![]()
ကျမကတော့ ကျိန်စာသင့်နေတဲ့လူတယောက်လိုပါပဲ..
နေ့ဆိုရင်တော့ အလုပ်တွေကို အားနဲ့မာန်နဲ့လုပ်ဆောင်နိုင်တယ်...
ညရောက်လို့ စိတ်ရောလူပါ.. ခြေကုန်လက်ပမ်းကျလာလို့..
စိတ်ကိုလွှတ်လိုက်တာနဲ့.တပြိုင်နက် ကျမရဲ့အတွေးထဲကို အလုပ်ကြောင့်ရတဲ့စိတ်ဖိစီးမှုတွေကျူးကျော်ဝင်ရောက်လာတော့တာပါပဲ...။
ကျမက ကျမကိုယ်ကျမ စိတ်ညစ်ဖို့ အချိန်မရှိလောက်အောင် အလုပ်တွေ ပိနေချင်တာပါ...
လူ့ဘဝရဲ့အဓိပ္ပါယ်ကိုက အလုပ်လုပ်နေခြင်းလို့ အဓိပ္ပါယ်သက်ရောက်နေစေချင်တာ..။
ဒါပေမယ့် လောကကြီးက တရားလွန်ပါတယ်..။
လူ့ဘဝရဲ့အဓိပ္ပါယ်ဆိုတာ... တခုတည်းမဟုတ်ဘူး...။
ခံစားချက်တွေ... ချစ်ခြင်းမေတ္တာတွေလည်းရောယှက်ပါဝင်နေသေးတယ်...။
အလုပ်ထဲမှာ အဆင်မပြေလို့ ကျမရဲ့အာရုံတွေ မျက်ရည်တချို့နဲ့ ဝေဝါးလာခဲ့ရင် ကျမလှမ်းကြည့်တတ်တာက“ပင်လယ်ပြင်” ကိုပါပဲ...။
စိတ်ဓာတ်ပျော့ညံ့တာလည်း မဟုတ်ပါပဲနဲ့ စိတ်ဖိစည်းမှုတွေ သိပ်များလာတဲ့အခါ ကျမအတွက် “ပင်လယ်”ဟာ အသက်ကယ်ဆေး တခွက်ဖြစ်ခဲ့တယ်...။ “ပင်လယ်”က ကျမရဲ့ ပျော့ညံ့မှုတွေကို ပြန်ပြီးမာကျောစေတယ်..။
ကျမရဲ့ ယိမ်းယိုင်မှုတွေကို ပြန်လည်တည့်မတ်စေတယ် ။
ကျမရဲ့ တွေဝေမှုတွေ ကိုပြတ်သားစေတယ်...။
ကျမရဲ့ ကစဉ့်ကလျှားဖြစ်မှုတွေကို..ပြန်စုစည်းစေတယ်...။
“ပင်လယ်”က ကျမအတွက်တော့ အရာခတ်သိမ်းပါပဲ...။
ကျမဘဝမှာ အလိုချင်ဆုံးအရာက“ပင်လယ်”နဲ့အတူ ရှိနေမယ့်အချိန်နာရီ နေ့ရက်တွေနဲ့ သက္ကရာဇ်တွေပါပဲ..။
ပြာသောကောင်းကင်ကြီးရဲ့အောက်က ကြည်လင်နေတဲ့“ပင်လယ်ပြင်”ကို ကြည့်ရတာ အေးချမ်းလိုက်တာ... ပင်လယ်ဟာ ကျမကို နားလည်မှုအပေးနိုင်ဆုံးနဲ့ ကျမရဲ့ခံစားချက်တွေကို ဝေမျှခံစားရင်း
အနီးဆုံးနေရာမှာ ကျမနဲ့အတူ ရှိနေပါတယ်...။
ကျမရဲ့ဆန္ဒကတော့ ပင်လယ်နဲ့အတူ ငြိမ်းချမ်းတဲ့ဘဝလေးကို...
တည်ဆောက်ချင်တာပါ..။
လာမယ့်မနက်ဖြန်တိုင်းမှာ...“ပင်လယ်”နှင့်အတူ....
ကျမရှင်သန်ခွင့်ရမယ်ဆိုပါလျှင်....................။
Dear Angel.....(26)
12 hours ago
12:40 PM
လင်းထက်
Posted in: 

Nicosia Time
2 comments:
ဘာပင်လယ်လည်းမသိဘူးဗျာ။
အင်း....တစ်ကယ့်ပင်လယ်ကတော့ မုန်တိုင်းတွေနဲ့ဗျ။
ကြောက်စရာကောင်းတယ် ။
ခံစားချက်လေးတွေကောင်းပါတယ်။
စာကောင်းလေးတွေ ဆက်လက်ရေးသားနိုင်ပါစေ...။
အားပေးလျက်..
တက်လူငယ်....
ဝင်ရောက် ခံစားမိပါတယ်...
အစဉ်လေးစားလျှက်........
Post a Comment