Saturday, August 8, 2009

စိတ်ကောက်တဲ့....ည


ခက်လိုက်တာ.....
အိပ်လို့မရတဲ့“ည”
နာရီလက်တံတွေ ကျော်ဖြတ်
ကမ်းစပ်က မရပ်တဲ့ “ဒီရေလှိုင်းသံ”
နားဝင် မချိုတဲ့“ည”

အတွေးတွေ ရှုပ်ယှက်ခတ်
စိတ်ကို ဇွတ်ဖြတ်ပြီး
မီးမှိတ်ကာ ခြင်ထောင်ချ

ခေါင်းအုံးပေါ်ကို
ခေါင်းအချမှာ
ကျမ နှလုံးသားလေး ပဲ့ကြွေကျ

ပြဿနာက ကျမ...သူ့ကို မေ့လို့မရ
“ပင်လယ်”နဲ့ စိတ်ကောက်တဲ့“ည”

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger