
ဟိုးရှေ့က တိမ်တိုက်တွေ
ငါ့ဆီ ပြေးလာနေကြတယ်
ပြီးတော့
ငါ့ကို ပွတ်သတ်ကြည်စယ်ပြီး
မြူမှုံအဖြစ်
ပြောင်းလဲ ကွယ်ပြောက်သွားကြတယ်
ဒီတစ်ခါလည်း
မျှော်လင့်ခြင်း အလင်းတန်းတွေ
ငါ့ဆီကို ပြေးလာနေကြပြန်ပြီ
ငါ့ နား အရောက်မှာ
အလင်းယိုင်ခြင်းတွေနဲ့
ငါနဲ့ ဝေးရာကို
လမ်းလွှဲသွားကြပြန်တယ်
အမှတ်မရှိတဲ့ ငါက
ငါ့ ရဲ့နှလုံးသား တည့်တည့်ဆီကို
ပြေးဝင်လာတဲ့
သံယောဇဉ်တစ်ခုကို
ဆီးကြိုလက်ခံမိပြန်တယ်
အဲ........
သူလည်းပဲ
ခဏကြာတော့
ငါ့ဆီက စွန့်ခွာလို့သွားပြန်တယ်
ငါ့ မှာတော့ဖြင့်
ဆီးကြိုလို့တောင် မဝသေးဘူး
1 comments:
ဒီကဗျာလေးကောင်းတယ်။ နိမိတ်ပုံယူတာလေးတွေ လှတယ်။ စည်းကြီးတားပြီး ကြိုနေသလိုပဲ။ အဲလိုတော့ မဟုတ်ဘူးထင်တယ် စီးလား ဆီးလားတော့ ကျွန်တော်လည်း မသိဘူး။
Post a Comment