
ငါ... ဖြတ်သန်းခဲ့တဲ့“ဘဝ”
လမ်းကြမ်းကြမ်းမှာ
မင်းလက်ကို တွဲလို့
ရင်ဆိုင်ကျော်လွှားချင်တဲ့
ငါ့ရဲ့“ဆန္ဒတစ်စုံ”နဲ့
ငါ့ရဲ့အိပ်မက်တွေ ရှင်သန်လာခဲ့တယ်
အိပ်မက်က နိုးထလာချိန်မှာ
မဝံ့မရဲနဲ့
မင်းကို.. ငါ အကြည့်
တွေဝေနေတဲ့
မင်းရဲ့မျက်ဝန်းတစ်စုံနဲ့
ငါ့ရဲ့ ဆန္ဒတစ်စုံတို့
စီးချင်းထိုးနေကြတယ်
ပန်းခင်းတဲ့“လမ်း”ဆိုတာ
ငါ့ဘဝမှာ...မရှိ
ငါလျှောက်တဲ့လမ်း
ပျော့ပျောင်းတဲ့“ဖယောင်းလမ်း”တော့မဟုတ်ဘူး
ကြမ်းတမ်းတဲ့“ခယောင်းလမ်း”
အဲဒီ... ဆူးခင်းတဲ့“ဘဝလမ်း” မှာ
မင်း...
ငါ့လက်ကိုဆွဲလို့
ရဲရဲလျှောက်ရဲတယ်ဆိုရင်
“ဝင်လာခဲ့”
ငါ့ဘဝထဲကို.......။
3:28 PM
လင်းထက်
Posted in: 

Nicosia Time
1 comments:
အားပါး။ ၀င်လာခဲ့လို့ ခေါ်တဲ့ကဗျာကလည်း နဲနဲလေသံပြင်းသလိုပဲနော်။ မလာရင် တစ်ခုခုများ လုပ်တော့မလားလို့ ခံစားရတယ် ... ကဗျာကို။
Post a Comment