိုင်လိုက်စမ်း


သံသယ မျက်လုံးတွေနဲ့
မင်းတွေးရင်
နှလုံးသားမှာ အဆိပ်သင့်မယ်
သဝန်တိုမှုတွေ
မီးဟုန်းဟုန်းတောက်လောင်နေတဲ့ ခဏ
ယုံကြည်မှု ကမ်းပါးတွေပြိုကျ
အရာရာတိုင်းဟာ တဒင်္ဂ
ငါတို့စီးဆင်းခဲ့ကြတဲ့..ဒီဘဝ
ကံကြမ္မာနဲ့ဆန္ဒထဲကအတိုင်း
ဘဝတွေဘယ်လိုကြမ်းကြမ်း
နောက်ပြန်မတွန့်စတမ်း
“ဘဝသစ်” ကို
ရဲရဲသာ ရင်ဆိုင်လိုက်စမ်း

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger