အကယ်၍....
()ငွေသည် စိုးရိမ်ပူပန်မှုကို ဖြစ်စေသောကြောင့်..ငွေရေးကြေးရေးကိစ္စဆွေးနွေးခြင်းကို သင်ရှောင်ြကဉ်လျှင်...
()ငွေကြောင့်မိသားစုအတွင်း မကြာခန ကတောက်ကဆတ် ဖြစ်သည်ဆိုလျှင်.....
()သင်သည် မစဉ်းစား မဆင်ြခင်ပဲ ငွေကို အလွန်အကျွံသုံးစွဲသည်ဆိုလျှင်....
()သင်သည် ကျသင့်ငွေ တောင်းခံလွှာများနှင့် ပတ်သက်၍ အမြဲတစေ စိုးရိမ်ပူပန်နေသည်ဆိုလျှင်....
()သင် ငွေမည်မျှရသည်ကို မသေမချာဖြစ်နေလျှင်....
()သင်သည် ငွေမည်မျှသုံးလိုက်သည်ကို မသေမချာဖြစ်နေလျှင်...
()သင်၏ ကျသင့်ငွေ တောင်းခံလွှာများသည် သင်မျှော်လင့်ထားသည်ထက် ပိုများလေ့ရှိလျှင်....
()သင်၏ ကျသင့်ငွေများကို နောက်ကျမှ ပေးချေလေ့ရှိလျှင်....
()အကြွေးဝယ်ကတ်၏ ကျသင့်ငွေ တောင်းခံလွှာများကို အနည်းငယ်သာ ပေးချေနိုင်သည်ဆိုလျှင်....
()သင်၏ ကျသင့်ငွေ တောင်းခံလွှာများကို အခြားသော ပစ္စည်းများအတွက် လျှာထားသည့်ငွေဖြင့် ပေးချေသည်ဆိုလျှင်....
()ကြွေးဟောင်းဆပ်ရန် ကြွေးသစ်ယူခဲ့ရသည်ဆိုလျှင်...
()ပုံမှန်ကျသင့်ငွေ တောင်းခံလွှာများ ပေးဆောင်ရန် သင့်စုငွေများကို သုံးစွဲသည်ဆိုလျှင်...
()လမကုန်မီ ငွေပြတ်သွားလျှင်....
()ငွေများများရှာဖွေရန်လိုသည်ဟု ဖိအားပေးခံရလျှင်....
()ငွေနှင့်ဆက်နွယ်သော စိတ်ဖိစီးမှုကြောင့် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ရောဂါ လက္ခဏာများ သင်ခံစားရလျှင်.....
“ငွေသည် သင်၏ သခင်ဖြစ်နိုင်ပါသည်”....
( Dr.Rodger Handersonရေးသားသည့် ငွေရောဂါလက္ခဏာစု)
တယ်လီဖုန်း.....
3 days ago
0 comments:
Post a Comment