Thursday, August 6, 2009

ငါ....နှစ်ကိုယ်ခွဲ


မိုးတွေရွာနေတဲ့တစ်နေ့
ငါ နင့်ဆီကိုရောက်လာခဲ့တယ်
အနက်ရှိုင်းဆုံး
နင့်ရဲ့နှလုံးသား တစ်ထောင့်မှာ
ငါ မိုးခိုခဲ့ဖူးတယ်

နင် ညည်းဆိုခဲ့ဖူးတဲ့
သံစဉ်ခပ်ပါးပါးလေးတွေကို
ငါ အခုထိ အမှတ်ရနေဆဲ
နင် ရေးဆပ်ခဲ့ဖူးတဲ့
ကဗျာတွေကြားမှာ
ငါ နွေးထွေးခဲ့ဖူးတယ်

ဟော........
မိုးဆည်းသွားပြီ
ငါ အိမ် ပြန်ရပြီပေါ့
နင့်ရဲ့
နှလုံးသားအိမ်ထဲက ထွက်ဖို့
ငါ ဟန်ပြင်လိုက်စဉ်မှာ
ငါ့ရဲ့နှလုံးသားက
တောင်းဆိုခဲ့တယ်

“သူ နင့်ရင်ထဲမှာ ကျန်နေခဲ့ပါရစေ”တဲ့

သူ့ကို ငါ ခေါင်းညှိမ့်(ငြိမ့်)ပြရင်း
“နှလုံးသားမဲ့သူအဖြစ်”
နင့်အနားက
လှည့်ထွက်လာခဲ့တယ်

နင်....
လိုက်မရှာနဲ့
နင့် ရင်ထဲမှာ
ငါ ရှိနေတယ်
တိမ်တွေတောင်
ငါ့ကို မြင်နေရတယ်

1 comments:

gadoe14 said...

ဒီကဗျာလေးကိုစတွေ့ ကထည်းကကြိုက်တာပါ

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger