Saturday, August 15, 2009

ကျွန်မတွေ့ခဲ့ဖူးသော..သူတို့(၂)ယောက်

လူ့လောကတွင် ဖြစ်လေ့ဖြစ်ထရှိသော အဖြစ်အပျက်တွေဆိုပေမဲ့ ကျမအတွက်တော့
စဉ်းစားစရာအတွေးများစွာ ပဟေဠိများစွာကို သူတို့(၂)ဦးထံမှရရှိခဲ့ဖူးသည်..။
တစ်ယောက်က ကျမ၏ဘကြီးတော်သူ ဖြစ်ပြီး နောက်တစ်ယောက်ကတော့
ကျမတို့ရပ်ကွက်ထဲမှ 'ကိုမင်း' ဆိုသူဖြစ်သည်..။
လွန်ခဲ့သော(၂၅)နှစ်ခန့်က ဖြစ်သည်...ဘကြီးသည် ဒေးဒရဲမြို့နယ် အမာရွာမှ ရဲအရာရှိတစ်ယောက်ဖြစ်ပြီး
သမီး(၂)ယောက်နှင့် သား(၁)ယောက်ရှိသည်..
ဇနီးသည်ကိုလည်း အလွန်ချစ်သူဖြစ်သည်..။
အဲဒီအချိန်က ဘကြီး၏ အသက်မှာ (၄၇)နှစ်ခန့်ရှိပြီ ..သမီးအကြီးမှာ ရဲမေသင်တန်းတက်နေသူ..
သမီးအလတ်က တတိယနှစ် သက္ကသိုလ်ကျောင်းသူ.. သားအငယ်က (၈)တန်းကျောင်းသား..။
အလွန်ပျော်ရွှင်စရာကောင်းသော မိသားစုလေးပင်............................။
ရုတ်တရက် ဘကြီး၏ဇနီး ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးပါးသွားခဲ့သည်..။
ဇနီးဆုံးပြီး (၁)လ အကြာတွင် ဘကြီးတစ်ယောက်အစိုးရအလုပ်မှထွက်ပြီး
ရာသက်ပန် သာသနာ့ဘောင်သို့ဝင်သွားခဲ့သည်....။
သားသမီး(၃)ယောက်နှင့် အိမ်ကို ဆွေမျိုးများထံ အပ်နှံထားခဲ့သည်...။သား/သမီးများမှာ
ကလေးငယ်များ မဟုတ်ကြတော့သည့်အတွက် ဖခင်ဖြစ်သူ ဘကြီးအတွက် ကံကောင်းသည်ဟု
ဆိုရပေမည်...။ဘကြီးပြောပြချက်အရ မိသားစု သိုက်သိုက်ဝန်းဝန်း နေလာခဲ့ပြီး..
ဇနီးဖြစ်သူမရှိသည့်နောက် ဒီမိသားစုနှင့် မနေတတ်တော့သည့်အတွက် သာသနာ့ဘောင်သို့
ဝင်ခြင်းဖြစ်သည်တဲ့...။သား/သမီးတွေကို မြင်တိုင်း ဇနီးသည်ကို သတိရသည့် ဝေဒနာကို
မခံစားနိုင်တော့တဲ့ ဘကြီးဟာ ဥစ္စာ စည်းစိမ်..ရာထူး..သား/သမီးများကို စွန့်ပြီး
သာသနာ့ဘောင်သို့ အပြီးအပိုင် ဝင်သွားခဲ့တာ အခုချိန်ထိပါပဲ....
တော်တော်အစွဲအလန်းကြီးတဲ့ ဘကြီးကို ချစ်တတ်လွန်းသူဟု ချီးကျူးရမည်လား..တစ်ကိုယ်ကောင်းဆန်သူ
ကိုယ်လွတ်ရုန်းသွားသူ ဟုအပြစ်တင်ရမည်လား .....။
ဒုတိယတစ်ယောက် ကတော့ ကျမတို့ရပ်ကွက်ထဲမှ ကားဝယ်ရောင်းလုပ်သူ အသက်(၄၀)ခန့်ရှိ
ကိုမင်း ဆိုသူပါ..။အသက် (၁၂)နှစ် နှင့် (၁၄)နှစ် အရွယ် သမီး(၂)ယောက်နှင့် အလွန်ချောသော
ဇနီးသည်ကို ပိုင်ဆိုင်ထားသူလည်းဖြစ်သည်...။
ဇနီးသည်အား အရိပ်တကြည့်ကြည့်နှင့် အမြဲတန်းသဝန်တိုနေတတ်သည်...။
တစ်နေ့...ဇနီးသည် ကလေးဖျက်ချရင်း အသက်ဆုံးခဲ့ရသည် ..ကိုမင်းတစ်ယောက် ဇနီးသည်၏ ဇာပနတွင် အရူးတစ်ယောက်ကဲ့သို့..အလောင်းအားဖက်ငိုခြင်း..ဆွဲလှုပ်ရမ်းခြင်း
..ဇနီးသည်၏ မျက်နှာအား အကြိမ်ကြိမ်ငုံ့၍နမ်းပုံများကို ကျမမျက်စိထဲတွင် ယ္ခုထိမြင်ယောင်နေဆဲ....။
နာရေးကိစ္စများပြီး၍ (၃/၄)လ အကြာတွင်..ကိုမင်းတစ်ယောက် နောက်အိမ်ထောင်ပြုသည့်
သတင်းကို ကြားလိုက်ရသည်...။သူ့အကြောင်းပြချက်ကတော့..ကွယ်လွန်သူ ဇနီးသည်က
ပြစ်သွားခြင်းကို မခံစားနိုင်၍ နောက်အိမ်ထောင်ပြုပြီး အစားထိုးလိုက်ရခြင်းဖြစ်သည်တဲ့....
ကိုမင်း ကိုလည်း ရှေ့က ဘကြီးကဲ့သို့ပင် သစ္စာမရှိသူ...ဟုအပြစ်တင်ရမည်လား...
ဇနီးသည်ကပြစ်သွားသော သနားစရာလူတစ်ယောက်အဖြစ် ဂရုနာသက်ရမည်လား...
မည်သို့ပင်ဖြစ်စေ..ထိုသူနှစ်ဦးစလုံးတွင် တူညီသောခံစားချက်နှင့်..မတူညီသော
ဆုံးဖြတ်ချက် ကိုယ်စီရှိနေကြသည်ကိုမူ........................................။
စာဖတ်သူများအနေနှင့်..အထက်ပါ တစ်ကယ့်ဖြစ်ရပ် ဇာတ်လမ်းအတွင်းမှ ...
ထိုသူနှစ်ဦး၏ နေရာတွင် ဝင်၍ခံစားကြည့်ပါက..မည်သို့ဆုံးဖြတ်ကြပါမည်နည်း....
လူတိုင်းတွင် တူညီသောခံစားချက်များရှိတတ်သလို..မတူုညီသောဆုံးဖြတ်ချက်များ
ရှိနေမည်ကို...ကျမ အကြွင်းမဲ့ယုံကြည်ပါသည်...။

2 comments:

ချစ်ကြီး said...

ကောင်းပါတယ်..အတွေးလေးတွေ။

Anonymous said...

ကျနော်ဆိုရင် ကလေးတွေကလည်း ချစ်သူနဲ့ တည်ဆောက်ခဲ့တဲ့ အသိုက်ကလေး ရဲ့ ရလဒ်မို့.ချစ်သူကို သတိယနေရင်း ကလေးတွေကို ပြုစုမယ်.ကလေးတွေ အရွယ်ရောက်လာရင် အိမ်ထောင်ပြုရင်လည်း ပြု ဒါမှမဟုတ် ၀ါသနာပါရာ တရားအားထုတ်ခြင်းပြုရင်လည်း ပြု.ပေါ့..အဲ့လိုနေမယ်.လို့မြင်ပါတယ်..နတ်သမီးရေ...

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger