

တစ်ခါတစ်လေ...ကျမလေ....
ဟိုတည်ကြီးတွေထဲက ရေပူ/ရေအေး တွေမလို
ဘာမှ “မသိနားမလည်တဲ့သူ တစ်ယောက် ဖြစ်ချင်တယ်...။
အေးချမ်းတဲ့ ဘဝ” ဆိုတာ ဘာကို ခေါ်တာလဲ“ပြည့်စုံကြွယ်ဝတဲ့ ဘဝ” ဆိုတာကရော...ဘယ်လိုအရာမျိုးလဲ
ဆူပါမတ်ကက်ကြီးတွေက အလှဆုံးအင်္ကျီတွေမလို
နာမည်ကြီး စားသောက်ဆိုင်တွေက အစားအစာတွေမလို
စိုးရိမ်ကြောင့်ကျမှုတွေ မရှိတဲ့....သူတို့ရဲ့ ဘဝဟာ
ကျမတို့ရဲ့ဘဝတွေထက် ပိုပြီး
အေးချမ်း..ပြည့်စုံလိမ့်မယ်ဆိုတာ
ကျမလက်ခံခဲ့ပေမဲ့
တစ်ကယ့်လက်တွေ့မှာတော့
“လောဘ”ဆိုတဲ့...တပ်မက်ခြင်း
သံသရာဝဲထဲကနေ.....လွတ်ဖို့ဆိုတာကတော့......
ဝေး...................................။
1 comments:
ငယ်ရွယ်က ကလေးတို့ဘ၀မှာ ပျော်ပါးဖို့ရာလွယ်ပါတယ်.. စားချိန်တန်ဝင်စားမယ်. အိပ်ချိန်တန်ဝင်အိပ်မယ်..
အပူပင်ကင်းတဲ့ကလေးလေး ဘ၀ကိုတစ်ခါပြန်ပြီးရချင်သေးတယ်.. အပြစ်မသိသေးတဲ့ ကလေးလေးဘ၀ကို တစ်ခါပြန်ပြီးရချင်သေးတယ်..
အဲဒီလို.. ဦးခမ်းလိတ်ရဲ့ စာသားထဲက အတွေးအခေါ်နဲ့ခပ်ဆင်ဆင်ပါလား..
Post a Comment