Sunday, August 9, 2009

ရှင်သန်နေဆဲ.....ည


ရှင်သန်ခဲ့တဲ့
ည တွေ... ည တွေ....
အခုတော့
ခပ်စိမ်းစိမ်း ငါ့ကိုကြည့်လို့
မသိသလို နေတတ်ခဲ့ပြီ

လွင့်မျောလာတဲ့
ဂီတသံစဉ်တွေကြား
နှစ်ယောက်သား
ခံစားဖူးခဲ့တဲ့
အဲဒီ အချိန်တွေ.....
အခုတော့ သံစဉ်မဲ့ခဲ့ရပြီ

နှလုံးသားထဲ
စိမ့်ဝင်ခဲ့ဖူးတဲ့
အထိအတွေ့
အယုအယတွေကြားမှာ
ငါတို့...သာယာဖူးခဲ့ပေမဲ့
အခုတော့
ငါတို့ ကိုယ်မှာ
အဆိပ်တောက်ဖြစ်ခဲ့ရပြီ

ဘာတွေ ဘယ်လိုပဲ...ပြောင်းလဲ ပြောင်းလဲ
မပြောင်းလဲ တာက ....“ည”
အဲဒီ“ည” ကတော့
အခုထိ
ဆက်လက်ရှင်သန်နေဆဲ

2 comments:

Anonymous said...

ထာဝရ ရှင်သန်နိုင်ပါစေ ညီမရေ...

အရုပ်ကလေး said...

အမှောင်တစ်ခွင်ကို ခေါ်ဆိုပြုတဲ့ည
အလင်းစက်တွေနဲ့ အလျင်းဖြတ်ရင်တောင်
ကြည်နူးခဲ့တဲ့ နှစ်ကိုယ်တူနေ့ရက်ဟာ
ခပ်ရေးရေးသာကျန်လို့
င့ါညတွေ အလင်းကွယ်ပျောက်နေတယ် ..

သံစဉ်ကြား နင့်နင့်လေးလွမ်းလို့
တစ်ခါပြန် နားဆင်တိုင်း
တရိပ်ရိပ်နဲ့ ဟိုး .. အဝေးကတိမ်စိုင်လို
လွင့်ပျယ်လို့ပျောက်ကွယ်
င့ါစိတ်နယ်ပယ်တစ်ခုမှာ
သံစဉ်မဲ့ နေ့ရက်တွေနဲ့
ဆောင်ကျဉ်းသွားတဲ့ င့ါဘ၀ကြား
အခုတော့ သဲ့သဲ့လေးလွမ်းနေတယ်
တစ်ချိန်က ညတွေကို ...။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger