Wednesday, October 7, 2009

တိမ်တိုက်လေးပြောပေးပါ....



သိပ်ဆိုးတဲ့..နင်

ငါ့ကိုချစ်တယ် နင်ပြောခဲ့တုန်းက

ပွင့်နေတဲ့ပန်းကလေးတွေပိုမွှေးခဲ့ဖူးတယ်..။

ငါ့လက်ကိုစွဲလို့နင်လမ်းလျှောက်ထွက်ခဲ့တုန်းက

တိမ်တွေကင်းပြီးကြည်လင်ခဲ့ဖူးတယ်.....။

ငါ့နှဖူးလေးကို ဖွဖွလေး နင်နမ်းခဲ့တုန်းက

ငါတို့ဘေးက မြက်ခင်းစိမ်းလေးယိမ်းနွဲ့သွားခဲ့ဖူးတယ်...။

နင်..ငါ့ကိုသီချင်းဆိုပြခဲ့တုန်းက

ပင်လယ်လှိုင်းလုံးလေးတွေတောင်

ငြိမ်သက်ပြီး နားထောင်ခဲ့ကြဖူးတယ်....။

နင်...သိပ်ဆိုးတယ်.........ငါ့ကိုထားခဲ့တယ်.....

ငါအပါအဝင်

ကောင်းကင်ကြီးရဲ့အောက်က

ပိုမွှေးခဲ့ဖူးတဲ့ ပန်းကလေးတွေရယ်

အနမ်းတွေခြောက်သွေ့လုဆဲဆဲ နှဖူးလေးရယ်....

မြက်ခင်းစိမ်းလေးနဲ့ ပင်လယ်လှိုင်းလုံးလေးတွေကပါ...

နင့်ကိုလွမ်းနေကြတယ်...။

http://www.youtube.com/watch?v=wZs-pqj3THk

ငါ..နင့်ကိုလွမ်းနေတဲ့အကြောင်းကို...တိမ်တိုက်လေးက...ပြောပြပါလိမ့်မယ်....။

4 comments:

နိုင်နိုင် said...

မမဖြူရေ
ဘဝတွေဘယ်လိုကြမ်းကြမ်း
အနမ်းဆိုတာရှိခဲ့မှာပဲ
အလွမ်းဆိုတာရှိမှာပဲ
နမ်းခဲ့ဖူးတဲ့နှဖူး
မွှေးခဲ့ဖူးတဲ့ပန်း
တချိန်ကျရင်လန်းဆန်းမှုဆိုတာ
ဘာလဲလို့မေးကြည့်
ဝေဝါးဝါးမှတ်မိရင်
မမဖြူရေ.....?

နိုင်နိုင် said...

တွေ့ရင်တော့ပြောပြချင်တယ်
ဘယ်သူဘယ်ဝါရယ်လို့
အဖြေရှာမရတဲ့ကျနော်ပါ
တကယ်ဆို
မွှေးခဲ့ဖူးတဲ့ပန်း
နမ်းခံဖူးတဲ့နှဖူးလေး
တွေးမနေပါနဲ့
ခံစားချက်မဲ့တဲ့
စကားလို့ဆိုချင်ဆို
ဘဝကိုဘယ်သူမှ
လှပအောင်ဆေးမခြယ်နိုင်ဘူး။ ။

ကျနော်လဲခံစားတတ်ပါတယ်ဗျာ

မိုးစက်အိမ် said...

စာသားလေးတွေကတော. အမြဲနူးညံ့နေတာဘဲဗျာ ... တကယ် ကဗျာဆန်ပါတယ် :)

နွေဆူးလင်္ကာ said...

ဟုတ်ပ သိပ်ဆိုးတယ် ... ထားခဲ့ရတယ်လို့။ ရဲသာတိုင်ပစ်လိုက်ဗျာ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger