
“နောင်ဘဝအထိ ချစ်ချင်တယ်”...တဲ့...
ရှင်ပြောခဲ့တယ်နော်....
နောင်ဘဝဆိုတာ မရှိခဲ့ရင်ရော
အဲဒါဆိုရင် ရှင် ရှုံးပြီပေါ့
ကျွန်မကတော့ မရေရာ မသေခြာတဲ့
“နောင်ဘဝ” ဆိုတာကြီးကို မမျှော်လင့်ချင်ပါဘူး.... ။
လက်ရှိဖြစ်ပေါ်နေတဲ့ ဘဝမှာပဲ ရှင့်ကို
အစွမ်းကုန်ချစ်ပစ်လိုက်ချင်တာပါ
ပြီးတော့....
လက်ရှိဘဝမှာတောင်
လက်ရှိအခြေအနေတွေနဲ့
နောင်ဖြစ်လာမဲ့ အခြေအနေတွေဟာ
ကျွန်မတို့ ထင်ထားသလို မျှော်မှန်းထားသလို
ဖြစ်ချင်မှဖြစ်လာမှာလေ.....
ကျွန်မကတော့ မနက်ဖြန်ကို မယုံချင်ဘူး
အဲဒီတော့...
မနက်ဖြန်မရှိလည်း
ဝမ်းမနည်းတဲ့
ကျွန်မအတွက်
“မနက်ဖြန်အစား”...
ဒီနေ့ပဲ...
ရှိသမျှအချစ်တွေ ရှင့်ကိုပေးလို့....
အစွမ်းကုန်ချစ်ပစ်လိုက်တော့မယ်..။
3 comments:
အစွမ်းကုန် ချစ်နိုင်ပါစေလို့ ဆုတောင်းပေးနေပါတယ် “မ” ရေ......
ခံစားမှု စာစုလေးထင်ပါတယ် ... တောင်းဆုတွေ
ပြည်.၀ပါစေလို. ဆုတောင်းပါတယ် ခင်ဗျ ....
နက်ဖြန်ထိတောင်မစောင့်တော့ပဲ ဒီနေ့ပဲအစွမ်းကုန်ချစ်လိုက်
တော့ (မ) နမ်းမ၀ (နတ်သမီး) လေးရေ...ခင်မင်စွာဖြင့်:)
Post a Comment