
အလှဆုံးပန်းလေးတစ်ပွင့်ကို
ငါ မခူးရရင်နေပါစေ
ခပ်နွမ်းနွမ်းပန်းတစ်ပွင့်ကိုသာ
ငါ အလိုရှိသည်
ဓူဝံကြယ်လို မတောက်ပရင်နေပါစေ
မှုန်ပြပြ အလင်းတစ်ခုကိုသာ
ငါ မြတ်နိုးသည်
အချစ်မိုးတွေဝေါကနဲ
ရွာမချရင် နေပါစေ
တစ်ပြောက်နှစ်ပြောက်သာ ကျတတ်တဲ့
မေတ္တာမိုးပြေးကိုသာ
ငါ တမ်းတမိသည်
မင်းနဲ့ငါ မဆုံဆည်းရရင်နေပါစေ
တွေ့ရတဲ့အချိန်တိုလေးကိုသာ
ငါ ကြည်နူးမိသည်
တမ်းတသူ ငါကတော့
နေမြင့်လေအရူးရင့်လေမို့
မင်း.... ငါ့ကို
ခပ်ပြင်းပြင်းအချစ်တွေ မပေးနိုင်ရင်တောင်
ဒီနေ့က“စ”ပြီး
ကျမ ရှင့်ကို
ပိုချစ်ခွင့်ပေးပါ သခင်။
12:52 PM
လင်းထက်
Posted in: 

Nicosia Time
0 comments:
Post a Comment