နှင်းတွေကျနေပြီချစ်သူ...
ပင်လယ်ကမ်းခြေက
ငါတို့ထိုင်နေကျ ခုံတန်းလေးမှာ
အခုတော့..ငါတစ်ယောက်ထဲပေါ့....။
လေထဲမှာ ဝေ့ဝဲပျံသန်းနေတဲ့
ငါ့ရဲ့ဆံနွယ်တွေလည်း
သူတို့ကိုပွတ်သတ်ကျီစယ်မဲ့
သူတို့ရဲ့သခင်ကိုလွမ်းနေကြပြီ....။
နင်နဲ့တွေ့ရင်...
အမြဲတန်း အေးစက်နေတတ်တဲ့
ငါ့ရဲ့လက်ချောင်းကလေးတွေလည်း
သူတို့ကိုနွေးထွေးအောင်လုပ်ပေးတတ်တဲ့
သူတို့ရဲ့သခင်ကိုမျှော်ရင်း
ခိုက်ခိုက်တုန်အောင်ချမ်းနေကြပြီ....။
ကောင်းကင်က သာနေတဲ့ လမင်းကြီးလည်း
ငါ့ကိုငုံ့ကြည့်ရင်း
ငိုမဲ့မဲ့ဖြစ်နေခဲ့ပြီ....။
ငါ...သူတို့ကိုနှစ်သိမ့်ရင်း
ပြည့်လျှံတက်လာတဲ့
ငါ့မျက်ဝန်းထဲက
မျက်ရည်တွေကို အသိမ်းမှာ
ရုတ်တရက် ကြွေကျသွားတဲ့
မျက်ရည်တစ်စက်နဲ့...
ကောင်းကင်ပေါ်က
ငါ..ဆုတောင်းဖို့ ခြွေချလိုက်တဲ့
ကြယ်တစ်စင်းတို့
မမြင်ရတဲ့ဆုံမှတ်တစ်ခုမှာ
ဆုံတွေ့ကြတဲ့အချိန်...
လျှပ်တစ်ပျက်..
ငါ...ဆုတောင်းမိလိုက်တာကတော့
“နင်...ငါ့ဆီကို အမြန်ပြန်လာပါ...”....
7 comments:
မြန်မြန် ပြန်လာနိုင်ပါစေဗျာ။ ဆုတောင်း ပြည့်မှာပါ။
ပြန်နိုင်လာမှာပါ တစ်ချိန်ချိန်မှာပေါ့ . . . . အတိုင်းအတာတစ်ခု ထိတော့ အချိန်ကို စောင့်ရမှာပေါ့ . . . .ဆုတောင်းပေးလိုက်ပါတယ်ဗျာ မြန်မြန်ပြန်လာ နိုင်ပါစေလို့ . . . . .
မြန်မြန်ပြန်လာနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ
အချိန်လေးတစ်ခုတော့ စောင့်ရမှာပေါ့ဗျာ . . . ဒီလိုပါပဲ ကျွန်တော်လဲ ကျွန်တော်ကောင်မလေးဆီ ပြန်သွား နိုင်ဖို့ အချိန်ကာလ တစ်ခုကို စောင့်နေရဆဲပါပဲ
. . . ဆုတောင်း ပြည့်မှာပါ
ဆုတောင်းပေးလိုက်ပါတယ် မြန်မြန်ပြန်လာနိုင်ပါစေလို့ ကဗျာလေး ကောင်းတယ် အားပေးနေဦးမှာပါ
ဆုတောင်းပေးလိုက်ပါတယ် မြန်မြန်ပြန်လာနိုင်ပါစေလို့ ကဗျာလေး ကောင်းတယ် အားပေးနေဦးမှာပါ
အားပေးနေပါတယ် နတ်သမီးလေးရေ...မြန်မြန်ပြန်လာနိုင်ပါစေလို့ 
မိုးစက်လေး ဆုတောင်းပေးပါတယ်ချင့်.
ချစ်သူရေ... မြန်မြန်ပြန်လာခဲ့ပါ။
ဒီမှာနေထိုင်မကောင်းလဲ ဖြစ်နေပါတယ်။
ဆေးလေးတစ်ခွက်တော့ လာတိုက်ပေါ့။
ဟဲဟဲ။။
ချစ်သူ.. အမြန်ဆုံးပြန်လာပါစေနော်။
Post a Comment