ရင်ထဲက အလွမ်း
နှလုံးသားလေး သိနေပြီ....
ပါးပေါ်က အနမ်း
စိုစွတ်ခြင်းတွေ ဝေးခဲ့ရပြီ...
ခေါင်းအုံးပေါ်ကို ကျတဲ့မျက်ရည်
ခေါင်းအုံးအောက်က ဒိုင်ယာရီလေးသိနေပြီ...
စောင့်မျှော်ရတဲ့ နှစ်..လ..ရက်တွေ
ပြက္ခဒိန်လေးတောင် သိနေပြီ...
ပြန်လာပါ...မောင်...
တမ်းတသူ ဒီရင်မှာ
အလွမ်းမီးတွေ တောက်လောင်လှပေါ့...
နှလုံးသား နွေရာသီမှာ
နွမ်းခြောက်ခဲ့ရတဲ့
အချစ်သစ်ရွက်လေးတွေ
ပြန်လည်မလန်းဆန်းနိုင်တော့ပေမဲ့...
မျှော်လင့်ခြင်း ဆိုတာကတော့
ရပ်တန့်လို့ မရနိုင်တာမို့...
မောင်...ပြန်မလာမှန်း သိပေမဲ့...
ဆွေးတတ်သူ ကျွန်မအတွက်
မျှော်လင့်ခြင်း စမ်းချောင်းလေးတစ်ခုတော့
ဆက်လက်စီးဆင်းခွင့်ပြုပါ....မောင်...။
(နမ်းမဝ)
7 comments:
နတ်သမီးလေးရေ...ရင်ထဲကအလွမ်းလေးကိုငေးမောသွား
ပါတယ်...
လွမ်းသွားတယ်ဗျာ..တကယ်..ဒါနဲ့ ပုံက
မမနတ်သမီးပုံလား..
အဲ ... သူလည်း လွမ်းနေတာပါလား ၊
တွေ့ရင်ပြောပြ လိုက်မယ်နော်... လွမ်းနေပါတယ်လို့ :)
နူညံ့ သိမ်မွေ့လိုက်တဲ့ ကဗျာလေး
ခံစားသွားပါတယ် မမရေ...
တဂ်ထားပါတယ် .... အားရင်ဖြေပေးဦးနော်
နှင်း
ကဗျာလေးက လွမ်းဆွတ်မှုတွေအပြည့်နဲ့ပါလား....
ပျော်ရွှင်ပါစေဗျာ...
နမ်းမ၀တဲ့လား... ဘယ်သူတုန်းဗျ.... နာမည်လေးက ဟဲဟဲ..လှတယ်နော်...
“နှင်းလေး”..ရေ...
ဇြေပေးထားမယ်နော်...။
“နမ်းမဝ”...နဲ့ ...“အဖြူရောင်နတ်သမီး”...တစ်ယောက်ထဲပါပဲ...မျက်စိလည်ကုန်မှာစိုးလို့....။
ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ ဓာတ်ပုံလေးတွေပါ...“ရှောက် နဲ့ ဂေါက် ရေ...။
သြော်..နတ်သမီးကလဲနော်
အိပ်နေတဲ့ပုံတောင်မနေရပါလား..
အနုပညာကိုဝါသနာကြီးလွန်းတဲ့အတွက် လေးစားမိပါတယ်..။ :)
Post a Comment