Saturday, August 8, 2009

အဆိပ်သင့်...သူ


နှလုံးသားမှာ ဆူးနစ်နာကျင်တဲ့ ဝေဒနာတွေနဲ့
အချစ်ဆိုတဲ့အခန်းကျဉ်း ထောင့်တစ်နေရာမှာ
“ငါ”...........
ငူငူကြီး ထိုင်နေတယ်

ဒီဝေဒနာကို ဘာကြောင့်
ငါ ယူနေမိပါလိမ့်

တွေးရင်းနဲ့ပဲ
ငါ့နှလုံးသားက
သွေးစိမ်းရှင်ရှင်တွေ
“ဝေါ” ကနဲ ထွက်ကျအလာ

နောက်ဆုံးထွက်သက်မရောက်ခင်
သိလိုက်ရတာက
“ငါ”.......
အဆိပ်သင့်သူ

1 comments:

နွေဆူးလင်္ကာ said...

အင်း အဲဒီအဆိပ်ကတော့ ဖြေဆေးမရှိဘူးထင်တယ်နော်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger