ကျမ လက်ရှိနေထိုင်သော မြို့လေးတွင်..ရှေးနှစ်ပေါင်းများစွာက..မြေအောက်မှာတည်ဆောက်ထားတဲ့.."CATACOMBS" အမည်ရှိ..ဂူဘုရားကျောင်းလေးတစ်ခု ရှိပါတယ်...။အဲဒီ ဘုရားကျောင်းလေးကို..နတ်ဘုရား...“St.Solomoni" က စောင့်ရှောက်တယ်လို့....သမိုင်းအထောက်အထားများအရ...သိရှိရပါတယ်...။ အဲဒီ ဘုရားကျောင်းလေးကို..သဘာဝ အလျှောက် အုပ်မိုးထားတဲ့..သစ်ပင်ကြီးတစ်ပင် ရှိပါတယ်...။အဝေးကနေကြည့်ရင်...သစ်ပင်ကြီးကိုသာ မြင်ရပေမဲ့....အနီးကိုရောက်တဲ့အခါ...မြေအောက်ဂူ ဘုရားကျောင်းလေးကို...တွေ့ရပါလိမ့်မယ်....အဲဒီ ဘုရားကျောင်းလေးထဲမှာ...ပန်း....ဆီမီး များပူဇော်ပြီး..လိုရာဆုတောင်းရင် ဆုတောင်းပြည့်တယ်တဲ့..။အထူးသဖြင့်..နေမကောင်း...နာမကျန်း ဖြစ်သူတွေ..အတွက်..ပိုထူးခြားမှုရှိတယ်လို့ သိရပါတယ်...။အပင်ပေါ်မှ တွဲလဲကျနေသော..လက်ကိုင်ပုဝါများနှင့်ဝေဆာနေသော...ဤသစ်ပင်ကြီးမှာ...လက်ကိုင်ပုဝါ(သို့)ပိတ်စတစ်ခုပေါ်တွင်...မိမိဆန္ဒ...မိမိဆုတောင်းများကို...ချရေးပြီး...တွဲလောင်းကျနေသော...နောက်ဆုံး လက်ကိုင်ပုဝါ နှင့်...မိမိ၏ လက်ကိုင်ပုဝါကို...ဆက်လက်၍ ချည်နှောင်လိုက်ပါ...။တစ်ခုနှင့်တစ်ခု ဆက်သွယ်နေသော...ဤလက်ကိုင်ပုဝါလေးများ၏...ဓာတ်ဆက်ထားသော...အစွမ်းသတ္တိကြောင့်...မိမိတောင်းသော..“ဆု”များ...အလိုလိုပြည့်သည်ဟု...ဒေသခံများက ယုံကြည်ကြပါကြောင်း.....။
နွေဦးတော်လှန်ရေး - ၄၅
2 days ago
0 comments:
Post a Comment