သူနဲ့အဲဒီကောင်မလေး ဝေးသွားခဲ့ကြတယ်။ကောင်မလေး သေသွားတာတောင်မှ..သူမသိခဲ့ရတဲ့ သူ့ရဲ့ဘဝအကြောင်းလေးကို ကျွန်မဝင်ခံစားရင်း သူ့ကိုချစ်မိသွားတယ်ဆိုရင် ...ကျွန်မကိုစိတ်ကူးယဉ်ဆန်တယ်လို့ပြောကြမလားပဲ..။ ဟုတ်တယ်...သူသိပ်တန်ဖိုးထားတဲ့
သူ့ချစ်သူလေး..သူ့ဘဝထဲကနေ နှုတ်မဆက်ပဲ အပြီးအပိုင်ထွက်ခွာသွားခဲ့တာ...သူ့အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးပဲပေါ့..။
ကျွန်မ..သူ့ကိုသနားတယ်..သူ့ရဲ့ခံစားချက်တွေကို မျှဝေပေးချင်လာတယ်..။
ဝမ်းနည်းပူဆွေးနေတဲ့..သူ့ကိုပျှော်ရွှင်မှုတွေဖန်တည်းပေးချင်လာတယ်..။
ခံစားတတ်လွယ်တဲ့ကျွန်မ၊ စာပေ ..အနုပညာကို ရူးသွပ်တဲ့ ကျွန်မ၊ သူရေးတဲ့ ဝတ္ထုတစ်ပုဒ်ကိုဖတ်ပြီး ရူးသွပ်ခဲ့ရတယ်..၊။ မဟုတ်ဘူး...အဲဒါ ရူးသွပ်တာမဟုတ်ဘူး....၊ ခံစားတတ်တာ...၊ကျွန်မရင်ထဲကို သူရောက်လာတဲ့အထိ ဝင်ခံစားပေးခဲ့တာ....။
သူ့ကိုသနားတယ်....
သူလွမ်းနေတယ်...
ကျွန်မလည်း လွမ်းနေတယ်....
သူနဲ့ကျွန်မကြားမှာ....“အလွမ်း” ဆိုတာမရှိခဲ့ရင်....သူ့ကိုကျွန်မချစ်ခဲ့မိမှာမဟုတ်ဘူး....
အဲဒီနေ့“စ”ပြီး...သူ့ရင်ထဲကို ကျွန်မ အတင်းဝင်တိုးခဲ့တယ်...
သူလည်း...ကျွန်မရင်ထဲကိုရောက်လာခဲ့တယ်...
သူ့ရဲ့အိပ်မက်ကလေး..ကျွန်မဖြစ်လာခဲ့တယ်...
သူနဲ့ကျွန်မသိပ်ချစ်ကြတယ်..
သူ့အကြည့်တွေအောက်မှာ ကျွန်မနစ်မြုတ်ခဲ့တယ်..
သူ့အချစ်ရင်ခွင်ပေါ်မှာ အချစ်ကဗျာတွေ ရေးခြစ်ခဲ့တယ်..
သူ့ဆီက အလွမ်းတွေကို ကျွန်မဖယ်ထုတ်နိုင်ခဲ့တယ်..
သူ့ရဲ့ထွက်သက် ဝင်သက်လေနဲ့ ကျွန်မအသက်ရှုရင်း...
မနက်ဖြန်ဆိုတာကိုတောင် ကျွန်မမေ့နေခဲ့တယ်...
သူ့ဆီက အချစ်တွေအကုန်လုံး ကျွန်မ မရခဲ့ရင်တောင်..
ကျွန်မရေးခဲ့တဲ့ ဒိုင်ယာရီ စာရွက်ဖြူဖြူလေးပေါ်က
ကျွန်မဘဝရဲ့ အချစ်စာမျက်နှာ“အစ”....
သူ့အတွက်ရေးခဲ့တာကတော့...ဖြူစင်ရိုးရှင်းတဲ့ ကျွန်မရဲ့အချစ်...
သူတစ်ယောက်ထဲအတွက်ဆိုတာကို...သူ...အသိအမှတ်ပြုယုံနဲ့တင်...
ကျွန်မလေ..........
8 comments:
မမရေ..တကယ်ချစ်တော့ တကယ်လွမ်းရတာပေါ့နော်..
မမ ချစ်တဲ့ သူနဲ့  အမြဲပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်....
ဖတ်သွားတယ် ခင်ဗျ ........
အဆင်ပြေပါစေဗျာ
ကြည်နူးစရာ ကောင်းတဲ့ နတ်သမီးလေးရဲ့ ဒိုင်ယာရီ ပါပဲ ...... ပျော်ရွှင်ပါစေနော် ...
ဒိုင်ယာရီလေးက ချစ်ခြင်းရဲ့ရနံ့တွေသင်းလို့......နေရာတိုင်း
မှာလည်း ရင်ခုန်သံတွေ.......အားပေးနေပါတယ်...:))
အဖြူရောင်နတ်သမီးလေးရေ....
အချစ်တွေနဲ့ နွေးထွေးပြည့်စုံနေတဲ့ ဒိုင်ယာရီလေးကို ဖွင့်ဖတ်သွားပြီနော်..........
ပျော်ရွှင်ချမ်းမြေ့ပါစေ.......
ခင်မင်စွာဖြင့်
နှင်းဟေမာ
အဖြူရောင်နတ်သမီး ရေ.......
ကြည်နူးစရာလေးတွေပြည့်နှက်နေတဲ့
ဒိုင်ယာရီလေးကို ဖွင့်ဖတ်သွားပြီနော်
ခင်မင်စွာနဲ့
နှင်း
ညီမလေးက ချောလိုက်တာ ဂရိလို အတော်တတ်ပြီလား
ကာရီ ပယ်ရာနော်
ညီမချောချောလေးရေ ဂရိလို အတော်တတ်ပြီလား
ကာရီ ပါယ်ရာနော်
Post a Comment