ငါ...
အလုပ်သွားဖို့ မှန်တင်ခုံရှေ့မှာထိုင်ပြီး အလှပြင်ဖို့လုပ်တုန်း...
မှန်ထဲက ငါ့ရဲ့ပုံရိပ်ကို အမှတ်တမဲ့ ကြည့်လိုက်မိတယ်...
သူ..ငါ့ကိုကြည့်နေတယ်..ငါလည်း သူ့ကိုကြည့်နေမိတယ်...
သူ့ရဲ့မျက်ဝန်းအိမ်ထဲက လွမ်းဆွေးမှုတွေကို ငါ..တွေ့နေရတယ်..
ခနကြာတော့...သူ့မျက်ဝန်းအိမ်ထဲက မျက်ရည်တွေ လိမ့်ဆင်းကျလာတယ်..
ငါ..သိပါတယ်...
ဒီအချိန်ဆိုရင်..နင်နဲ့ ငါ..တွေ့နေကျမို့...
နင့်ကိုငါ..လွမ်းမိသွားတာ..မှန်ထဲက သူ..သိနေတယ်လေ...
ဟုတ်တယ်...ငါ..နင့်ကိုလွမ်းနေတယ်...
ဒါပေမယ့်..အဝေးကြီးမှာပဲ ငါ..နေတော့မယ်...

5:41 PM
လင်းထက်

Posted in: 

Nicosia Time
3 comments:
မှန်ရှေ့နားမှာ ကြာကြာငါမရပ်ရဲပါ..မျက်နှာချင်းဆိုင်က ငါ့မဟုတ်တာကွာ..
ဟန်ထူးလွင်သီချင်း ညည်းဖြစ်သွားပါတယ်
လူတောင်လွမ်းသွားပြီ၊ဒါပေမယ့် လွမ်းစရာရှာဦးမယ်ဗျာ :P
တန်တော့ တန်တော့ တော်တော့ကို တော်တော် ဖြစ်နေပုံရတယ်အဟီး ပြောစရာမရှိ ရှာကြံပြောသွားတား))တကယ်တော့ အဲ့ဒီ့ လွမ်းတယ်ဆိုတာ ကြီးကိုက ခံရခက်ကြီးကိုးဗျ ငိုပဲငိုချရမလို ထပဲပြေးရတော့မလို ဟိုလိုလို ဒီလိုလိုနဲ့ ဘာလိုလိုကြီးမှန်းကို မသိပါဘူး
ယုံဘူး ဂျီးတော်ရာ မှန်ကိုများ အမှတ်တမဲ့ ကြည့်သတဲ့။
Post a Comment